ယာဉ်မောင်းလိုင်စင်အတွက် စနစ်အသစ်နဲ့စစ်

etoneOctober 12, 20101min1429

ယခုအောက်တိုဘာလဆန်းမှစပြီး မန္တလေးမြို့မှ ယာဉ်မောင်းလိုက်စင်လျှောက်ထားသူများအား ကားမောင်ကျွမ်းကျင်မှုကို ကွန်ပျူတာနဲ့ပါ စစ်ဆေးတော့မှာဖြစ်ပါတယ် ။ simulator စနစ်လို့အမည်ပေးထားပြီး အောင်ရှုံးရလဒ်ကိုတော့ ချက်ချင်းသိရှိနိုင်မယ်လို့ ကြော်ငြာထားပါတယ် ။ ဖြေဆိုမည့်သူသည် စနစ်ကိုအစသုံးပြုပြီး ကွန်ပျူတာနဲ့မောင်းနှင်ရမှာဖြစ်ပြီး ဖြေဆိုမှုကြသင့်ငွေကိုတော့ သတ်မှတ်ခြင်းမပြုနိုင်သေးပါဘူး ။ ရန်ကုန်မြို့နှင့် နေပြည်တော်တွင်လည်း အဆိုပါ စနစ်ကို စတင်ကျင့်သုံးနေကြောင်းသိရပါတယ်။

9 comments

  • ဆူး

    October 12, 2010 at 5:22 am

    ဂိမ်းကစားကွင်းတွေမှာ ကားမောင်းရင် လျောက်တိုက်တာဘဲ.. နာဆို ကျမှာ သေချာတယ်..

  • SP

    October 12, 2010 at 5:50 am

    အသစ်အဆန်းတွေလုပ်ချလိုက်ပြန်ပြီ.

    ကွန်ပျူတာနဲ ့ဆို ကားတင်မဟုတ်ဘူး
    အဲရိုးပလိန်းတောာင် မောင်းတတ်တယ် ဘောပေါက်..
    ဂျွမ်းတောင် ပစ်ပြလိုက်ဦးမယ်…
    အဟီး..နောက်တာ

  • shwemanthar

    October 12, 2010 at 6:21 am

    တောက်
    ဂိမ်းမန်းတွေကိုအထင်သေးတာပေါ့
    သူတိုလောက်ကတော့ဒီကပျင်းတောင်ပျင်းသေးတယ်

  • kopauk mandalay

    October 12, 2010 at 11:27 am

    အောင်မာ မမြင်ဘူးသေးဘဲ ရမ်းပြောနေတယ်။
    ခင်ဗျားတို့ကစားဘူးတာ နိုင်ငံခြားထွင်ထားတဲ့ ဂိမ်း။
    အခုဟာ မြန်မာ့နည်းမြန်မာဟန်နဲု့လုပ်ထားတဲ့ဂိမ်း။
    အေးပါ တကယ်ဖြေရမှာ ဂျွမ်းပြန်သွားမယ်နော်…………………………………………

    • ဆူး

      October 12, 2010 at 11:47 am

      လေးပေါက် ဖြေဘူးလို့လား.. မသိလို့မေးတာနော်..
      ဆူးကတော့ ကားအစစ်နဲ့ ဖြေလိုက်တာဘဲ.. ကားမောင်းသင်တန်းတက်ပြီးတော့ ၆လ နေတော့ သွားဖြေပြီး အချိန်တန်လိုင်စင်ရတာဘဲ.. နောက်မှ အေးဆေး မောင်းတတ်သွားတာ..

  • intro

    October 12, 2010 at 12:32 pm

    Ha Ha… Need for Speed ကို ကီလို ၂၀ဝ ကျော်နဲ့ မောင်လာတာနော်… ဟဲဟဲ၊ အပြင်မှာတော့ မမောင်းရဲပေါင်၊ ဟိုမှာက တိုက်လဲ ကိစ္စ မရှိဘူး၊ အပြင်မှာ မတိုက်ဖို့ပဲလိုတယ်…

  • mG

    October 12, 2010 at 2:38 pm

    အလဲ့…။ငါတို့ မြန်မာက တော်တော်ဟုတ်လာပြီပဲ…။ဒါပေမဲ့ ကုန်ဈေးနှုန်းတွေ ဈေးကဖို့တော့ လိုမယ်။

  • cruz

    October 12, 2010 at 4:09 pm

    Need for speed နဲ့စမ်းရင်ပိုကောင်းမယ်ထင်တယ်… ဟိဟိ

  • Gong Zhu

    October 12, 2010 at 4:16 pm

    Game City မှာ ကားမောင်းသွားကျင့်မှဖြစ်တော့မယ် …

Leave a Reply