သက်မဲ့ (Animation)

နိုင်နိုင်October 13, 20101min833

မှန်ကန်ကြီးတစ်ခုကို တည်ဆောက်ပြီးနောက် ပေ အနည်းငယ် ပတ်လည်လောက်ပေါ့ အရောင်တွေစုံလင်ဖို့လည်း ခေါင်းစားရတယ် အကြောင်းက လှုပ်ရှားမဲ့ သက်ရှိတွေ သင့်မြတ်ဖို့လေ။ ပထမဆုံးအနေနဲ့ ရုပ်သေ အရာဝတ္ထုတွေကို မှန်ကန်အတွင်းမှာ နေရာချရမယ်  ပန်းပင်အတုတွေ ကျောက်ခဲဖြူ သို့မဟုတ် အရောင်ရှိတဲ့ ခဲလုံး တွေပေါ့ အဲဒီအတွင်းမှာ လှုပ်ရှားသက်ဝင်ဖို့အတွက် အစောပို်င်းက ပြောခဲ့သလို ရောင်စုံသက်ရှိတွေထဲ့လိုက်တော့မယ် (အလှမွေးငါး)လေးတွေပါ ဒါကို ရုပ်သေပစ ည်းကြားမှာ လှပတဲ့ငါးတွေ ရေသန့်စက်၊အောက်စီဂျင် ရေပူပေါင်းတွေ ကြားမှာ ကူးခတ် ပုလဲ ငါးလို့ခေါ်တဲ့ငါး Betta လို့ခေါ်တဲ့ ဖိုက်တာငါး redhead and Oscar ငါးလေးတွေပါပဲ သက်မဲ့ပစ ည်းတွေနဲ့ လှုပ်ရှားနေတဲ့ အလှငါးလေးတွေ ပေါင်းစပ်လိုက်တော့ ကျွန်တော့်ရဲ့ (သက်ရှိ Animation) program ဟာ လှပ ခန့်ငြားနေရှာပြီပေါ့။ ငါးကန်တွေကို အလှဆင် ချစ်နေရတဲ့ ငါးတွေကို ကြည့်နေရင်းမှ အမှတ်တမဲ့ ပေါ်ပေါက်လာတဲ့ အတွေး တစ်ခုကို စာရွက်ကြမ်းပေါ်မှာ ရေးချရင်းနဲ့ webpage ပေါ်ကို ရောက်ရှိလာရပါတယ်။ နောက်ဆက်တွဲ အတွေးတစ်ခုမှာ (မှန်ကန်ထဲမှ ငါးလေးတွေ အမြဲတမ်းကူးခတ်နေတယ် သို့သော် ခရီးမရောက်ကြပါ ဒါကြောင့် ကျွန်တော်တို့လည်း ဘယ်လောက်ပဲ ကူးခတ်နေပါစေ မှန်ကန်ထဲက ငါးလေးတွေမဖြစ်ကြဖို့လိုအပ်ပါတယ်)

3 comments

  • bigcat

    October 13, 2010 at 5:07 am

    ငါးလေးတွေကို တကယ်ချစ်တယ်ဆိုရင် သူတို့ကို သဘာဝ အတိုင်းလွတ်လပ်စွာ ကူးခပ်ခွင့်ပေးလိုက်ပါ။ မိမိပျော်ရွှင်မှုအတွက် တဖက်သားမှာ ဒုက္ခမရောက်ပါစေနဲ့။ မှန်ကန်ထဲက ငါးတွေဟာ ဘယ်တော့မှ ခရီးမရောက် နိုင်ကြမှာ မဟုတ်သလို သူတို့ကို ချုပ်နှောင်ပြီး ကန်လေးထဲမှာ ကူးခတ်နေစေခြင်းဟာလည်း တကဲ့စစ်မှန်တဲ့ ကြည်နူးချမ်းမြေ့မှု ဖြစ်ပါ့မလား။ မိမိကိုယ်တိုင်ရော သူတို့လေးတွေလို တပါးသူပျော်ဖို့အတွက် တသက်လုံး အဖြည့်ခံလုပ်ပေးရမယ်ဆိုရင်ကော ဘယ်လိုခံစားရမလဲ။

  • cherrylandlay

    October 13, 2010 at 10:56 am

    ဟုတ်ကဲ့ပါ ကွန်မန်းဟာ အတော်လေး ကောင်းမွန်ပါတယ်ဗျာ ငါးလေးတွေကိုတော့ တကယ်ချစ်ပါတယ် သို့သော် ကန်ထဲကငါး ကျွန်တော့် ကန်လေးထဲ ရောက်တာ ငရဲတော့ကြီးမယ်မထင်ဘူး ဒါပေမဲ့ လွတ်မြောက်သွားလိုက်ရင် ပိုကောင်းတာပေါ့။ ပုံမှန်အားဖြင့်တော့ ကြည်နူးစရာကောင်းပါတယ် သူတို့လေးတွေ မှန်ကန်ထဲမှ လှပတင့်တယ်နေတာကို ကြည့်ပြီးလေ တရားနဲ့ကြည့်မယ်ဆိုရင်တော့ အတော်များများမှာ မသင့်တော်တာတွေများလှပါတယ် သို့ပေမဲ့ ခံယူချက်ချင်းကွာနေကြပါတယ် ပထမ ကိုယ်ကိုတိုင် ခံစားမှုကောင်းနိုင်မှ သူများကို ကောင်းအောင်လုပ်ပေးနိုင်တာ ပိုကောင်းမယ်ထင်ပါတယ် ဝါသနာတစ်ခုမှာ စွဲလန်းတတ်တဲ့ စိတ်တွေ အရင်းခံနေပြီးသားပါ။ ကျေးဇူးတင်ပါတယ် ဗျာ
    ကျွန်တော်ဝါသနာအရတင်ပေးလိုက်တာပါ။

    • bigcat

      October 14, 2010 at 12:08 am

      အေးဗျာ၊ ဘာရယ်မဟုတ်ပါဘူး ကိုယ့်အမြင်လေးကို ရင်းနှီးစွာ ဖလှယ်တာပါ။ ခလေးဘဝတုန်းက အလှငါးတွေ တုိုက်ငါးတွေမွေးခဲ့၊ တီကောင်လေးတွေကို ငါးတွေကိုကျွေးခဲ့၊ ပုဇင်းလေးတွေဖမ်းပြီး ပုလင်းထဲ ထည့်ပြီး ကိုယ်ချင်းမစာ ပျော်ခဲ့မိပေမဲ့ ကိုယ်အလှည့်ကြတော့ တော်တော်အီတာနော။ သူတို့တွေအသက်ဆုံးတဲ့အထိ အချုပ်အနှောင်ဘဝနဲ့ ကျဉ်းကျဉ်းကျပ်ကျပ် နေသွားရပေမဲ့ ကိုယ်ကဘာမှ ဆိုးဆိုးရွားရွားမဖြစ်ခဲ့တာဘဲ ကံကောင်းတယ်လို့ မှတ်ပါတယ်။ ကျနော့မှတ်ချက်ကို အရေးတယူလုပ် ပြန်တဲ့အတွက်ကျေးဇူးပါ။ လွတ်လပ်စွာကွဲလွဲပိုင်ခွင့်ကို သဘောတူပါတယ်။

Leave a Reply