လောကသဘာဝ

manawphyulayOctober 13, 20101min753

လောကကြီးမှာ လူတွေဟာ
ရယ်ရယ်မောမော
ခင်ကာနှောတော့
လူပေါကြီးလို့ ဆိုကြပြန်တယ်….
ရောနှောမဝင်
တည်ပြန်ရင်လည်း
မာနကြီးဘိဆိုလေ၏….
တည်တည်မှန်မှန်
နေပြန်ရင်လည်း
ဆိုလေအတင်း
ကုတ်ကမြင်းတဲ့
ကဲ…. ခင်မင်ရတဲ့
စာဖတ်သူရော
ဘယ်လိုလဲဟင်……….။

အပျော်ဆုံးလူဆိုတာ….
ကိုယ့်မှာရှိတဲ့ ကောင်းတဲ့အရည်အချင်းတွေကို အမြင့်မားဆုံးနဲ့ အကောင်းဆုံးဖြစ်အောင် ထုတ်ဖော်လိုက်တဲ့သူပဲတဲ့….. ဟုတ်လားဟင်။

3 comments

  • fatty

    October 13, 2010 at 2:31 pm

    အပျော်ဆုံးလူဆိုတာ … အကောင်းဆုံးအရည်အချင်းတွေနဲ့ အမြင့်မားဆုံးဖြီးနေတဲ့ …ဖက်တီးပေါ့

  • unclegyi1974

    October 13, 2010 at 2:34 pm

    မိမိစိတ် ဆန္ဒ ပြည့်ဝ သူသည် အပျော်ဆုံးပါ

  • michaelaungpu

    October 14, 2010 at 2:42 am

    သင်တို ့စိတ်ချမ်းသာကြပါမှ ကမ္ဘာကြီးငြိမ်းချမ်းမှာပါ
    ဘာတဲ့ ဘယ်သူစိတ်ချမ်းသာမှ ရွာသာယာတယ်ဆိုလား
    ဟီဟိ

Leave a Reply