အံ့ဩမကုန်နိုင်ဖွယ်

wunnaOctober 12, 20101min1197

ဒီဆိုဒ်ထဲ ဝင်မရေးဖြစ်တာတောင် အတော်လေးကြာပေါ့… ပါဆင်နယ် ကိစ္စ လေးတွေနဲ့ ရှုတ်နေလို့.. အခုတော့ ပြန်အားပါပြီ..

ထူးထူးခြားခြားလေးတွေ့လို့ တင်ပေးလိုက်တယ်… ရီရလို့ အူနာပြီး တစ်ခုခုဖြစ်ရင် ကျွန်တော်နဲ့ မဆိုင်ပါ…

ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံတော့ အန်ကယ်တို့က သိမ်ဖြူလမ်းမှာ ရှိနေတယ်ပေါ့နော်။ အဲဒီနေ့က တိုက်တိုက်ဆိုင်ဆိုင် အာဇာနည်နေ့ ဖြစ်နေတယ်။ အဲဒီနေ့က ဂျူဗလီဟောမှာ အန်ကယ်နဲ့ မစ္စတာဂျုံးကြီးတို့ ဗိုလ်ချုပ်အောင်ဆန်း အလောင်းကို ကြည့်ပြီး ငိုခဲ့ရတယ်ဆိုတဲ့ အတွေ့အကြုံလေး သိပါရစေ။

http://snapshot-news.com/index.php?option=com_content&view=article&id=5609%3A2010-07-31-07-14-12&catid=376%3Avol2-no96&Itemid=120

7 comments

  • blackchaw

    October 12, 2010 at 6:36 am

    အဲဒီအင်တာဗျူးကို သားလည်းဖတ်ခဲ့ရတယ်။ ဖတ်ကတည်းကရယ်လိုက်ရတာ အုကိုနာရော။ ဒါပေမယ့် သားသားဘယ်သူ့ကိုမှ လက်မတို့ဖြစ်ခဲ့ဘူး။ ဖတ်ပြီးမေ့သွားလို့။ အခုလိုရေးပြတာ U WUNNA ကို ကျေးဇူးတင်ပါတယ်။ U WUNNA က လျှပ်တပြက် ကတော့ မဟုတ်ပါဘူးနော်။

  • shwemanthar

    October 12, 2010 at 8:48 am

    Mr.မြတ်ခိုင်နေမှာပေါ့
    ဗျူးချင်ဇောကြီးသွားတယ်ထင်တယ်

  • wunna

    October 12, 2010 at 10:11 am

    ဦးဦး နဲ့ လျှပ်တစ်ပြတ် ဂျာနယ်နဲ့ မည်သို့မျှ သက်ဆိုင်ခြင်း မရှိပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်…

  • R Ga

    October 12, 2010 at 10:27 am

    အေးဗျာ သူကြီးမြတ်ခိုင်တို့ လုပ်ချက်က တကယ့်ဟာသပဲ…။ စာနယ်ဇင်းလောကမှာတော့ သူကို ဘယ်သူမှ မှီမယ်မထင်တော့ပါဘူး
    အံ့ရော အံ့ရော….

  • kopauk mandalay

    October 12, 2010 at 11:42 am

    သိပ်ကောင်းတဲ့ဟာသဘဲ။
    ဟိုတစ်နေ့က စာစောင်တစ်ခုထဲမှာ ဗိုလ်ချုပ်အောင်ဆန်းက သေပြီးမှ လွှတ်တော်တက်တဲ့ ဓါတ်ပုံတောင်ပါလိုက်သေးဗျာ။
    တော် …………တိတိ…………..တော်……………………………………….

  • intro

    October 12, 2010 at 12:36 pm

    ဒါကို ဘယ်သူ့မှ မမြင်ဘူးလားဗျာ… သေသေချာချာ မစိစစ်ပဲ Web အပေါ်တင်ရတယ်လို့

  • bigcat

    October 12, 2010 at 11:48 pm

    သစ်တောဝန်ကြီးဟောင်း ဗိုလ်ချုပ်ချစ်ဆွေနဲ့ အင်တာဗျုးပါ။

Leave a Reply