ဒီသတင်းလေး ဖတ်ကြည့်ပါ

ဆူးOctober 12, 20101min16016

ကော်ပီ လုပ်ပြီး မတင်ချင်လို့.. အဲဒီ လင့်ကနေဘဲ သွားကြည့်ပြိး ဒီမှာ ကွန်မန့်ရေးပေါ့..
ဒီသတင်းလေး ဖတ်ရတာ တမျိုးလေး ဖြစ်နေလို့..
http://www.facebook.com/note.php?note_id=153091411395591&id=100001638115166#!/note.php?note_id=153740404664025

ရပ်ဆိုင်းထားသော အစ္စလမ်ဗလီ ဝတ်ပြုကျောင်း ဆောက်လုပ်မှုကို မြို့တော်ဝန် ဦးအောင်သိန်းလင်းက မဲဆွယ်စည်းရုံးသည့် အနေနှင့် ပြန်လည် ခွင့်ပြုလိုက်သည့်အတွက် ဒေသခံ ဗုဒ္ဓဘာသာဝင်များက မကျေမနပ်ဖြစ်ကာ ဘာသာရေး အဓိကရုဏ်း ဖြစ်ပေါ်လာ နိုင်သည်အထိ အခြေအနေ တင်းမာနေကြောင်း သတင်းရရှိသည်။

တောင်ဥက္ကလာပမြို့နယ် ရ ရပ်ကွက်၊ သီရိဇေယျာလမ်းရှိ ဆောက်လက်စ အစ္စလမ် ဗလီဝတ်ပြုကျောင်းကို ရပ်ကွက်နေ ပြည်သူများ၏ ကန့်ကွက်မှုကြောင့် ၂၀၀၃ ခုနှစ်ကတည်းက ဆောက်လုပ်ခွင့် ရပ်ဆိုင်းထားခဲ့ရာမှ မြို့တော်ဝန် ဦးအောင်သိန်းလင်းက ၂၀၁ဝ ပြည့်နှစ် စက်တင်ဘာ ၂၄ ရက်နေ့တွင် ပြန်လည်တည်ဆောက်ခွင့် ပေးခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏ တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း မြို့တော်ဝန် ဦးအောင်သိန်းလင်းက ၎င်းအတွက် မဲထည့်ပေးလျှင် အဆိုပါ ဗလီကို ဆောက်လုပ်ခွင့် ပြန်ပေးမည် ဟုဆိုကာ ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း တောင်ဥက္ကလာပ ရ ရပ်ကွက်နေ ပြည်သူများက ပြောသည်။

“ဦးအောင်သိန်းလင်းက သူ့ကို အမာခံမဲပေးမယ့် ကြံ့ဖွံ့ပါတီဝင်အင်အား ၂၀၀ဝ ပေးရင် ဗလီ ပြန်ဆောက်ခွင့်ပေးမယ်လို့ ပြောတဲ့အတွက် သက်ဆိုင်ရာ ဗလီဝတ်ပြုကျောင်း ဖြစ်မြောက်ရေး လူကြီးတွေစုစည်းပြီး အမာခံမဲပေးမယ့်သူတွေ၊ ပါတီဝင် အင်အားတွေ စုပေးခဲ့တယ်။ အဲဒါကြောင့် ဆောက်လုပ်ခွင့်ရတယ်” ဟု ရ ရပ်ကွက်နေ အစ္စလမ်ဘာသာဝင် တဦးက ပြောသည်။

ထိုသို့ ဗလီဝတ်ပြုကျောင်း ဆောက်ခွင့်ပေးခဲ့သည့်အတွက် တောင်ဥက္ကလာပ မြို့နယ်အတွင်းရှိ ဗုဒ္ဓဘာသာ ဝါတွင်း ဆွမ်းလောင်းအသင်းများ စုပေါင်းပြီး ရ ရပ်ကွက်ဥက္ကဋ္ဌက ဦးဆောင်ကာ မြို့တော်ဝန် ဦးအောင်သိန်းလင်းထံ ဗလီ တည်ဆောက်ခြင်းကို တရားဝင် ကန့်ကွက်သည်ဟု တင်ပြကြကြောင်း၊ ထိုသို့ တင်ပြလိုက်သည့်အတွက် ဗုဒ္ဓဘာသာဝင်များနှင့်အစ္စလမ်ဘာသာဝင်များ အကြား တင်းမာမှုများ စတင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဗလီက ၃ ထပ်ဗလီ အဆောက်အအုံ၊ တော်တော်လည်းကြီးတယ်။ အစကတည်းက ဒီ ဗလီမဆောက်ဖို့ ဝိုင်းကန့်ကွက် ထားကြတာ။ မြို့တော်ဝန်က မဲလိုချင်တာနဲ့ ဗလီဆောက်ခွင့် ပြန်ချပေးလိုက်တော့ မကျေမနပ်ဖြစ်ကုန်တယ်” ဟု တောင်ဥက္ကလာပ မြို့နယ် ၁၂ ရပ်ကွက် ဝါတွင်းသုံးလ ဆွမ်းလောင်းအသင်းမှ တာဝန်ရှိသူတဦးက ပြောသည်။

ကြံ့ဖွံ့ပါတီက ဗလီဆောက်ခွင့်ပြုပြီး မဲဆွယ်သည့် သတင်း တောင်ဥက္ကလာပ မြို့နယ်အတွင်း၌ ပျံ့နှံ့သွားပြီး မြို့တော်ဝန် ဦးအောင်သိန်းလင်းကို မဲမထည့်လိုကြောင်း ပြောဆိုမှုများ ရှိလာသည့်အတွက် အောက်တိုဘာ ၆ ရက်နေ့တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အရေးပေါ်ကြေညာချက် ထုတ်ပြန်ပြီး ဗလီတည်ဆောက်ခြင်း ဆိုင်းငံ့လိုက်ကြောင်း သတင်းရရှိသည်။

စည်ပင်က ဗလီတည်ဆောက်ခြင်းကို တားမြစ်လိုက်ခြင်းသည် ဗုဒ္ဓဘာသာဝင်များ၏ ကန့်ကွက်မှုကြောင့် ဖြစ်သည်ဟု တောင်ဥက္ကလာပမြို့နယ် အတွင်းနေ အစ္စလမ် အသိုင်းအဝန်းက ဗုဒ္ဓဘာသာ ဝင်များအပေါ် မကျေမနပ် ဖြစ်နေကြကြောင်း ပြောဆိုနေကြသည်။

“ကျနော်တို့က မြို့တော်ဝန်ကို မဲပေးရမယ်။ ပါတီဝင် အင်အားပေးပြီးတော့မှ ဗလီဆောက်လုပ်ခွင့် ပြန်ရတာ။ အခု ဗလီ ဆောက်တာ ပြန်ရပ်လိုက်ရပြီဆိုတော့ ပါတီဝင်အင်အား ပေးလိုက်ရတာ၊ မဲစာရင်း ပေးလိုက်ရတာတွေ အလကား ဖြစ်ကုန်တာပေါ့” ဟု တောင်ဥက္ကလာပမြို့နယ် အစ္စလမ်ဘာသာဝင် တက္ကသိုလ်ကျောင်းသား တဦးက ရှင်းပြသည်။ဗလီကိစ္စကြောင့် တောင်ဥက္ကလာပမြို့နယ်တွင် မြို့တော်ဝန်ဦးအောင်သိန်းလင်းကို ထောက်ခံမှု အင်အား ကျဆင်းလာကြောင်းလည်း သတင်းရရှိသည်။

“နဂိုကတည်းကလည်း မကြိုက်ဘူး။ အခုဆိုရင် သူ့ကို မဲပေးပါမယ်ဆိုတဲ့ ရယကတွေ၊ ပြည်ခိုင်ဖြိုး ပါတီဝင်တွေတောင် တော်တော် စဉ်းစားကုန်ပြီ” ဟု ရ ရပ်ကွက် ရယက အဖွဲ့ဝင် တဦးက ဆိုသည်။တောင်ဥက္ကလာ မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်း တဦးကလည်း ဘာသာရေးကို အသုံးချသည့် ဦးအောင်သိန်းလင်းကြောင့် အဓိကရုဏ်းများ ဖြစ်ပေါ်လာနိုင်သည်ကို စိုးရိမ်ကြောင်း၊ ပြည်သူများ ထိခိုက် အနာတရ မဖြစ်စေလိုကြောင်း ပြောသည်

နောက်ဆုံးရရှိသော သတင်းများအရ ဗလီတည်ဆောက်ခွင့် ရပ်ဆိုင်းလိုက်ရခြင်းကို မကျေမနပ် ဖြစ်နေသော အစ္စလမ် ဘာသာဝင်များကို နှစ်သိမ့်ရန် ဦးအောင်သိန်းလင်းက ဗလီတည် ဆောက်ရေး ရန်ပုံငွေ ကျပ်သိန်း ၃၀ဝ ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင် ငွေကြေးများထဲမှ လှူဒါန်းလိုက်ကြောင်း သိရသည်။ရွေးကောက်ပွဲ ဥပဒေ အခန်း ၁၃၊ ပုုဒ်မ ၅၈ (ဂ) တွင် လူမျိုးရေးကိုဖြစ်စေ၊ ဘာသာရေးကို ဖြစ်စေ အကြောင်းပြ၍ ဆန္ဒမဲ ပေးရန်သော်လည်းကောင်း၊ ဆန္ဒမဲ မပေးရန်သော်လည်းကောင်း၊ ပြောဆိုခြင်း၊ ဟောပြောခြင်း၊ ကြေညာချက် ထုတ်ပြန်ခြင်း (သို့မဟုတ်) ယင်းသို့ပြုလုပ်ရန် အားပေးလှုံ့ဆော်ခြင်း ပြုလုပ်လျှင် မည်သူမဆို ထိုသူအား တနှစ်ထက်မပိုသောထောင်ဒဏ် ကိုဖြစ်စေ၊ ကျပ် တသိန်းထက်မပိုသော ငွေဒဏ်ကိုဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးကိုဖြစ်စေ ချမှတ်နိုင်ကြောင်း ဖော်ပြ ထားသည်။နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းဥပဒေ အခန်း ၂၊ ပုဒ်မ ၆ (င)တွင် ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားခြင်း မပြုရန် တားမြစ်ထားပြီး ပြုလုပ်လျှင် အဆိုပါဥပဒေ၏ အခန်း ၃၊ ပုဒ်မ ၁၂ (က၊ ၄) အရ နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်း ခံရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲကို နိုဝင်ဘာလ ရ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း စစ်အစိုးရက ထုတ်ပြန်ကြေညာ ထားသည်။

16 comments

  • bigcat

    October 12, 2010 at 3:47 am

    လာပြန်ပြီတယောက်။ ဘာမှမပါဘဲနဲ့ ဖတ်ပါမှတ်ပါလုပ်နေတယ်။ ဘာလင့်ခ်မှမရှိဘူး။ ပွိုင့်ရအောင်ထွင်နေတာလား။

  • ဆူး

    October 12, 2010 at 3:52 am

    မဟုတ်ရပါဘူး ကွယ်.. ပြန်စစ်ပါအုန်း.. တင်လို့ မပြီးသေးဘဲ ဖတ်လိုက်လို့ပါ.. ပထမ တင်တုန်းက တက်တယ် ထင်လို့ပါ.. မတက်မှန်း သိလို့ ပြုပြင်ဆဲ မှာ ဝင်ဖတ်သွားလို့ပါ.. နောက်တခေါက် ကြည့်ပါအုန်း..

  • meelay

    October 12, 2010 at 4:32 am

    ကြည့်လို့ရပါတယ် ကိုကြောင်ကြီးရဲ့ 😛

  • etone

    October 12, 2010 at 4:49 am

    ခုနကြည့်တုန်းက error တက်နေတယ် အခုလည်း ထိုနည်းလည်းကောင်းပါပဲ။ ထပ်ဖွင့်ကြည့်ဦးမယ် ။ တစ်ခါတည်း တင်ပေးရင် လင့်ကိုဖွင့်စရာမလိုတော့ဘူးဟာကို …။
    ပြီးတော့မှ အောက်က ရေးပေါ့ ဘယ်ကလင့်ကရတာပါဆိုပြီး ။ ဒီမှာ ကော်နက်ရှင်က ကောင်းမှကောင်းပဲ သိတဲ့အတိုင်းလေ … pageတစ်ခုကနေတစ်ခုစောင့်ရတာ စိတ်မရှည်ဘူး ။

  • etone

    October 12, 2010 at 5:02 am

    ခုတော့ဖတ်လို့ရပါပြီ ။ တော်တော်စိုးတဲ့ကောင်ပဲ သူ့ပထွေးတွေကိုမှ ဒုတ်နဲ့သွားထိုးတယ် ။ ဖင်တစ်နေရာစာ နေရာကို ဒီလောက်မက်မောနေတာများတရားမရှိပါလားနော် ။ သေရင်တော် ကျွတ်ချင်မှကျွတ်မယ်။

    • ဆူး

      October 12, 2010 at 5:18 am

      ဖတ်လို့ရသွားပြီလား..
      ဒီသတင်းက ပြောရရင် မနာလို ဖြစ်တယ် ဖြစ်အုန်းမယ်.. သိန်း၃၀ဝတဲ့..

  • char too lan

    October 12, 2010 at 5:22 am

    ma ya buu !!
    facebook log in pe` twae. tal
    tha tinn ma tat lar buu

    • ဆူး

      October 12, 2010 at 5:35 am

      အမှန်တော့ ဒါလေးတွေ မတင်ချင်လို့ လင့်ပေးဖတ်တာ ကြည့်မရဘူးဆိုလို့.. တင်ပေးလိုက်တယ်နော်..

  • blackchaw

    October 12, 2010 at 5:50 am

    အခုပဲဖတ်လို့ရတယ်။ တစ်ခါတည်းတင်ပေးတာကောင်းပါတယ်။ လင့်တွေကဖွင့်လို့မရတာများနေတယ်။ သားတို့ကဒီရွေးကောက်ပွဲကို ကိုးရီးယားဇာတ်လမ်းတွဲတစ်ခုကို မြဝတီရုပ်သံမှာ စိတ်ရှည်ရှည်နဲ့စောင့်ကြည့်သလိုကြည့်နေတာပါ။ ဟာသတွေပါရင်ရယ်မယ်။ အလွမ်းအဆွေးတွေပါရင် ကြေကွဲမယ်။ မင်းသမီးကိုလူကြမ်းတွေက အနိုင်ကျင့်ရင် ဒေါသထွက်မယ်။ လူကြမ်းကြီးချီးကားအတိုက်ခံရရင် လက်ခုတ်တီးမယ်။ မျက်ရည်ကျလောက်တဲ့အခန်းတွေပါရင် ငိုမယ်။ ရသစုံရွေးကောက်ပွဲ အခန်းဆက်ဇာတ်လမ်းရှည်ကြီး။ ဟဲဟဲ သားသားဘာမှ ဝင်မပြောချင်ပါဘူးကွယ်။

  • char too lan

    October 12, 2010 at 5:52 am

    pa yar tal kyung south pay lite yin toung e` htet
    me` po ya oo mal
    thauk nyan ko ma shi tar x-(
    se` lite chin tal thauk youu lo. x(

    Thanks Suu !!!

  • intro

    October 12, 2010 at 10:36 am

    မဲလိုချင်ရင်လဲ သိန်း ၃၀ဝ ကို သူ့အိတ်ထဲက စိုက်ပေးလိုက်တာ မဟုတ်ဘူး၊ အိတ်ထဲကလဲ မထုတ်ချင်ဘူး၊ မဲကလဲ လိုချင်သေးတယ်… သူများပိုက်ဆံတွေနဲ့ ကြိုးပမ်းနေလိုက်တာ၊ ဖင်တစ်နေရာစာကို

  • cruz

    October 12, 2010 at 5:18 pm

    တော်တော်မိုက်ရိုင်းတဲ့ဘိုးတော် ဒီလူကြီးအရွေးမခံရပါစေနဲ့ဗျာ
    မြန်မြန်သေလည်းအေးတာပဲ ရွေးကောက်ပွဲမှာ ဒီသက်ကျားအိုဂရုပ်အရွေးမခံရပါစေနဲ့ဗျာ

  • thihayarzar

    October 12, 2010 at 7:13 pm

    ဘယ်လိုမိဘမျိုးကမွေးထားတဲ့ကောင်လည်းကို မသိဘူး …. ရာထူးတည်မြဲရေးအတွက် ဘုရားမကန်တော့ပဲ သာသနာ့မျိုးတုန်းအောင် လုပ်နေတာ ချက်ချင်းကိုဝဋ်လည်မယ် …. ကုလားသတ်လို့ကိုသေမှာ ငရဲအိုးထဲကကို ပြန်မတက်ပါစေနဲ့ …….

  • kai

    October 12, 2010 at 7:17 pm

    သတင်းက …ဘာသာရေးတွန်းထိုးတာပါနေလို့ ..ဖြုတ်မလို့ပါပဲ..။ တိကျမှုရှိမရှိလည်း ..မသေချာပါ။
    ဒါပေမဲ့.. အစွန်းတွေမရောက်ပဲ ချင့်ချိန်နိုင်ကြဖို့ ဖတ်ကြည့်ကြနိုင်ဖို့ ထားလိုက်ပါတယ်..။
    အောက်ကသတင်းလေးလဲ ဖတ်ပါဦး..။
    ကယ်လီဖိုးနီးယား ဂါဗနာအဖြစ် နိုဝင်ဘာ ၂ရက်နေ့ရွေးကောက်ပွဲမှာ ယှဉ်အရွေးခံမဲ့ မက်ဂ်က ဒေါ်လာသန်း ၁၄ဝ သုံးတဲ့အကြောင်းကို..

    ဘာတွေဖြစ်နေနေ … အဆုံးအဖြတ်ပေးရမှာက ..မဲဆန္ဒရှင်များသာဖြစ်ပါကြောင်း…

    Meg Whitman Campaign Spending Reaches $140 Million
    http://www.huffingtonpost.com/2010/10/06/meg-whitman-spending-reac_n_751856.html

    SACRAMENTO, Calif. — Republican Meg Whitman has spent more than $140 million so far on her campaign for California governor, nearly $40 million of it during the last three months, she reported Tuesday.

    The amount the billionaire former eBay chief executive has spent on advertising and political consultants, most of it from her personal fortune, stands in sharp contrast to Democratic gubernatorial candidate Jerry Brown, who reported Tuesday that he has spent $10.7 million this year, nearly all of it since Labor Day.

    Brown reported $22.6 million in campaign cash as he heads into the final month of the race against Whitman. He has raised about $33.5 million since forming an exploratory committee last year and has benefited from independent spending by unions.

    Campaign finance reports filed Tuesday show Whitman has raised $29.5 million from outside sources, about $4.7 million from out-of-state donors, since she entered the race last year. In her first run for public office, she has given $119 million of her own money, a record for a U.S. candidate.

    She has about $9 million cash on hand for the final month of the campaign.

    Whitman’s report shows the Washington, D.C.-based Republican advertising agency Smart Media Group has taken in most of Whitman’s spending, nearly $92 million.

    She has spent $6.8 million to date on her staff, including $90,000 a month to her chief strategist, Mike Murphy. Close friend and former eBay spokesman Henry Gomez makes $36,000 a month.

    Whitman’s campaign also has spent nearly $12 million on outside consultants, $8.2 million on campaign literature, $1.2 million on polling and $850,000 on private air travel.

    Brown, who relies on a roster of volunteer workers, has spent just $321,000 on campaign staff and consultants to date; campaign manager Steven Glazer earns $15,000 a month.
    ..

    • ဆူး

      October 13, 2010 at 2:58 am

      မထားသင့်ဘူး ထင်ရင် အချိန်မရွေးဖျက်လိုက်ပါ.. မတင်ချင်လို့ လင့်ပေးတာ ဖတ်မရကြတာ များလို့.. တင်လိုက်တာပါ..

  • winkyawaung

    October 13, 2010 at 3:03 am

    မတရား မမျှတခြင်းနဲ့မသွေ..ဒို့မြန်မာပြည်.. လို့သာ အော်ဆိုလိုက်ပါတော့မည်….။

Leave a Reply