တွေး မိ တွေး ရာ (၁)

kohtooOctober 12, 20101min1286

ကျွန် တော် သည် Mandalay Gazetted website ကို ဖတ် ကြည့် ရာ မှ မိမိ ၏ ရင် ထဲ တွင် ကိန်း အောင်း နေ သော စိတ် များ (ဝါသနာ များ) ပြန် လည် နိုး ကြား လာ ခဲ့ ပါ သည်။ ရေး ကျင့် မရှိ သဖြင့် အ မှား များ ရှိ ခဲ့ ပါ က၊ ပြန် လည် ညွှန် ပြ စေ လို ပါ သည်။

တ ကယ် တော့ internet  Web site တွင် ရေး တင် ခြင်း၊ ဆွေးနွေး ခြင်း ဆို သည် မှာ စိတ် ကူး စိတ် သန်း ကောင်း ခြင်း နှင့် စိတ် ဝင် စား မှု အပြင်၊ ပိုက် ဆံ ဖြုန်း (သုံး) နိုင် သော လူ တန်း စား များ အတွက် သာ ဖြစ် သည် ဟု ယူ ဆ ခဲ့ ရာ မှ၊ လက်ရှိ လုပ် သည့် အ လုပ် အကိုင် တွင် internet ကို free ပေး ထား သော ကြောင့် စိတ် ကူး များ ပြန် လည် နိုး ထ လာ ခဲ့ ခြင်း လည်း ဖြစ် ပါ သည်။ လော လော ဆယ် တွင် နှစ် လ ခန့် အခွင့် အရေး ရ ရှိ ဦး မည် ဖြစ် ပါ သည်။

အလုပ် လုပ် ရင်း ကြုံ တွေ့ ရ သည့် ဖြစ် ရပ် များ နှင့် မြန် မာ စ ကား ပုံ ကို ဟပ် စပ် မိ ရာ တွင် ဘ ဝင် မ ကျ နိုင် သော စကား ပုံ တစ်  (ချို့) ကို တင် ပြ လို ပါ သည်။ ၎င်း စ ကား ပုံ မှာ–

(၁) အူ မ တောင့် မှ သီ လ စောင့် မည် ………

အူ မ ၊ မ တောင့် ရင် သီ လ မ စောင့် ရ ဘူး တဲ့ လား။ သီ လ စောင့် တဲ့ လူ ဆို တာ က၊ အူ မ တောင့် မှ ရ မှာ လား။ အဲ လို ပြော ကြ စ တမ်း ဆို ရင်၊ ချမ်း သာ တဲ့ လူ၊ ပြည့်စုံ တဲ့ လူ က မှ၊ သီ လ စောင့် နိုင် မယ် ဆို တဲ့ သဘော လား။ အူ မ၊ မ တောင့် တော့ သီ လ မစောင့် တော့ ဘူး ပေါ့။ လူ့ ဘောင် လောက ကြီးက ဒီ လို ဖြစ် နေ တာ လား….အဲ ဒီဖြစ် အောင် လို့ တွန်း ပို့ နေ တာ လား။ ဒီ တော့  သီ လ စောင့် မှ အူ မ တောင့် မယ် ဆို ရင်….ပို ပြီး တ ရား နည်း လမ်း မ ကျ ဘူး လား ။ တ ရား ဓမ္မ နည်း နှင့် ဆွေး နွေး စေ ချင် ပါ တယ်။

(၂) ကောက် ရိုး ပုံ စောင့် တဲ့ ခွေး………

ခွေး ရဲ့ အလုပ် က၊ သခင် ခိုင်း တဲ့၊ တာဝန် ပေး တဲ့ နေရာ မှာ နေ ပြီး၊ လူ စိမ်း လာ ရင် ဟောင် ဖို့ ဖြစ် ပေ မဲ့၊ သူ ရဲ့ ဟောင် ခြင်း ကို စ ကား ထဲ ထည့် ပြော စ ရာ မ ဟုတ် ပါ လို့ မြင် မိ ပါ တယ်။ ဒီ စ ကား က ကောက် ရိုး ပုံ နား ကို အ ကြံ အစည် တစ် ခု ခု နှင့် လာ ရာ က နေ၊ ခွေး ဟောင် တော့ သူ့ အ ကြံ အစည် ပျက် သွား ပုံ ရ ပါ တယ်။ ကောက် ရိုး ကို ခိုး ချင် တာ လည်း ဖြစ် ရင် ဖြစ် မယ်။ ဒီ ပြင် တစ် ခု ခု (မ ရိုး မ သား တာ ) လုပ် တာ လည်း၊ ဟုတ် ရင် လည်း ဟုတ် ပါ မယ်။ ကိုယ် နှင့် မ ဆိုင် တဲ့ နေ ရာ ကို သွား လို့ အ ပြော ခံ ရ ရင် ဒီ လို ပဲ အ နုတ် လက္ခာဏာ ဆောင် တဲ့ အပြော မျိုး နှင့် တုံ့ ပြန် တာ ကို ကြုံ ဘူး လို့ ပါ။

တ ကယ် တော့ ကောက် ရိုး ပုံ စောင့် တဲ့ ခွေး လို၊ သစ္စာ ရှိ ရှိ၊ တာ ဝန် သိ သိ လုပ် ကိုင် ကြ ရင်၊ လူ့ ဘောင် လော က၊ က ဒီ ထက် ပို ပြီး မ သာ ယာ နိုင် ဘူး လား။

စာ ဖတ် သူ လည်း အ ဆွေ လည်း ဘယ် လို သ ဘော ရ ပါ သ လဲ။

(Post တင် တာ tag ခံ ပြီး ဘယ် လို ရေး ရ မ လဲ)

6 comments

  • ဆူး

    October 12, 2010 at 11:26 am

    နွေးထွေးစွာ ကြိုဆိုပါတယ်.. ကောင်းတဲ့ ပိုစ်လေးတွေ များများ တင်နိုင်ပါစေ.. ဆူးကတော့ ပင်တိုင် စာဖတ်ပရိတ်သတ်.. တခါတရံ စပ်မိစပ်ရာ တင်တယ်..

  • unclegyi1974

    October 12, 2010 at 3:50 pm

    စိတ်ကူကောင်းကလေးတွေပါ ဆက်ရေးဖို့အားပေးပါတယ်

  • michaelaungpu

    October 12, 2010 at 4:01 pm

    တ ရား ဓမ္မ နည်း နှင့် ဆွေး နွေး ရရင်တော့ သဘောတရားတွေအားလုံးဟာ တရားသဘောတွေချည်းပါဘဲ
    အူ မ တောင့် မှ သီ လ စောင့် တယ်ဆိုတာ လောကီနယ်ထဲမှာ ကိုယ်မတရားလုပ်လိုက်တာကို ခံသာအောင် ဆင်ခြေပေးတဲ့သဘောပါ
    ကောက် ရိုး ပုံ စောင့် တဲ့ ခွေး ဆိုတာက ကိုယ်လည်းစားလို ့မရဘူး သူများစားတာကို လိုက်ဟောင်နေရတယ် အဲ့လိုလည်းပေါက်လို ့ရပါတယ်
    အားလုံးကို အကောင်းဘက်ကမြင်နိုင်တာက တစ်မျိုးသွားပါလိမ့်မယ် မမြင်တဲ့လူတွေကို မကျေနပ်တာကလည်း တစ်မျိုးသွားပြန်ပါတယ်
    မြင်ပါလျှက်နဲ ့မကျင့်ကြံတာကလည်းတစ်မျိုးသွားပါတယ် အရာရာတိုင်းကို တ ရား ဓမ္မ နည်း နှင့် ဆွေး နွေး ချင်တယ်ဆိုရင် ခေတ်အခြေအနေအရ ကိုယ်ကိုယ်တိုင်က လမ်းပြောင်းပြန်မောင်းနေသူတစ်ယောက်လို ဖြစ်သွားတတ်ပါတယ် ဂင်္ဂ ါဝါလု သဲစုမကအောင် ပွင့်တော်မူခဲ့တဲ့ ဗုဒ္ဓဘုရားရှင်တွေတောင် ဘိုင်းဘိုင်ပြသွားတဲ့ လူတွေကို တရားဟောခြင်တယ်ဆိုရင်တော့ ဒုလ္လဘကလေးတော့ ( ရ ) ရက်လောက်ဝတ်ထားစေခြင်ပါတယ်
    ကြိုဆိုပါတယ် လွပ်လပ်စွာ ဆေးရိုးလှမ်းဘို ့ဖိတ်ခေါ်ပါတယ် ဟီး

  • bigcat

    October 13, 2010 at 12:13 am

    အူမတောင့်မှ သီလစောင့်ဆိုတာ လူတွေရဲ့ နေ့စဉ်ဓူဝ အတွေ့အကြုံတွေကနေ ထွက်လာတာလို့ ထင်ပါတယ်။ တချို့အရာတွေဟာ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ လူတွေနေ့စဉ် ကျင်လည်ဖြတ်သန်းနေရတဲ့ ခေတ်နဲ့ဘဝတွေကို ရည်ညွှန်းပါတယ်။ သီလစောင့်မှ အူမတောင့်မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့ဗျာ။ ဒါပေမဲ့ သီလဆိုတာကလည်း လူတိုင်းစောင့်မှ ဆေးဖက်ဝင် တန်ဖိုးရှိတာကိုး။

    ကောက်ရိုးပုံစောင့်ခွေးဆိုတာနဲ့ပတ်သက်လို့ကတော့ သက်ဆိုင်ရာလူမျိုး ဒေသရဲ့ ထုံးစံဓလေ့ ယဉ်ကျေးမှုအပေါ်လိုက်လို့ ကွာခြားကြမယ်ထင်ပါတယ်။ ကျနော်တို့ မြန်မာတွေက ခွေးကို ယုတ်ညံ့တဲ့ သတ္တဝါအဖြစ် ယူဆကြပါတယ်။ မူဆလင်တွေလည်း ဒီလိုအယူရှိပါတယ်။ ဒီတော့ ခွေးနဲ့ပတ်သက်တဲ့ ဥပမာတွေ စကားပုံတွေက မကောင်းတာဖြစ်နေတာပေါ့။ အနောက်နိုင်ငံတွေမှာကြတော့ ခွေးဆိုတာ လူရဲ့အကောင်းဆုံးမိတ်ဆွေ အိမ်မွေးတိရစာ္ဆန် ဆိုတော့ အဲဒီလို မြင်ကြမှာ မဟုတ်ပါဘူး။ သတင်းတွေမှာ လေ့လာစောင့်ကြည့်သူ၊ လေ့လာစောင့်ကြည့်ရေးအဖွဲတွေကို watch dog လို့သုံးနှုန်းပါတယ်။ ဘက်မလိုက် တိကျတဲ့သဘောပါ။ ဥပမာ election watchdog, human rights watchdog.

  • kohtoo

    October 13, 2010 at 2:16 am

    ခု လို comment ပေး တဲ့ အ တွက် ကျေး ဇူး တင် ပါ တယ်။ ” ခွေး” အ ပေါ် မှာ လူ အ မျိုး မျိုး ရဲ့ သုံး သပ် ချက် ကွဲ သွား တာ လည်း ုဟုတ် ပါ တယ်။

  • naywoonni

    October 20, 2010 at 1:53 pm

    လူဆိုတာအူမတောင့်နေလဲသီလစောင့်ချင်မှစောင့်တဲ့အမျိုးဗျ
    အူမမတောင့်ပေမဲ့လဲအကျင့်သီလကောင်းချင်ကောင်းနေတတ်ပြန်ရော…
    လူအမျိုးမျိုးပဲ…….

Leave a Reply