ပထမဆုံး လက်နှစ်ဖက်လုံးမရှိဘဲ လေယာဉ်မောင်းသူ Photo

CharTooLanOctober 14, 20102min795

ဓာတ်ပုံမပါခဲ့တဲ့အတွက် sorry ပါဗျာ……….
အမေရိကန်နိုင်ငံက Jessica Cox ဟာမွေးကတည်းက လက်နှစ်ဖက်လုံး မပါရှိခဲ့ပါဘူး။ ဒီလို မွေးရပါ ဒုက္ခတ တစ်ယောက်ဖြစ်သော်ညားလဲ စိတ်ပညာဖြင့် ဘွဲ့ရထားတဲ့သူမဟာ
စာရေးခြင်း၊ စာရိုက်ခြင်း၊ ကားမောင်းခြင်း၊ ခေါင်းလျှော်ခြင်း နှင့်
ဖုန်းပြောခြင်းတို့ကို သူမရဲ့ ခြေထောက်ဖြင့် အကုန်ပြုလုပ်နိုင်ပါတယ်။ Cox
ဟာ အကမယ်ဟောင်း တစ်ယောက်ဖြစ်သလို တိုက်ကွမ်ဒိုအားကစား မှာလဲ ခါးပတ်
အနက်ရရှိထားသူဖြစ်ပါတယ်။ သူကိုတော့ ယာဉ်မောင်းလိုင်စင်ပေးဖို့ အတွက်တော့
ကန့်သတ်ခြင်း ခံရပါတယ်။ သူဟာ လေယာဉ်ကိုမောင်းနိုင်သလို စာရိုက်တဲ့အခါမှာ
တစ်မိနစ်ကို ၂၅ လုံး အထိမြန်အောင်ရိုက်နိုင်သူ ဖြစ်ပါတယ်။
သူမောင်းတဲ့လေယာဉ်အမျိုးအစားကတော့ Ercoupe လို့ခေါ်ပြီး ခြေနင်မပါရှိတဲ့
လေယာဉ်မျိုးဖြစ်ပါတယ်။ လေယာဉ်ဝဲယာထိန်းပဲ့တက်ပြား ခြေနင်းမပါသော်လည်း
Jessica Cox ကတော့ ခြေထောက်နဲ့ လက်ကိုင်ကို ထိန်းပါတယ်။
အဲ့ဒီလေယာဉ်မောင်းလိုင်စင်ရဖို့ အတွက်တော့ ခြောက်လလောက် သူရဲ
ကိုယ်အလေးချိန်ကို လျှော့ခဲ့ရပြီး အဆင့်သုံးဆင့်ကို သင်ကြားပြီး ၈၉ နာရီ
လေ့ကျင့်ပျံသန်းပြီးတဲ့နောက်မှာတော့ လေယာဉ်မောင်းလိုင်စင် ရရှိသွားတဲ့
ပထမဆုံး လက်နှစ်ဖက် မရှိတဲ့ လေယာဉ်မောင်းသူ တစ်ယောက် ဖြစ်လာခဲ့ပါတယ်။

ဒီလို ကွန်ပြူတာ သုံးပါတယ်ဒီလို လိုင်နာဆွဲပါတယ်ဒီလိုခေါင်းဖီးတယ်စာရေးတော့ လည်းဒီလိုပဲဒီလိုမျိုးကားလည်းမောင်းတတ်တယ်အကြီးကျယ်ဆုံး တစ်ခုကတော့ လေယာဉ်လည်းမောင်းတတ်တာပဲ

နှံချပ်ကူ လဲကစားတတ်တယ်

5 comments

  • search123

    October 14, 2010 at 10:59 am

    တော်လိုက်တာနော်။ လက်နှစ်ဖက် လုံးရှိတဲသူတိုင်းတောင် လုပ်ဖို့ မလွယ်တာပါ။

  • michaelaungpu

    October 14, 2010 at 12:04 pm

    သိုင်းပြောင်းပြန်ချတာကို သဘောအကျဆုံးဘဲဝေး
    ချစ်သူရှိတယ်တို ့ဘာတို ့ရော သိရဘူးယား
    ဒါကတော့ တကယ့်သင်္ခန်းစာယူထိုက်တဲ့ ဇွဲသတ္တိဘဲလို ့တော့ မှတ်ချက်ချရမှာပါဘဲ
    ကြိုးစားခြင်းရဲ ့အကျိုးရလဒ်တွေလေ

  • The Reds

    October 14, 2010 at 4:16 pm

    မ ယှဉ် နိုင် လောက် အောင် ဘာ ပဲ …… လေး စား ပါ တယ် ။

  • kopauk mandalay

    October 15, 2010 at 2:16 am

    တကယ်တော်တယ်ဗျာ။
    ကိုယ်သာသူ့လိုဖြစ်နေရင် သူ့လောက် စိတ်ဓါတ်ခိုင်မာပါမလားမသိဘူး။
    ဒါပေမယ့် ကျနော်တို့ မြန်မာပြည်မှာ ကိုယ်အင်္ဂါမပြည့်စုံရင် ကျက်သရေမရှိဘူးဆိုပြီး ဘယ်သူမှအလုပ်မပေးချင်ဘူးရယ်။

  • etone

    October 15, 2010 at 3:25 am

    မြင်ရပြီ ကျေးဇူးပဲ ။
    လက်နှစ်ဖက်ရှိတဲ့လူတွေတောင် သူ့လောက်အသုံးမကျဘူး ။ တစ်ကယ့်ကို စိတ်ဓါတ်ကြံ့ခိုင်တဲ့မိန်းကလေးပါပဲ ။ လေးစားပါတယ် ။

Leave a Reply