လွမ်းမိသေးတယ်…Hippocrates (အပိုင်း-၁)

maungmoenyoOctober 11, 20101min802

အမေရိကားရောက်မြန်မာလူနာတယောက်အကြောင်း

အမေရိကမြေရောက်ကတည်းကဆေးရုံဆေးခန်းဘက်သို့မိမိကိုယ်တိုင်အတွက်ခြေဦးပင်မလှည့်ဘူးသောမောင်မိုးညိုတယောက်၊ တလောကအရေးပေါ် (ER)သို့ဆိုက်ဆိုက်မြိုက်မြိုက်ကြီးရောက်သွားပါသည်။ register တွင်စာရေးသွင်းပြီး၊ကြားဘူးနားဝရှိသည့်အတိုင်းကိုယ့်ကိုခေါ်မည့်အလှည့်ကိုစောင့်ရင်း (၂ နာရီလောက် တော့ကြာသွားပါသည်) ပါတ်ဝန်းကျင်ကိုမျက်စိကစားမိပါသည်။ ကိုယ့်ထက်မနာရင်သာနေရမည်၊ကိုယ့်လောက် တော့နာကြသူတွေချည့်ပင်။ ဟော – ခေါ်ပါပြီ။ ပထမကိုယ့် insurance card ကိုပေးရင်းသူပြန်ပေးလာသော စာရွက်တထပ်ကြီးကိုဝေဒနာကြားမှကြိုးစားဖြည့်စွက်ပြီးပြန်ပေးလိုက်ပါသည်။ စာရေးသူ၏စာရွက်စာတမ်းများ ကိုကွန်ပြူတာပေါ်မှသေသေခြာခြာစစ်ဆေးရင်း၊ လိုအပ်လျင်နောင်တောင်းခံမည်ဖြစ်ကြောင်း (လက်မှတ်ထိုးဝန်ခံထားသည့်ကြားမှ) ထပ်မံသတိပေးလိုက်ပါသည်။ နောက်-ထုံးစံအတိုင်ဆက်စောင့်ရပါသည်။ မကြာမှီ nurse တဦးကကြိုးစားပြုံးရယ်ရင်းအတွင်းကုတင်ခန်းတခုဆီသို့ဦးဆောင်သွားပါသည်။ သူခေါ်ရာသို့ ဝေဒနာကြားမှကြိုးစားလိုက်ရင်းသူမေးသော ဘာ medical group လဲ၊ ဘာ insurance လဲ၊ primary doctor ကဘယ်သူလဲ စသောထပ်မံမေးခွန်းများကိုဖြေရပြန်ပါသည်။ ကုတင်ပေါ်ဝေဒနာကိုပိန့်လှိမ့်ခံရင်း နောက် Nurse တဦးကအဖျားတိုင်းခြင်းသွေးပေါင်ချိန်ခြင်း နှင့်လိုအပ်သောကုသမှုကိုလက်ခံကြောင်းလက်မှတ်ရေးထိုးခိုင်း ပြန်ပါသည်။ (အရေးပေါ်ရောက်လာမှတော့သူတို့ပြုသမျှနုပါမည့်အကြောင်းလက်ခံထားပြီးမဟုတ်ပါလား။) ဟော – ဆရာဝန်ကိုဖူးတွေ့ရပါပြီ။ ရောဂါခံစားရမှုကိုအိပ်သွန်ဖာမှောက်ပြောမည်ဟုပြောမည်ကြံကာရှိသေးသည်၊ ဆရာဝန်ကလက်ကာပြရင်း ဖေါ်ပြခဲ့သော “ဘာလဲ၊ ဘယ်သူလဲ”စသောမေးခွန်းများကိုမေးပြန်ပါသည်။ မယုံနိုင်ဘွယ်ပင်။ ပြီးမှရောဂါအကြောင်းကို စက္ကန့်အနဲငယ်သာဆွေးနွေးပြီးဟိုသည်စမ်းသပ်၍ nurse ကိုညွှန်ကြားကာနေရာမှအမြန်ထွက်သွားပါသည်။ စာရေးသူ၏မတောက်တခေါက်သောဗဟုသုတဖြင့်ဟိုဟာ မလုပ်ဘူးလား၊ဒီဟာမလုပ်ဘူးလားဟု nurse ကိုမေးသောအခါ၊မျက်လုံးများပြူးကျယ်လာလျက် ER coverage တွင်မပါသဖြင့်ယင်းကိစ္စများကိုမိမိဆရာဝန်နှင့်ဆက်လက်ပြသရန်ပြောပါသည်။ ပြန်အထွက်တွင် စာရေးမကို co-payment မေးမြန်းပြီးပေးခဲ့ရပါသည်။ ဤကားယနေ့ကမ္ဘာ့အတိုးတက်ဆုံးနိုင်ငံကြီးတခု၏ကျန်းမာရေး စောင့်ရှောက်မှုအခြေအနေမြင်ကွင်းပင်။

(မှတ်ချက် – Hippocrates ဆိုသူကားဆေးပညာနှင့်ဆေးလောကတခုလုံး၏ဖခင်ကြီးတဦးဖြစ်သကဲ့သိုဆေးပညာရှင်အားလုံတို့ဘွဲ့ဒီဂရီယူကြရာတွင်သူ၏ကျမ်းစာကိုကြီမ် ဆိုကြရပါသည်။)

2 comments

  • moethidasoe

    October 13, 2010 at 5:14 am

    သူတို့ပြည်မှာက အာမခံ ဆိုတာ ပို အရေးကြီးတယ် .. အာမခံ မရှိရင် အားလုံး ကိုယ်ပေးပဲ .. ဒါကို စီးပွားရေး သဘောတရားအရ .. သေချာအောင် လုပ်ကြတယ် .. ဒါကြောင့် သတ်မှတ်အချိန်အတွင်း ပြီးအောင် စမ်းတာထက် ငွေရေးကြေးရေး ..သေချာသထက် သေချာအောင် လုပ်ရတယ်လေ

  • maungmoenyo

    October 14, 2010 at 7:17 pm

    mothidasoe..ေ၇။ မှန်လိုက်လေ။ ဒါကြောင့်ပြောတာ…”အာမခံ”ဆိုတိုင်းအာမမခံဘူးဆိုတာ။ ဒါတွေသင်္ခန်းစာကောင်းကောင်းယူပြီးကိုယ့်တိုင်းပြည်မှာခုချိန်ပြုပြင်မှုတွေလုပ်သင့်ပြီမဟုတ်ပါလား။ “Treat patient as a person” ဆိုတာဆရာဝန်တိုင်းလက်ကိုင်ပြုနိုင်ရင်မကောင်းဘူးလား။

Leave a Reply