ရန် ကုန် မြို့ မှာ နာမည်ရ တံဆိပ် တခု ဖြစ်တဲ့ ဗဟန်းဘက်က သင်္ကန်း ချုပ်စက်ရုံ တခုမှာ ၀က်သား အမဲသား မစားရပါဘူး ထမင်းစားချိန်ဆို ထမင်ချိုင့်တွေ လိုက်စစ်တဲ့ လူ သတ်သတ် တယောက် တာဝန်ပေးပြီး ထမင်းချိုင့်ထဲမှာ ၀က်သား အမဲသားပါရင် ဒဏ်ငွေ ၅၀၀ ဆိုလား ကောက်တယ် ပြောတယ်.. ဟင်းတန်ဖိုးတောင် ၅၀၀ တန်အောင် မစားနိုင်တဲ့ အထည်ချုပ် အလုပ်သမ လေးတွေ .. နှစ်ရှည်လများ.. လုပ်တော့ ၀က်သား အမဲ သား စားရကောင်းမှန်းတောင် မသိတော့ဘူး.. အဲဒီ လုပ်ငန်းရှင်က ကုလားမဟုတ်ဘူးနော်.. မင်ကြီးမင်းလေး ဆိုရင်တော့ မပြောတတ်ဘူး.. အလုပ်သမား အခွင့်အရေးနဲ့ သူဠေး တားမြစ်ပိုင်ခွင့်အပေါ် ဘယ်လိုမြင်လဲဟင်.. မတရားဘူးလို့ မြင်တာဘဲ.. သူ့ပါးစပ်နဲ့ သူစားတာဘဲ.. သူလည်း ဘာမှ ထိခိုက်အောင် လုပ်တာမှ မဟုတ်တာ.. ပြောတော့လည်း အစားတလုပ်အတွက်.. ရေးကြီးခွင်ကျယ်လုပ်တယ် ဖြစ်မယ်နော်.. စစ်တဲ့ လူက စစ်.. ဒဏ်ကြေးပါ ကောက်လိုက်သေးတယ် ဆိုတော့.. ကြားရတာ လောက ကြီး ဇောက်ထိုးဖြစ်နေသလိုဘဲ.. သင်္ကန်းဆိုတာ ထေရ၀ါဒ ဘုန်းကြီးတွေ အမြဲ ကိုယ်နဲ့ မကွာ ၀တ်ရုံထားကြတာ.. ဘာသာရေးကို ကြည်ညို ကိုးကွယ်လို့ သင်္ကန်းရောင်းတာ ဆို.. ဒီ စပ်ကြား အယူဝါဒတွေ လုံးဝ လိုက်မတင်းကျပ်သင့်ဘူး.. ကိုယ်တိုင် မစားတာ လက်ခံတယ်.. ကျန်းမာရေးကြောင့် စသဖြင့်ပေါ့လေ.. လူတွေလည်း တခုမဟုတ် တခုနဲ့ ရူးနေကြတာတော့ အမှန်ဘဲ.. ပြောရင်လည်း လောကကြီးနဲ့ ဆန့်ကျင့်တဲ့ လူဖြစ်တော့မယ်.. ဒီတင်ဘဲ ရပ်တော့မယ်..

About ဆူး

has written 398 post in this Website..