မော်ကွန်းတင်ရန်ခက်သော ရာဇဝင်


michaeljonnyaungpu@hotmail.com -အသံဖိုင်ယူရန်
ပညာရှိတို သဘော၌ များများမြင်လျှင်နည်းနည်းသာပြောပြီး နည်းနည်းပြောလိုက်လျှင် ့မြားမြောက်စွာသော အဓိပ္ပါယ်နှင့် အကျိုးသက်ရောက်မှုတို ့ကို ဆောင်နှင်းစေကုန်၏ ဆိုခြင်းကို ကျွန်ုပ်တို ့ဝန်ခံကြရပါလိမ့်မည်ဟု ဆိုခြင်ပါ၏။ လိုလျှင်ကြံဆ နည်းလမ်းရ ဆိုသည့်အတိုင်း ထိုထို များစွာကုန်သောပညာရှိတို ့သည် လူသားများ၏ အနာဂတ်များကို တိုးတက်စေရေးအတွက် လိုအပ်သည့် လုပ်ငန်းဆောင်တာများနှင့် ဆောင်ရန်ရှောင်ရန်တည်းဟူသော လိုအပ်ချက်များကိုလည်း အပတ်တကုတ် ရှာဖွေဖော်ထုတ်နေကြသည်မှာ နေ ့စဉ် နှင့်အမျှပင် ဖြစ်ပါ၏။
လာကနှင့်တစ်ကွသော သဘာဝတရားတို ့၏ အစပထမကို ကိုးကွယ်ရာတည်းဟူသော ဘာသာတရားတို ့၏ ကျမ်းဂန်စာပေများနှင့် ညှိုနှိုင်းကြပါကုန်လျှင် ရှင်းလေလေရှုပ်ဆိုသည့်အတိုင်း မလိုအပ်သောပြဿနာများသာ ဖြစ်ပွားသွားနိုင်သည်ကို ပညာရှိတို ့သည် ဆင်ခြင်မိပါကြ၍ ဆိတ်ဆိတ်နေကြကုန်ပြီးလျှင် လူပြိန်းများတို ့သည်သာ ငြင်းခုန်၍ နေကြကုန်လေ၏ ဟူမူကာလည်း မဆိုခြင်ပါ။
ရံခါ၌ စူးစမ်းခြင်းတည်းဟူသော အမှုသည် အကြောင်းမညီညွတ်ခဲ့ပါက စပ်စုခြင်မူ ဟူ၍ သဘောကို သက်ရောက်တတ်ပါ၏။ ထိုသော စူးစမ်းရှာဖွေခြင်းကြောင့် အကျိုးတို ့ကို ဖြစ်ထွန်းစေပြီး အဆိုးတို ့ကိုလည်း ဒွန်တွဲပါလာတတ်ကြသည်မှာ ဓမ္မတာ ဟူ၍ပြောပါလျှင် ကျွန်ုပ်အား အပြစ်ဖို ့ကြပါမည်လား မသိနိုင်ပါ။
သိပ္ပံပညာ၏ အစပထမကို စာဖွဲ ့ပြရန် မလိုအပ်တော့ပါဟူ၍လည်း ထင်မိပါ၏။ ပြောခြင်သည်မှာ သိပ္ပံပညာဖြင့် အစပထမကို ရှာဖွေကြကုန်ခြင်းသာပင်လျှင်တည်း။ ဤတွင်မှ လူသားများနှင့်သော သက်ရှိသတ္တဝါတို ့၏ အစပထမကို ရှာဖွေနေကြသည်မှာ ထိုသိပ္ပံပညာများ မတိုးတက်မီ ရှေးရှေးပဝေသဏီခဲ့သော သက္ကရာဇ်တို ့ထံကတည်းကလည်း ဖြစ်ခဲ့ကြပါကုန်၏။ ကျောက်ဂူများ ဆေးရေးနံရံများမှသည် ကျောက်ဖြစ်ရုပ်ကြွင်းများထိ ဆိုခြင်းကို စာဖတ်အလေ့ကျင့်ရှိသူတိုင်း သိရှိကြပေလိမ့်မည်မှာမလွဲဧကန်ပေ။ သို ့ ပါသော်လည်း အံဝင်ဂွင်ကျ တယ်မဖြစ်ကြခြင်းကိုလည်း အားလုံးအသိပင်ဖြစ်ပါလိမ့်မည်။
ကမ္ဘာကြီးနှင့်နှိုင်းယှဉ်ပြမိပါလျှင် ကြီးကျယ်သည်ဟု မထင်စေလို၍ မြန်မာစာပေ၏ အစပထမကို အနည်းငယ် တီးခေါက်ပြခွင့်ရလိုပါ၏ ဟူ၍သာ ဦးစွာပထမ ခွင့်တောင်းလိုပါ၏။ သက္ကရာဇ်နှင့်မင်းချင်းတို ့၏ အမည်နာမများကို တပ်လျှင်ပင် ရှုပ်ထွေးစေမည်ဆိုးသဖြင့် အရပ်စကားဖြင့်ပင်သာပြောပါအံ့။
မြန်မာတို ့သည် ဗျည်းအက္ခရာများကို အနော်ရထာမင်းမှ သထုံ သုဝဏ္ဏဘူမိ ကို အောင်နိုင်ပြီးသည့်နောက်တွင် မွန်တို ့၏ စာပေများကို အခြေခံ၍ မြန်မာအက္ခရာ အဖြစ်သို ့ပြောင်းလဲခဲ့ကြသည်ဟု မွန်သုတေသီတို ့က ကျမ်းကိုး၍ဆိုကြပါသောအခါ မြန်မာသုတေသီတို ့က ပျူ သရေခေတ္တရာ၏ အိုးခြမ်းကွဲများကို တူးဖော်၍ ပြာပြာသလဲလဲ ငြင်းဆိုနေကြချိန်တွင် တစ်ကောင်းမြို ့ရှိ သုတေသီတို ့က ဒေါသချောင်းချောင်းထွက်ကာ လက်သီးလက်မောင်းများ တန်းကြကုန်လေ၏။ (မြန်မာအစ တကောင်းက အဆိုကို ညွှန်းပါသည်)
ဤသည်မှာ အစပထမ၏ အကြောင်းကို မသဲကွဲနိုင်ကြခြင်းသည်သာလျှင်တည်း။ သို ့သော် သိပ္ပံပညာရှင်တို ့၏ ခံယူချက်ရှိသည့်အတိုင်း တစ်နေ ့မှာတွေ ့ရမည် ဆိုကြသည့် ဆောင်ပုဒ်ကြီး၏ အဆိုဖြစ်သော ထိုတစ်နေ ့တွင်သော တစ်နေ ့တွင် ကျွန်ုပ်သည် သက်ရှိထင်ရှား ရှိနေလိမ့်မည်ဟု မထင်ပေ။ ကျွန်ုပ်သည် ပညာရှင်ကြီးတစ်ယောက် မဟုတ်စေကာမူ မိမိနှင့်ထိုက်တန်သော စူးစမ်းလေ့လာမှုကိုမူ ပြုရပေလိမ့်မည်ဟု အကြံစည်သည် ဖြစ်ပေါ်လာခြင်းနှင့်အတူ ဤယ္ခု ကျွန်ုပ် ရေးသား၍နေပါသော ပို ့စ် လော ဆောင်းပါးလော မသိသော ဤစာကြောင်းများ၏ အမည်နာမသည် မရှိတုန်ဖြစ်လျှက်နေရကာ လွန်စွာမှ အားငယ်နေရပါ၍ မည်သို ့ခေါင်းစီးတပ်ရပါမည်နည်းဟု အသည်းအသန် ကြံဆနေရပါသဖြင့် ဤမျှနှင့်ပင် ဂျတ်စ်ထ် အမောမန် ့ထ် လိုက်ရပါတော့သတည်း။
( စာရှုသူတို ့၏ ကြီးစွာသောဉာဏ်ဖြင့် ခေါင်းစီး အသို ့တပ်ရပါမည်နည်းမူ အကြံရယူလိုပါ၏ )

One comment

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 15, 2010 at 9:46 am

    michaeljonnyaungpu@hotmail.com နေရာအား ကလစ်လုပ်ပြီးလျှင်
    အသစ်ပေါ်လာသော ဗျူးရှိ michaeljonnyaungpu@hotmail.com ကို ရိုက်ကလစ်လုပ်၍ အသံဖိုင်တစ်ခု ရယူနိုင်ပါကြောင်း

Leave a Reply