ကလေးတို့ရေ နွေရာသီမှာ ပျော်ကြရအောင်

manawphyulayOctober 13, 20101min370

Early Learning version 5.0

ကွန်ပျူတာခေတ်မှာ ကလေးများရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေဖို့ အလွယ်တကူ စာသင်ကြားပေးနိုင်ပါတယ်။ ကလေးများလည်း အပျင်းပြေ ပျော်ရွှင်ကြရတာပေါ့။ ဆော့ဖ်ဝဲတွေ အများကြီးရှိတဲ့အထဲက ကောင်းမယ်ထင်တဲ့ ဆော့ဖ်ဝဲများကို ညွှန်းပေးပြောပေးတာပါနော်။ အခု KIDware (www.kidware-software.com) က ထုတ်လုပ်တဲ့ Early Learning (share ware) လေးက ကလေးများကို စိတ်ဝင်တစား စာသင်ယူကြပါလိမ့်မယ်။
ဆော့ဖ်ဝဲလေးကတော့ အသက် ၃ နှစ်ကနေ ရ နှစ်အထိ ကလေးများအတွက်လို့ ဖော်ပြထားပြီး ၎င်းတွင် ပညာရေးဆိုင်ရာ program ၁၅ ခုပါဝင်ပါတယ်။ ဒါပေမယ့် အခမဲ့စမ်းသပ်သုံးတဲ့အခါ  program ၁ဝ ခုသာ သုံးနိုင်မှာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် မနည်းပါဘူး။ ဝယ်မယ်ဆိုရင်တော့ ၁၄.၉၅ ဒေါ်လာကျသင့်ပြီး ၁၅ ခုလုံး အပြည့်အဝရရှိမှာ ဖြစ်ပါတယ်။ သင်ကြားပုံတွေကိုပါ ပြောပြရရင် ‘Letter Fun’ သည်  a, b, c, d စာလုံးများကို ပုံပြအသံထွက်နဲ့ သင်ပေးပြီး  a, b, c, d စာလုံးအခြေခံကို ပိုင်နိုင်စွာ နားလည်စေနိုင်ပါတယ်။ “Telling Time” သည် အချိန်နာရီကို သင်ပေးပါတယ်။ ‘Counting Fun’ သည် ကိန်းများကို နားလည်စေပြီး အခြေခံ တွက်ချက်တတ်ဖို့ ဖြစ်ပါတယ်။ ‘Colours & Shapes’ သည် အရောင်နဲ့ ပုံသဏ္ဌာန်အကြောင်းရဲ့ သင်ခန်းစာဖြစ်ပါတယ်။ ‘Matching Fun’သည် ဂိမ်းအသွင် သင်ယူစေခြင်း ဖြစ်ပြီး ‘Early Math’ သည် သင်္ချာတွက်ချက်ရာမှာ စိတ်ဝင်စားစေဖို့ ဖြစ်ပါတယ်။ ‘Tic Tac Toe’ ကလည်း ကွန်ပျူတာနဲ့အပြိုင် ကစားဖို့ပါ။  ‘Card Fun’, ‘Barnyard Fun’, ‘Treasure Mase’, ‘Memory Game’, ‘Balloon Papper’ စသည့် ကလေးများ စိတ်ဝင်စားဖွယ် သင်ကြားရေးနည်းများလည်း ပါဝင်ပါသေးတယ်။ အပျင်းလည်းပြေ ပညာလည်းတတ် ပျော်ရွှင်မှုလည်း ရရှိနိုင်မယ်လို့ ကျွန်မ ယူဆမိပါတယ်။