မှန် နဲ့ ပတ်သက်တဲ့ အယူအဆများ

search123October 14, 20101min1114

မှန် နဲ့ ပတ်သက်လို့ ကြားဖူးနားဝ ရှိ ထားတာလေးတွေ မျှဝေလိုက်ပါတယ်။
မှန်တစ်ချပ် ကို အိမ် အဝင် မှာ ချိတ်ဆွဲထားမယ် ဆိုရင် လာဘ်ရွှင်၊ငွေဝင် တယ်လို့ ယူဆကြပါတယ်။
ဒါ့ အပြင် ဒီလို မျိုး မှန် ကို ချိတ်ဆွဲထားခြင်းဟာ မကောင်းဆိုးဝါး ကို ကာကွယ်ပေး နိုင် တယ်လို့လည်း ယုံကြည်ကြပါတယ်။
မြန်မာ အယူအဆမှာ လှည်းဦးတိုက်၊လှေဦးတိုက် အိမ် ဖြစ်ခဲ့ရင် မကောင်းဘူးဆိုတဲ့ အယူအဆ ရှိပါတယ်။
ူအဲဒီ ပြဿနာ ကိုလည်း မှန် တစ်ချပ်နဲ့ ပဲ ဖြေရှင်းနိ်ုင်ပါတယ်။
လှည်းဦးတိုက်၊လှေဦးတိုက် အိမ် ရဲ့ ခြံဝ၊အိမ်ဝ မှာ မှန် တစ်ချပ် ချိတ်လိုက် ရုံပါဘဲ တဲ့။
ပြီးတော့ မှန်တအား ကြိုက်ပြီး၊ မှန်ကို အမြဲ လိုလို ကြည့်တတ် သူတွေ ဟာ …အသက်ကြီးလာရင် အခြားသူတွေ ထက် စိတ်ကျ ရောဂါ ဖြစ်နိုင်ချေ ပိုများပါတယ် တဲ့။
(ဘာကြောင့် လဲ ဆိုတာတော့ သေချာမသိပါ။)
ွွှှအရေးအကြီဆုံး အချက်ကတော့…
လင်၊မယာ: အတူတူ နေတဲ့ အိပ်ရာ၊ကုတင် ကို မှန်နဲ့ မျက်နှာချင်းဆိုင် မထားရပါဘူးတဲ့။
တစ်နည်း အားဖြင့် ပြောရရင်တော့ အတူတူ နေတဲ့ အိပ်ရာ၊ကုတင် ဟာ မှန်ထဲမှာ ပေါ်မနေရဘူးတဲ့။
အဲဒီလို ထားမိရင် အဲဒီ စုံတွဲ ထဲ က တစ်ယောက်ယောက် က ဖောက်ပြန် တတ်ပါ တယ်တဲ့။
ဒါကြောင့် မို့ ဟိုတယ်တွေ၊တည်းခိုခန်း တွေ မှာ ဆိုရင် ကုတင် ကို မှန် ထဲမှာ ပေါ်အောင် တမင် ထားပါတယ် တဲ့။
ဒါမှ စုံတွဲ တွေ များများလာအောင်လို့ပါ တဲ့။
သိသလောက် လေးတွေ တင်ပြပေးလိုက် ပါတယ်။
မှားတာ ရှိရင် လည်း ပြောပြပေး နိုင်ပါတယ်။

4 comments

  • ဆူး

    October 14, 2010 at 4:22 am

    သိသလောက်ပြောလို့ မြင်မိသလောက် ဖောလိုက်အုန်းမယ်.. ကိုရီးယား ကားတွေမှာတော့ ကုတင်ခြေရင်းတိုင်းမှာ မှန်တင်ခုံ ရှိတတ်တယ်.. သူရိုးရာလို့တောင် ပြောရမလားဘဲ.. အယူဝါဒ ဆိုတာ နေရာတိုင်းမှာ ရှိတတ်ပေမဲ့.. အယူဝါဒကို လက်ခံ ကျင့်သုံးတဲ့ လူတွေ အပေါ်မှာ မူတည်ပြီး အကြောင်း အမျိုးမျိုး ပြောင်းလဲ သွားကြတယ်..
    ဥပမာ.. မြန်မာမှာ ဇီးကွက်.. လပ်ကောင်.. အနောက်နိုင်ငံ တခု.. နာမည်မေ့.. အဲဒီမှာတော့ ဇီးကွက် အမင်္ဂလာကောင် အကောင်ရေတောင် အဲဒီမှာ တော်တော် ရှားပါးနေတယ်..
    ကြောင်အော်သံ မြန်မာတွေကက ညှောင်ညှောင် လို့ကြားတယ်.. တရုတ်တွေက မြှောင်မြှောင်း..
    ကြက်ကို မြန်မာတွေက အော်အီးအီးအွတ်.. ရုရှားမှာတော့ ကတူတူတူး.. ဆိုပြီး ကြားသတဲ့ကွယ်..
    နာရီသံကိုတော့ မြန်မာတွေက ချက်ချက်.. အနောက်နိုင်ငံတွေက တစ်တော့တစ်တော့.. (စက်ကွာလို့ အသံကွာတာလည်း ဖြစ်နိုင်တယ်)

    အယူအဆတိုင်းကို လက်ခံကျင့်သုံး နေရရင်တော့ သေရချည်ရဲ့.. ကမာ္ဘမှာ နိုင်ငံတွေ ဒီလောက်များနေတာ.. အားလုံးကို ဆန့်ကျင်.. ကိုယ်ပိုင် အယူဝါဒ အသစ်ထွင်ပြီးသာ နောင်လာ နောင်သားတွေကို ပေးခဲ့လိုက်.. ဟဲဟဲ.. ကော်ပီ ခိုးကူး မှီငြမ်း ခိုးချ အတုယူ တာတွေ တော့ လုပ်ရမှာပေါ့.. ဘယ်သူကိုမှ မပြောပြနဲ့နော်.. တူများတွေ အထင်သေးပြီး.. လိုက်က လိုက်မလုပ်မှာ စိုးလို့..

    နောက်တာနော်..

  • char too lan

    October 14, 2010 at 6:01 am

    အန်တီဆူးကလဲ တရုတ်ကြောင်က တရုတ်ဘာသာနဲ့အော်ပီး
    ရုရှားကြက်ကလဲ ရုရှားဘာသာနဲ့အော်တာနေမှာပေါ့
    😀

  • Gong Zhu

    October 14, 2010 at 8:33 am

    ကလေးတွေကိုမှန်ပြရင် စကားပြောနောက်ကျတယ်ဆိုလား ပဲ …

  • kai

    October 14, 2010 at 8:57 am

    ဟိုတယ်တွေ၊တည်းခိုခန်း တွေ မှာ ဆိုရင် ကုတင် ကို မှန် ထဲမှာ ပေါ်အောင် တမင် ထားပါတယ် ဆိုတာဆွေးနွေးမလိုပါ..။

    ဂျပန်-တိုကျိူ-အိုဆာကာမှာ ၊ လပ်ဗ်ဟော်တယ်တွေဆိုတာရှိတယ်….။ စုံတွဲတွေ ချိန်းတွေ့ပြိး အရှိန်တွေလွန်ရင်နေဖို့ထိုင်ဖို့ငှားတဲ့ဟော်တယ်တွေပေါ့။ယူအက်စ်မှာ မော်တဲလ်ဆိုတာတွေရှိတယ်..။ မော်တော်ကားနဲ့လည်လည်လာပြီး တည်းတဲ့ဟော်တယ်ပေါ့။
    အဲဒီမှာတော့ မှန်တွေမှ နေရာအနှံ ့ထားလိုက်တာ… လဗ်ဟော်တယ်ဆို မျက်နှာကျက်မှာပါ ထားရပါတယ်..။
    စုံတွဲတွေဖေါက်ပြန်ကြဖို့ ရည်ရွယ်ရင်းမဟုတ်တာတော့သေချာတယ်..။
    တချို ့ကိစ္စတွေကလေ… ရိုးရိုးရှင်းရှင်း သဘာဝကျကျတွေးရင် အဖြေပေါ်ပါတယ်..။ 🙂

    ဆိုတော့…
    စားသောက်ဆိုင်တွေမှာ မှန်တွေထားကောင်းပါတယ်။ စတိုးဆိုင်တွေမှာ မှန်တွေများများရှိသင့်ပါတယ်..။
    သဘောကရှင်းရှင်းလေးပါပဲ..။
    ကပ်စတန်မာ … ရုတ်တရက်လှမ်းကြည့်ရင်ဖြစ်ဖြစ်..။ ဝင်လာပြီဖြတ်ကနဲ့ အကဲခတ်ရင်ဖြစ်ဖြစ်… အကျယ်ယ်ယ်ယ်ကြိးလို့ ထင်အောင်ပါပဲ..။
    မြန်မာ အယူအဆမှာ လှည်းဦးတိုက်၊လှေဦးတိုက် အိမ် ဖြစ်ခဲ့ရင် မကောင်းဘူးဆိုတဲ့ အယူအဆက မှန်လောက်ပါတယ်..။
    ယူအက်စ်ဆို.. ကာတွေက အရှိန်မထိန်းနိုင်ပဲ.. အိမ်ထဲ..အဆောက်အဦးထဲဝင်ဝင်လာတတ်တာကိုး..။ ရှေးကဆိုလည်း..နွားလှည်းတို့..မြင်းလှည်းတို့.. အရှိန်နဲ့ဝင်ချင်ဝင်လာမှာကိုး…
    အဲဒီတော့ ..မှန်လို..ရောင်ပြန်လက်လက် တခုခုထားရင်ဖြစ်ဖြစ်… အပင်ကြီးကြီးစိုက်ရင်ဖြစ်ဖြစ် အိုကေပါတယ်..။
    ရှေးတုံးကလူကြိးတွေက …အခုခေတ်လို .. ကွန်မြူနကေးရှင်းမကောင်း.သိပ်ပံပညာမတတ်.။ သချင်္ာမသိဆိုတော့..ဒီလိုပဲ..လွယ်လွယ်နဲ့ဖြစ်အောင် ခြောက်ထားလိုက်ကြတာလို့…ထင်မိပါကြောင်း…။

Leave a Reply