မျှတမှုရှိပုံများ

naywoon niOctober 13, 20101min631

ကိုယ်ပေးစရာရှိတုန်းကတော့

လွယ်ကူလိုက်ပုံများ

ရော့…အင့်ဆိုပြီး

ချွတ်ကနဲ

ချွတ်ကနဲ…နဲ့

ပြေစာလေးတစ်ရွက်ထွက်လာပြီ....။

ကိုယ်ရမဲ့အလှည့်များဆို

လိုအပ်လိုက်တဲ့ထောက်ခံစာတွေ

ထိုးလိုက်ရတဲ့လက်မှတ်တွေနဲ့

(တစ်ခါတစ်ခါ)

လက်ဗွေများတောင်အဆစ်ပါသေး……..။

ဟေး..ဟေး..ဟေး

လောကကြီးက

တရားမျှတလိုက်ပုံ…….။

 

နေဝန်းနီ

One comment

  • naw2lay

    October 13, 2010 at 9:51 am

    ဟုတ်ပါ့ အရမ်းကိုမျှတမှုရှိတယ်နော်

Leave a Reply