ချီလီမိုင်းလုပ်သားများကို ကယ်တင်မှုပြီးဆုံးသွားခဲ့

Linn LettOctober 14, 20101min1244

လွန်ခဲ့သော ၆၉ရက်ခန့်က ချီလီနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သော မြေပြိုကျမှုတွင် ပါဝင်ခဲ့သောချီလီမိုင်းလုပ်သားများမှာ ယခုအခါ ၃၃ယောက်စလုံးပြန်လည်လွတ်မြောက်သွားခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

ယင်းမိုင်းလုပ်သားများကို ၁၃−၁၀−၂၀၁ဝရက်နေ့ နံနက် ၉း၃ဝခန့်မှ စတင်ကယ်ဆယ်မှုများပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၁၄−၁၀−၂၀၁ဝရက်နေ့ နံနက် ရး၁၅တွင် ပိတ်မိနေခဲ့သော ၃၃ယောက်စလုံးအားကယ်တင်နိုင်ခဲ့ပြီဖြစ်သည်။

မူလက ယင်းမိုင်းလုပ်သားများကို တစ်နာရီတစ်ယောက်နှုန်းဖြင့်ကယ်တင်နေခဲ့ခြင်းဖြစ်ကာ အခြားသတင်းဌာနများက ၃၃ယောက်စလုံးကိုကယ်တင်နိုင်ရန် နာရီပေါင်း ၄၄နာရီခန့်အချိန်ယူရနိုင်ကြောင်းသုံးသပ်ခဲ့ကြသည်။ သို့သော် ခန့်မှန်းထားသောအချိန်ထက် ဆောလျင်စွာကယ်တင်နိုင်ခဲ့သဖြင့် ဝမ်းသာစရာပင်ဖြစ်သည်။

ကယ်ဆယ်ရေးလုပ်သားများသည် အစပိုင်းတွင်ကယ်ဆယ်မှုနှုန်းနှေးခဲ့သော်လည်း နောက်ပိုင်းတွင် မြန်ဆန်စွာကယ်တင်နိုင်ခဲ့သောကြောင့် ယခုကဲ့သို့ ၂၄နာရီမပြည့်မီမှာပင် ပိတ်မိနေခဲ့သောမိုင်းလုပ်သားများအားလုံးအား ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။

နောက်ထပ်သိရသည်မှာ ကယ်ဆယ်ရေးလုပ်သားများသည် တစ်ဦးကယ်လျှင် ပေါင် ၆၀ဝခန့်ရရှိခဲ့သည်ဟုသိရသည်။ ထို့အပြင် မန်ယူ၊ ရီးရဲလ်အစရှိသည့် နာမည်ကြီးဘောလုံးအသင်းများကလည်း ယင်းကယ်ဆယ်ရေးလုပ်သားများအား ဘောလုံးပွဲအခမဲ့လာရောက်ကြည့်ရှုရန်ဖိတ်ကြားခဲ့သေးသည်။
မည်သို့ပင်ဖြစ်စေ ချီလီနိုင်ငံမှမိုင်းလုပ်သားများအတွက်တော့ ဝမ်းသာစရာတစ်ခုဟုဆိုရမည်။

4 comments

  • ဆူး

    October 14, 2010 at 2:15 am

    မင်္ဂလာ သတင်းလေးဘဲ.. ကောင်းပါတယ်..

  • april

    October 14, 2010 at 3:51 am

    သူတို့ မိသားစုတွေ ပြန်တွေ့ဆုံရ တဲ့အတွက် ဝမ်းသာပါတယ်။ 🙂

  • kohtoo

    October 14, 2010 at 5:04 am

    တ ကမ္ဘာ လုံး က၊ ဂ ရု စိုက် တဲ့ / သိ တဲ့ ကိစ္စ ကို ….အ ရေး တ ယူ ၊ စောင့် ့ကြည့် ကူ ညီ ပေး တဲ့ သက် ဆိုင် ရာ နိုင် ငံ ရဲ့ လူ ကြီး တွေ ကို လေး စား ပါ တယ်။

  • Gong Zhu

    October 14, 2010 at 8:33 am

    ပျော်စရာကြီးနော် … သူတို့တွေ အရမ်းကိုပျော်နေကြမှာပဲ …

Leave a Reply