ဆီးချိုသွေးချို

search123October 13, 20101min715

ဆီးချိုသွေးချို ရောဂါကို အရင် ကတော့ အသက်ကြီးတဲ့ သူတွေမှာ ပဲ ဖြစ်တယ်လို့ ထင်ထားခဲ့ တာပါ။
ဒါပေမဲ့ ခုဆို ရင် ငယ်တဲ့ သူတွေလည်း ဖြစ်လာတာတွေ့ ရပါတယ်။
ဒါဟာ အခုခေတ် လူတွေရဲ့ ဖြစ်နေကျ ရောဂါလိုတောင် ခေတ်စားလို့ လာနေပါပြီ။
ဘယ်လို နည်းလမ်းမျိုးနဲ့ တားဆီးလို့ ရနိုင် မလဲဆိုတာ သိချင်ပါတယ်။
မဖြစ်သေးတဲ့ သူတွေ ကြိုတင် ကာကွယ် နိုင်အောင်လို့ပါ။

5 comments

  • fatty

    October 13, 2010 at 7:09 am

    လူငယ်တွေအတွက်က …အချိုရည်များအလွန်အကျွန်သောက်ခြင်းမလုပ်ပါနဲ့။
    အားကစားလှုပ်ရှားမှုတခုခုရှိပါစေ။
    အချိုမှုန့် တတ်နိုင်သမျှ ရှောင်ပေးပါ။
    အိပ်ချိန်တတ်နိုင်သမျှ မှန်ပါစေ။ ညဉ့်အလွန်နက်မှအိပ်ခြင်းမျိုးမလုပ်ပါစေနှင့်။
    မျိုးရိုး ရှိနေပါက … သွေးဖေါက်စစ်ကြည့်တာမျိုး လုပ်ပါ ။ သတ်မှတ် range ထက်မကျော်သေးပေမဲ့ range နားကပ်နေပြီဆိုရင် ဆရာဝန်နဲ့ဆွေးနွေးပါ။

  • MandalayThar

    October 13, 2010 at 7:11 am

    ဟုတ်တယ် ကျွန်တော်လဲ သိချင်တယ်။ ဘာဖြစ်လို့ ဖြစ်ရတယ် ဘယ်လိုကာကွယ်ရမယ် ဆိုတာမျိုးပေါ့။ အဲဒီ ဆီးချိုသွေးချို တော့ မဖြစ်ချင်ဘူး။ စားချင်တာ မစားရလို့။ ကြောက်တယ် ဖြစ်မှာကို..

  • Gong Zhu

    October 13, 2010 at 2:27 pm

    ဆီးချိုက မျိုးဆက် တစ်ခုကျော်က တစ်ယောက်ယောက်မှာ ဖြစ်တတ်တယ်လို့ပြောတာကြားဖူးတယ် …

  • kopauk mandalay

    October 13, 2010 at 2:53 pm

    မဖြစ်ချင်ရင်လဲ ဖြစ်ချင်ရင်ဖြစ်မှာဘဲ။
    ဒီတော့ အချိုရည်ကိုအားတိုင်းယားတိုင်းမသောက်ပါနဲ့။
    ကိုဖက်တီးပြောတာကိုနားထောင်ပြီးလိုက်နာပါ။

  • unclegyi1974

    October 13, 2010 at 3:28 pm

    အဓိက ကအချိုမှုန့် လျော့စာဖို့ပါ
    ဖြစ်နိုင်ရင်လုံးဝမစားပါနဲ့
    အချိုရေ လျော့သောက်ပါ
    အပြင်စာလျော့စားပါ အပြင်စာမှာအချိုမှုန့်အဓိကသုံး
    ပါတယ်
    အသီးအရွက်များများစားပါ ရေ များများသောက်ပါ
    ကျမ္မာရေးလေ့ကျင့်ခန်းပုံမှန်လုပ်နိုင်အောင်လုပ်ပါ
    တ နှစ် ၂ ခါလောက် အနဲဆုံးကျမ္မာရေးစစ်ဆေးပါ

Leave a Reply