Exiled: Children With HIV – Need HELP!

kaiOctober 13, 20101min811

Dear All,

http://www.newyorker.com/video?videoID=62934593900

ထိုင်းမြန်မာနယ်စပ်က အမျိုးသမီးများအတွက် လူမှုစောင့်ရှောက်ရေးအဖွဲ့ (Social Action for Women) မှ အိတ်ချ်အိုင်ဗွီ ဝေဒနာရှင်များအတွက် အကူအညီလိုအပ်ခြင်း

အမျိုးသမီးများအတွက် လူမူစောင့်ရှောက်ရေးအဖွဲ့သည် ထိုင်းမြန်မာနယ်စပ်ကို ရောက်ရှိလာတဲ့ အိတ်ချ်အိုင်ဗွီ အေအိုင်ဒီအက်စ် ဝေဒနာရှင်တွေကို နေရာထိုင်ခင်းနဲ့အစားအသောက် ဆေးဝါးအကူအညီပေးနေသည့် အဖွဲ့အစည်း ဖြစ်ပါသည်။ စောအဖွဲ့သည် ဝေဒနာရှင် အမျိုးသမီး နဲ့ ကလေး  ၅ဝ ကျော်ကို အကူအညီ ပေးနေပါသည်။ ၂၀၀၈ ခုနှစ်မှာ ကုလသမဂ္ဂကပေးအပ်တဲ့ ဖဲကြိုးနီဆုကို ရရှိခဲ့ပါသည်။ လက်ရှိအခြေအနေမှာ ဝေဒနာရှင်တွေအတွက် အခက်အခဲတွေ ရင်ဆိုင်နေရပါသည်။

ယခင်တုန်းကတော့ လူနာတွေနဲ့ ပတ်သက်ပြီး မဲဆောက်ဆေးရုံကြီး မယ်တော်ဆေးခန်းနဲ့ MSF ကနေ  အေအာဗွီဆေးဝါးတချို့ ရရှိပေမယ့် အခုအခါမှာတော့  MSF က နယ်စပ်က ထွက်ခွါသွားသည့် အခါ MSF ကို မှီခိုအားထားနေရတဲ့ လူနာများအတွက် ဆေးဝါး အခက်အခဲကို ရင်ဆိုင်နေရပါသည်။ တချို့လူနာတွေဆိုရင်လည်း  ဆေးစစ်ဖို့အချိန်ကာလကို ရောက်ရှိနေပြီး ဆေးသောက်ရမယ့် အခြေအနေကို ရောက်နေတဲ့လူနာများလည်း ရှိနေပါသည်။ ယခင်ဆေးရပြီးသား လူနာများမှာလည်း စက်တင်ဘာလ ကုန်ပြီးကတည်းက ဆေးဝါးအကူအညီများ မရရှိတော့ပါ။ ဒီအတွက် မဲဆောက် ဆေးရုံကြီးကနေ ဆေးဝယ်တိုက်ရမယ့် အခြေအနေ ဖြစ်ပေါ်နေပါသည်။  ဆေးဝယ်သောက်ရုံသာမက သွေးဖြူဥ စီဒီဖိုး အကောင့်ကို ပုံမှန်စစ်ဆေးရခြင်း ဆေးသောက်ရမည့် လူနာများဖြစ်ပါကလည်း သွေးစစ်ခြင်း ခန္တာကိုယ်မှ ရောဂါတွေကို စစ်ဆေးခြင်းတွေလည်း လုပ်ရမှာဖြစ်တာကြောင့် ကုန်ကျစရိတ်များ ရှိနေတဲ့အတွက် အကူအညီများ လိုအပ်နေပါသည်။

လောလောဆယ် အမျိုးသမီး  ၈ ဦး နဲ့ ကလေး ၄ ဦးမှာ အရေးပေါ် ARV ဆေးတိုက်ဖို့လိုအပ်နေပါသည်။ တခြားကိုယ့်ခံအားကျလာသူတွေကိုလည်း သွေးဖြူဥစစ်ပြီးပါက ဆေးသောက်ရမည့်ကာလကို ရောက်နေပါသည်။ ဒီအတွက် အလျူရှင်များ ရှိပါက အကူအညီပေးကြဖို့ မေတ္တာရပ်ခံတောင်းဆိုပါသည်။

အကူအညီပေးလိုပါက

Name OF Bank – KASIKORNBANK

Bank Account Name SAW (Social Action For Women)

Bank Account Number 212- 2- 620 46-0

Bank Address  _84/9 PRASARTVIFEE ROAD MAESOD ,THAILAND

63110 THAILAND

TYPE – SAVIN _Swift Code /KASI THBK

WWW.sawburma.org, http://socialactionforwomen.blogspot.com/

Note: Copied Info from email message

One comment

  • ဆူး

    October 13, 2010 at 6:11 am

    ဆရာရေ.. ပွိုင့် ၂၀၀၀ဝ လောက် လှူချင်တယ်.. လှူပေးမလား

Leave a Reply