စွမ်းအင်ညွှန်မှူး မောင်းလာသည့်ကား လယ်ဝေးမြို့ အဝင်တွင် ယာဉ်တိုက်မှုဖြစ်

ဂ်စ္စူOctober 12, 20101min22314
စွမ်းအင်ညွှန်မှူး မောင်းလာသည့်ကား လယ်ဝေးမြို့ အဝင်တွင် ယာဉ်တိုက်မှုဖြစ်

ယမန်နေ့ည ၁ဝနာရီခွဲခန့်က စွမ်းအင်ဝန်ကြီးဌာနမှ ညွှန်မှူး ဦးသိန်းထွတ် ကားမောင်းနေစဉ် လယ်ဝေးမြို့အဝင်တွင် အုတ်သဲတင်ယာဉ်ကို နောက်ဘက်မှ ဝင်တိုက်မိပြီး အပြင်းအထန် ဒဏ်ရာရသွားသည်။

မြို့အဝင်ရှိ စိန်ရွှေနန်း ရွှေဆိုင် မရောက်မီလေးတွင် တိုက်မိခြင်း ဖြစ်သည်ဟု မျက်မြင် သက်သေများက ပြောပြသည်။

“ဘေးကလူတွေ ဝိုင်းပြီး ဆွဲထုတ်ကြ၊ သူ့အိတ်ထဲက လိပ်စာကတ်၊ ဝန်ထမ်းကတ်တွေကို ကြည့်တော့မှ စွမ်းအင် ဝန်ကြီးဌာနက ညွှန်မှူး ဖြစ်တာ သိရတယ်။ သူ့လိပ်စာကတ် မှာပါတဲ့ ဗိုလ်မှူး တယောက်ဆီကို ဖုန်းဆက် အကြောင်းကြားပေးပြီးတော့ သူ့ကိုတော့ ကားနဲ့ နေပြည်တော် ဆေးရုံ ပို့လိုက်တယ်။ ကားထဲက ဆွဲထုတ်တော့ သတိမေ့နေတယ်” ဟု မျက်မြင် သက်သေတဦးက ပြောသည်။

“မြေသယ်ကားကလည်း ခဏရပ်ပြီး ဆင်းကြည့်တယ်။ အခြေအနေ မဟန်တော့ ချက်ခြင်း ပြန်တက်ပြီး မောင်းပြေးသွားတယ်။ ကားနပါတ်တော့ ကောင်းကောင်း မမှတ်မိဘူး” ဟု သူက ပြောသည်။

အရှိန်ဖြင့် မောင်းလာသည့် မြေသယ်ကားကြီးက ရုတ်တရက် ဘရိတ်အုပ်စဉ် ညွှန်မှူး၏ ကိုရိုလာဖင်ကောက် ၃ဂ/၈၁၁၉ က ဝင်တိုက်ပြီးနောက် ပေ ၆ဝ ခန့် ငြိပြီး ပါသွားသည်ဟု ဆိုသည်။

ရန်ကုန်မန္တလေး လမ်းဟောင်းသည် လယ်ဝေး ပျဉ်းမနား အနီးတဝိုက်တွင် အကွေ့အကောက် များပြီး လမ်းလည်း ကျဉ်းသည့် အတွက် ယာဉ်တိုက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

မြန်မာနိုင်ငံ၏ အဝေးပြေးလမ်းများမှာ ယာဉ်ကြော တစ်ဘက်စီတွင် ကားနှစ်စီး ရှောင်လွတ်ရုံသာ ရှိပြီး အသွားလမ်းနှင့် အပြန်လမ်း ကပ်လျက် ရှိခြင်းကြောင့် မတော်တဆ ယာဉ်တိုက်မှု များပြားရခြင်း ဖြစ်သည်ဟု သိရသည်။
မိုးမခအထောက်တော်၊ နေပြည်တော်
အောက်တိုဘာ ၁၂၊ ၂၀၁၀
solakoko’s news sharing

14 comments

  • ဆူး

    October 12, 2010 at 3:55 am

    ကားတွေ ကောင်းကြတော့ အမြန်မောင်းကြတာပေါ့.. မြေသယ်ကား မောင်းတဲ့ လူတွေ လွတ်သွားပါစေ.. ဖြစ်စေချင်တဲ့ ဆန္ဒနဲ့ လုပ်တာ မဟုတ်ဘူးလို့ ထင်တာဘဲ.. မိသွားရင် အသေသတ်ခံနေရမှာ စိုးလို့..

  • SP

    October 12, 2010 at 4:08 am

    မလွတ်လဲ ပြဿနာမချိပါဘူး
    တူ ့ဘာတာ အနောက်က ဝင်ကျုံးတာပဲ..
    အနောက်ကဝင်တိုက်တဲ့ယာဉ်က တရားခံ
    တူ ့ဒေါသနဲ ့တူပေါ့

    • memeseku

      July 18, 2011 at 11:47 am

      He wont free if he has been caught ,SO wish he to free:)

  • khinwarkhaung27@gmail.com

    October 12, 2010 at 5:42 am

    အဲဒီလိုတော့ မပြောပါနဲ့ကွယ်
    မြေသယ်ကား ကျောက်သယ်ကားတွေ မောင်းတဲ့သူ တွေကလဲ ကြမ်းတယ်

  • kohtoo

    October 12, 2010 at 1:17 pm

    ကား ဆ ရာ ကို ဘ သောင်း “နောက်” ကို ကြည့်၍ သ တိ နှင့် မောင်း။
    လူ တွေ က၊ ကားလက် ကိုင် ဘီး နောက် ရောက် သွား ရင်၊ စိတ် လွတ် သွား ကြ တာ ကိုး။(လူ စိတ် ပျောက် တာ ကို ပြော ချင် တာ ပါ။)
    ၂ ဦး ၂ ဖက် တော့ တာ ဝန် ရှိ ပါ တယ်။ ၂ ဦး ၂ ဖက် မှာ လည်း မိ သားစု ရှိ ကြ တာ ပါ ပဲ။ မဖြစ် ရင် တော့ အ ကောင်း ဆုံး ပေါ့။

  • blackchaw

    October 12, 2010 at 3:20 pm

    မိသွားရင် အသေသတ်ခံနေရမှာ စိုးလို့.. ဆိုတဲ့ ဆူးရေ
    ဒီစာသားကိုတော့ ကျွန်တော်နားမလည်ဘူးဗျာ၊ ဒီကိစ္စကသေဒဏ်ပေးလို့ရတဲ့ကိစ္စလည်းမဟုတ်ပါဘူး၊
    မြန်မာပြည်မှာ ဒီလောက်တောင် ဥပဒေမဲ့နေပြီလား။
    ယဉ်တိုက်မှုတစ်ခုဖြစ်ရင် မှားတဲ့ယဉ်မောင်းကို ဥပဒေအတိုင်းအရေးယူပါလိမ့်မယ်။
    အကြမ်းဖျင်းတော့ နောက်ကတိုက်တဲ့ ယဉ်က မှားတယ်လို့ဆိုကြပါတယ်။

    • moethidasoe

      July 18, 2011 at 1:01 pm

      ကိုယ်က ပါဝါ ငယ်နေရင် ပါဝါကြီးက စားမှာ သေချာတယ် ..
      တာ်တော်ကြာ .. မင်းက ဘာအကြောင်းကြောင့် ဘရိတ်နင်းရတာလဲ ဆိုတဲ့ မေးခွန်းအတွက် တိကျလုံလောက်တဲ့ အဖြေ မပေးနိုင်ရင် ..
      ဆိုတဲ့ နင်မဟုတ်ရင် နင့် အဖေပဲ ဆိုတဲ့ ဝံပုလွေလို အမေးထူလာခဲ့သည် ရှိသော်

  • unclegyi1974

    October 12, 2010 at 4:14 pm

    ပုံမှန်ဆိုရင် နောက်ကကားမှားတယ်
    အခုဖြစ်စဉ်က ရှေ့ကကားမှားတယ်
    မိရင်တော့လားကွာ

  • cruz

    October 12, 2010 at 5:08 pm

    ဥပဒေအရဆိုရင် နောက်ကဝင်တိုက်တဲ့သူကမှားတာပေါ့ .. ဒါပေမယ့် ရှေ့ကကားကလည်း ဘယ်လောက်အရှိန်နဲ့မောင်းပီး
    ရုတ်တရက်ဘရိတ်အုပ်လိုက်လို့ ခုလိုဖြစ်တယ်ဆိုရင်လည်း… ဘယ်လိုလုပ်မလည်း..ဒါကျတော့ရှေ့ကမှားတာပေါ့..ဟုတ်ဘူးလား..သဘောပြောတာပါ
    ဘာပဲဖြစ်ဖြစ်လေ…မင်းတို့အမျက် အသက်ထွက်တတ်၏နော်… ရှေ့က ကားသမားလစ်သွားတာလည်းသူမှားလို့လစ်တာလား..စဉ်းစားစရာပဲ ကားသမားတွေအကျင့်ကအဲလိုတွေများတယ်ဗျ မှန်ရင်တော့ ဖိဟောက်သူလည်း မင်းတစ်ပါးပဲ.. ဟိဟိ မှားရင်တော့ အခြေအနေကြည့်ပီး လစ်သင့်လစ်တာပဲ
    ဟိဟိ အားလုံးကိုဆိုလိုတာတော့ မဟုတ်ပါဘူး..တာဝန်သိကားသမားတွေလည်းရှိပါတယ်.. ချုံ့ပြောလိုက်တာပါ

  • memeseku

    July 18, 2011 at 11:50 am

    The fact is that . Government officer dead one stop and the truck driver buried him by the sand and rock he carried on his truck.

  • pan pan

    July 18, 2011 at 1:37 pm

    ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်သူခံရခံရ ကောင်းကိုမကောင်းဘူး
    ညွှန်မှူးဆေးရုံမရောက်ဘဲ တစ်ခြားတစ်ဖက်လူဆိုရင်ရော…???
    အသေပဲလားလို့

  • MOEPWINTPHYU

    July 18, 2011 at 2:02 pm

    ဒီသတင်ရဲနောက်ဆက်တွဲလေး သိရရင်ကောင်းမယ် ဒါမှဘယ်လိုပြစ်ဒဏ်စီရင်လဲ သိရတာပေါ

  • PaukPhaw

    July 18, 2011 at 2:07 pm

    တင်ခဲ့တာ
    တော်တော်ကြာဘီ
    ခုမှ ဘိုလုပ်ပြီး စိတ်ဝင်စားကုန်ကြလဲသိဘူး

  • etone

    July 18, 2011 at 4:38 pm

    ဒီရက်ပိုင်းအတွင်းဘီလိုတွေ ဖြစ်နေမှန်းမသိဘူး အဟောင်းတွေ ပြန်ပြန်မန်းနေတယ် … ပြန်ဆိုတေးတွေ အားကျလို့ ထင်တယ် ။

Leave a Reply