ဘီယာကို ဘယ်လို ထုတ်လုပ်ခဲ့သလဲ

parparaziApril 1, 20101min14610

ဘီယာသည်ပထမဆုံးအရက်ပါသော အဖျော်ယမကာတစ်မျိုးဖြစ်ပြီး၊ ပထမဆုံးဘီယာမည်သူစ
တင် သောက်ခဲ့သည်ကိုမူ မသိရှိပေ။ သမိုင်းပညာရှင်များက လူသားများသည် ဘီယာနှင့်တခြားယမကာ
များကို နှစ်ခြိုက်ခဲ့ကြကြောင်းကောက်ချက်ချခဲ့ကြသည်။ ဂျုံ၊ စပါးစသည့်  နှံစားပင်နှင့်  ရေကိုအသုံးပြု၍
ပေါင်မုန့်မထုတ်လုပ်နိုင်ခင် ပထမဆုံးဘီယာကို ထုတ်လုပ်ခဲ့သည်။ ထုတ်လုပ်မှုနည်းစနစ်   အမျိုးမျိုးပေါ်
ထွက် လာပြီးနောက် အသုံးပြုသည့် နှံစားပင်လည်းကွာခြားခဲ့သည်။ ဘီယာ ထုတ်လုပ်ရာတွင် အာဖရိက
လူမျိုးများက လူး၊ ဆပ်၊ နှံစားပြောင်း၊ ပီလောပီနံ ကို အသုံးပြုကြသည်။ တရုတ် လူမျိုးများကမူ ဂျုံကိုအ
သုံးပြုကာ ဂျပန်လူမျိုးများကဆန်ကိုအသုံးပြုကြသည်။ အီဂျစ်လူမျိုးများက ဘာလီစေ့ကိုအသုံးပြုကြပြီး၊
ယနေ့ခေတ်ဘီယာထုတ်လုပ်ရာတွင်အဓိက အသုံးပြုသောဗျစ်ပန်း(Hop)  များ ကိုမူ အေဒီ ၁,၀၀ဝ တိုင်
အောင်အသုံးမပြုပေ။ ယနေ့ခေတ်ဘီယာချက်လုပ်ရာတွင် ခေတ်မီနည်းစနစ်များ ဖြင့်ချက်လုပ်ကာအလို
အလျောက် ပုလင်းထဲထည့်ခြင်း၊  ပိုးသတ်ခြင်းများကို  ဆောင်ရွက်သည်။ Kruger Cream Ale တံဆိပ်
ပထမဆုံးဘီယာဘူးများကို၁၉၃၅ခုနှစ်၊ဇန်နဝါရီ၂၄ရက်က Kruger Brewingကုမ္ပဏီမှထုတ်လုပ်ရောင်း
ချခဲ့ကြကြောင်း ၂၀၀၈ခုနှစ်မေလ၁၅ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင်ဖော်ပြထားပါသည်။

10 comments

  • phothiha

    April 1, 2010 at 3:34 pm

    ဘီယာ ဟာ အရက်တော့ မဟုတ်ဘူးပေါ့နော်
    ဒါပေမဲ့ လူကြိုက်များတာတော့ ငြင်းလို့မရဘူးနော်
    အခုခေတ်မှာ က လူငယ်တွေတော်တော်များများက
    သောက်နေကြပြီလေ။

  • kai

    April 1, 2010 at 10:27 pm

    ဘီယာက အရက်ပါခင်ဗျာ။ အယ်လ်ကိုဟော ပါတယ်ရေးထားပါတယ်။
    မယုံရင်သောက်ကြည့် …မူးတယ်။
    ဂျပန်တွေက ဆန်နဲ့လုပ်တော့ ဆာကေး ခေါ်ပါတယ်။ အဲဒါလည်းမူးတာပါပဲ။
    တိုင်းရင်းသားတွေက ကောက်ညင်းဆန်နဲ့လုပ်ရင် ခေါင်ရည်ခေါ်ပါတယ်။
    အဲဒါလည်း…မူးတာပါပဲ..။
    ပထမဆုံး စကိုင်းဘီယာကို ဗမာတယောက်ကစသောက်ခဲ့ပါတယ်။
    သူက စကိုင်း(မိုးကောင်းကင်)ပေါ်တက်ပြီး ထန်းသီးကိုယူ..အထဲကအရည်ကို နေ့လည် ၁နာရီမှာသောက်တာ…
    မူးနေရောတဲ့..။ သဘာဝ ဘီယာပါ..။
    ဗာရာဏသီပြည်မှာတဲ့လေ..။
    လွန်ခဲ့တဲ့ နှစ်၅ထောင်ကျော်ကတဲ့..အီဂျစ်မှာ ပိရမစ်တောင် မဆောက်ရသေးဘူးဆိုပဲ..။

  • susunosuki

    April 17, 2010 at 9:38 am

    ဘီယာကို တကယ်တမ်းတော့ မြန်မာတို့က အရက်လို့သတ်မှတ်တတ်ပါတယ်
    အများစုက အမျိုးသမီးတွေပါ
    သူတို့ကသောက်မှ မသောက်ဘူးတာကိုး
    ကျွန်တော်တို့မြန်မာဝေါဟာရမှာ အရက်ဆိုတာ(Alcohol)ပါဝင်တာကို တိုက်ရိုက်မဆိုလိုပါဘူး။
    မယုံရင် ကြိုက်တဲ့ ဘီယာဆိုင် အရက်ဆိုင်ကိုသွားကြည့် ရာနှုန်းပြည့်နီးပါး
    မီနူးကို သတ်သတ်ခွဲရေးတာကို တွေ့လိမ့်မယ်

  • သာမိညောင်

    April 20, 2010 at 3:36 pm

    တောအရက်ချက်နည်းလေးလိုချင်ပါတယ်

  • yelwinsoe

    May 3, 2010 at 10:40 am

    ဘီယာက မူးတာဆိုတော ့အရက်လို ့လဲပြောလို ့ရတယ်နော် ဒါပေမယ် ့လူအများစုကသောက်တယ်နော်..

  • chitkay

    May 13, 2010 at 9:23 am

    ကားစီးလို့မူးတာ၊
    သင်္ဘောစီးလို့ လှိုင်းမူးတာ၊
    အရက်သောက်လို့ မူးတာ၊
    ဘီယာသောက်လို့ မူးတာ၊
    ကွမ်းစားရင် ဆေးများလို့ မူးတာ၊
    ဘယ်လို မူးမူး မကောင်းပါဘူးနော်။

    အခုလို ဗဟုသုတအဖြစ် တင်ပြပေးတာကိုတော့ ကျေးဇူးတင်ပါတယ်။

  • satan24

    July 9, 2010 at 4:54 am

    ဘီရာကများများသောက်ရင်ဗိုက်ပူမယ် ရှုးရှုးပေါက်တာများရင်အမူးပြေတယ် မကောင်းဘူး ဒါကြောင့် ဒီပြင့်အရေသောက်မယ်။ black တို့ red တို့ ပေါ့

  • moethidasoe

    August 28, 2010 at 7:08 am

    မြန်မာအဆိုအရ အရက်ဆိုတာ မူးယစ်တတ်တဲ့ အင်္ဂလိပ်လို အယ်လ်ကိုဟော ထပ်ဆင့် ရှင်းရရင် အီသိုင်းအယ်လ်ကိုဟော (သောက်လို့ရတဲ့ အယ်လ်ကိုဟော) ပါတယ်ဆိုရင် အရက်လို့ သတ်မှတ်ပါတယ် .. ဘီယာက ၅%ပဲ ပါတယ် လို့ ဆိုပါတယ် .. အေးလ် ဆိုတာ ၁၀% ပါတယ် အေဘီစီစတောက် ဆိုတာ အေးလ် အမျိုးအစားပါ .. ဂျင် ဆိုရင် ခန့်မှန်းခြေ ၁၄% လောက် ပါတယ် .. ဝီစကီ ဆိုရင် ၄၀% လောက် ပါတယ် .. အနံ့ကတော့ ဖောက်တဲ့ အခြေခံပစ္စည်းပေါ်မှာ မူတည်ပြီး ပြောင်းသွားမယ် .. ဒါကြောင့် ဘာပဲ ပြောပြော ဘီယာဟာ အရက် .. ဝီစကီ တစ်ပက် သောက်ရင် မူးသလောက် ဘီယာ များများသောက်ရင်လဲ မူးတယ် .. ဆင်ခြေ မတက်ကြပါနဲ့ .. အားလုံး အရက်ပါပဲ .. သုရာမေဒယ ကံ ထိုက်ပါတယ် ..

  • winkhant

    October 10, 2010 at 9:21 am

    တကယ်တော့ အရက်နဲ့ဘီယာက မတူပါဘူး…အရက် ဈေးပိုကြီးပါတယ်ခင်ဗျ….ဘော်ဘော်များအနေနဲ့ ကြိုက်သလောက်သောက်ပါ…ပီးရင်တော့ ကျသလောက်တော့ရှင်းသွားနော်…

  • michaelaungpu

    October 10, 2010 at 12:41 pm

    ဖြတ်နေပါတယ် (အဝယ်) ဆိုကာမှ တည့်တည့်လာတိုးနေတယ်။

Leave a Reply