လွမ်းမိသေးတယ်…Hippocrates (အပိုင်း-၃)

maungmoenyoOctober 13, 20101min966

အတိတ်တွင်ကျန်ရစ်သောဆေးကုသမှုစနစ်

မောင်မိုးညိုလွန်ခဲ့သောနှစ်အစိပ်လောက်ကမြန်မာ့ဆေးလောကကိုပြန်မြင်ယောင်မိသည်။ ဆရာဝန်ဆရာမတို့ သည်ဆေးရုံကိုအိမ်လုပ်နေခဲ့ကြသည်။ ကိုယ့်တာဝန်ကျရာအခန်းကလူနာတွေအကြောင်းကို ‘က’ကြီးမှအစ’အ’ အဆုံးသိယုံမကဂရုစိုက်သည်။ မစိုက်ဘဲနေကြည့်ပါလား။ အတိုင်ခံ၊အစစ်ဆေးခံရမည်မှာမလွဲ။ သို့အတွက် ဆရာဝန်ဆရာမအပေါင်းကအထူးဂရုပြုကြသည်။ ပြဿနာတက်သောကိစ္စများရံဖန်ရံခါရှိသော်လည်းတိုင်းကျော် ပြည်ကျော်မဟုတ်ပါ။ မဟုတ်တာလုပ်လျင် ဆရာဝန်လိုင်စင်ပြုတ်သည်။ မြန်မာနိုင်ငံဆေးကောင်စီကားဥပဒေ မျက်နှာကိုသာကြည့်သောရှင်ရိုသေလူရိုသေတို့နှင့်ဖွဲ့စည်ထားသောအဖွဲ့ဖြစ်သည်။ ဘယ်အစိုးရလူကြီးမင်းတို့ ကမှဝင်စွက်ဖက်ခွင့်မ၇။ ခုအချိန်ကားယင်းအဖွဲ့သည်လည်းထားရာနေစေရာသွားသူတို့ကြီးစိုးရာအဖွဲ့တခု ဖြစ်နေပေပြီ။ ဥပဒေကိုမှောက်လိုမှောက်၊လှန်လိုလှန်နေသည်။ အလိုမကျသူကိုဥပဒေပုဒ်မတတ်၍အရေး ယူခံရသောဆရာဝန်တို့လည်းမနည်းတော့ပြီ။ ပြင်ပဆေးခန်းဆေးရုံကြီးများတွင်အထူးကုဆရာဝန်ကြီး အပေါင်းတို့ကလည်း၊ မကြုံဘူးမကြားဘူးသော “ဤရောဂါကိုအာမခံနှင့်ကုသည်”ဟူ၍ပင်ကြေငြာကုသ လာကြပေပြီ။

သို့ဆိုလျင်မြန်မာနိုင်ငံ၏ယနေ့ရောက်ရှိနေသော “ကျန်းမာရေးအာမခံစနစ်မရှိ”သည့်ဆေးကုသမှုလောကကို ယခုအမေရိကန်အပါအဝင်တိုးတက်သောနိုင်ငံကြီးများတွင်တွင်ကျယ်စွာအသုံးပြုနေသော”ကျန်းမာရေးအာမခံစစနစ်ဖြင့်တည်ဆောက်ထားသော healthcare system” သို့ပြောင်းဘို့လိုနေပြီလား။

6 comments

  • kai

    October 13, 2010 at 11:42 pm

    လိုနေပြီ..လိုနေပြီ.လိုနေပါပြီ..။
    အကြိမ် ၁၀ဝ လောက်အော်ချင်ပါတယ်..။
    ကျမ်းမာရေးမှမဟုတ်ဖူး..။ အာမခံစံနစ်ဟာ မြန်မာပြည်မှာ..ထောက်တိုင်ကြီးတတိုင်လိုသေသေချာချာ ရှိနေသင့်ပါပြီ။

    အထူးကုဆရာဝန်ကြီး တွေရယ်.. နာမယ်ကြီးဘိုးတော်တွေရယ်နဲ့ပေါင်းပြီး.. “ဤရောဂါကိုအာမခံနှင့်ကုသည်” “မပျောက်လို့သေရင်လည်း ငရဲပြည်မရောက်ရန်အာမခံသည်” လို့ အာမခံဝင်လုပ်ပေးရကောင်းမလားတောင် စဉ်းစားနေမိပါတယ်..။
    (နောက်တာနော) 🙂

  • bigcat

    October 14, 2010 at 2:21 am

    အောင်မလေးဗျာ၊ ကိုယ့်ထမင်းကိုယ်စားပြီး ငြိမ်ငြိမ်မနေဘူး။ သူဌေးကြီးဦးတေဇ ဖတ်မိသွားလို့ကတော့ နောက်ထပ် ရိုက်စား ဂွင်တဂွင် ရသွားပါအုံးမယ်။ နဂိုထဲကမှ အရာရာအားလုံးကို မောင်ပိုင်စီးခြင်နေတာ။

  • moethidasoe

    October 14, 2010 at 5:21 am

    မောင်မိုးညိုရေ .. (လွန်ခဲ့သော အနှစ်အစိတ်ကို ပြန်ပြောင်းပြောတဲ့ လူဆိုတော့ အသက်ကြီးမှာ .. သို့သော် ကလောင်မှာ မောင် လို့ တပ်ထားလို့ ဒီအတိုင်း ရေးလိုက်ရပါတယ်) .. လွန်ခဲ့တဲ့ အနှစ်ပွိုင်ဇင်လောက်က ဆရာဝန်ရတဲ့ လစာ ၄၅ဝ ကျပ်ပါ .. ဒါပေမယ့် .. စားလောက်တယ် .. ဆေးခန်းကို အပြေးအလွှား ထိုင်စရာမလိုဘူး .. အိမ်စရိတ် ဖူလုံတဲ့ လူတွေ ဆိုတော့ အလုပ်အပေါ်မှာ အာရုံစိုက်နိုင်တယ် .. နောက်ပြီး ဆိုရှယ်လစ်ခေတ် ဆိုတဲ့အတိုင်း တိုင်ရင် ပြုတ်တာ ..
    အခု ဆရာဝန်ရတာ ၈သောင်း နဲ့ နောက်တိုး ၂သောင်း ပေါင်း ၁သိန်း ပဲ ရှိတာ .. အများနဲ့ ယှဉ်ရင်တော့ များတယ်လို့ ထင်ရပေမယ့် .. ဆရာဝန်ရဲ့ ဂုဏ်နဲ့အညီ လိုက်သုံးရင် တစ်ယောက်စာတောင် မလောက်ဘူး .. ဒါကြောင့် နယ် သွားရမယ် ဆိုရင်တောင်မှ အိမ်က ငွေ မထောက်နိုင်တဲ့ ဆရာဝန်တွေ ဘယ်သွားနိုင်မှာလဲ .. ဒီတော့ ဆရာဝန်တွေ နယ်မသွားရင် .. အလုပ်ပြုတ်ပြန်ရော .. ဒါက မူနဲ့ ကိုင်ပြောတာ .. ဒီတော့ နယ် မသွားချင်ရင် .. အပိုင်းလေး (အပေးလိုင်း)ကို ဝင် .. ရန်ကုန်မှာ နေနိုင်အောင်ကြိုးစား .. ဒါမှာ ဆေးခန်းထိုင်နိုင်မှာ .. ဗိုက်ဝမှာ .. နို့မဟုတ်ရင် .. ဆရာဝန် ငတ်နေတယ် ဆိုတာ လူတွေ တွေ့ရတော့မှာ
    အလားတူပဲ .. ဆေးကောင်စီကလဲ အခုလို အချိန်မှာ အမှားမခံတဲ့ အခြေအနေမို့လို့ နယ် ပို့လို့ မသွားရင် အစိုးရက အလုပ်ဖြုတ်တယ် .. ဒီ့နောက်မှာမှ ဆေးကောင်စီက ဆမ ရုတ်သိမ်းတာပါ .. တိုင်ချက် အဖွင့်ခံရသူတွေကိုတော့ .. ဘုတ်နဲ့ စိစစ်ပြီး .. အနည်းဆုံး အပြစ်ဒဏ်ကို ပေးတယ်လို့ ရေးပြရင် ဘက်လိုက်တယ်လို့ ပြောကြဦးမှာလား ..

  • maungmoenyo

    October 14, 2010 at 7:07 pm

    ဆေးလောကနဲ့နီးစပ်သူ (သို့) ဆေးလောကကပညာရှင်များကဒီလိုမှတ်ချက်လေးတွေပွင့်ပွင့်လင်းလင်းပေးလို့ကျေးဇူး တင်ပါတယ်။ တရှိန်ထိုးတက်နေတဲ့ကုန်ဈေးနှုန်းတွေနဲ့အတူကြောက်ခမန်းလိလိကြီးထွားလာတဲ့ဆေးကုသနှုန်းတွေရဲ့ဒါဏ်ကိုလူနာတွေသာမကဆရာဝန်တွေခံစားနေရတာကြာပါပြီ။ ထင်ရသလောက်ဆရာဝန်လောကခေတ်ပျက်တာ၁၉၇ဝနောက်ပိုက်လောက်တတည်းကပါ။ GP တွေကမြို့ပေါ်တင်မကနယ်တွေမှာပါအပြိုင်ဖြစ်နေပါပြီ။ ဆေးခန်းတခုတည်းနဲ့မရပ်တည်နိုင်ပါ။ GPကောင်းကြသူတွေကသူတို့ရဲ့ luck ဖြစ်သလို၊ GP တခုတည်းနဲ့အောင်မြင်စီးပွားဖြစ်တဲ့ဆရာဝန်ဦးရေဟာနည်းသထက်နည်းလာပါပြီ။ ဆရာဝန်တွေဆရာဝန်မလုပ်တော့ဘဲ၊တခြားစီးပွားရေးဘက်ဦးလှည့်နေတာမဆန်းပါဘူး။ “ဒေါက်တာ”ဆိုတဲ့ဂုဏ်ပုဒ်အတွက်ဆိုတဲ့ဥိးရေများလာပါပြီ။ လစာနှုန်းထား (၄၅၀-၂၅-၇၀၀)နဲ့စတဲ့ လက်ထောက်ဆရာဝန်ရာထူးက ၁၉၇ဝ မတိုင်ခင်ကဣန္ဓေ ရသယောင်ထင်ရပေမဲ့၊ ခုအချိန် တသိန်းလစာရတဲ့ခေတ်မှဘဝဝမ်းရေးအတွက်ပြေးနေရတာအမှန်ပါ။ အစိုး၇ဝန်ထမ်းဆရာဝန်ဆိုရင်တော့(အထူးသဖြင့်နယ်မှာ) မျက်နှာပမ်းလှလို့ GP ကလည်းထောက်အကူပြုနိုင်ပါတယ် (နယ်တိုင်းတော့မဟုတ်ပါ)။ ဥပမာ-၁၉၉ဝ ဝန်းကျင်ကပျဉ်းမနားဆေးရုံလို ကုတင်(၅၀)ဆေးရုံမှာဆရာဝန် (၄)ဦးသာရှိတာမို့၊ ပျဉ်းမနားမြို့ကို(၄)ပိုင်းပိုင်းပြီး GP ခွဲတမ်းချလို့ရပါတယ်။ ဆရာဝန်တွေကားသစ်မဟုတ်တောင် စူပါကပ်ဆိုင်ကယ်အသစ်နဲ့နေနိုင်ကြပါတယ်။ (၂၀၀၀)ခုနှစ်မှာကုတင်(၁၀၀)ဆေးရုံအဆင့်မြှင့်လို့ဆရာဝန် (၂၅)ယောက်(SPECIALISTS တွေအပါအဝင်)အထိအဆင့်မြှင့်လိုက်ချိန်မှာမြို့ကိုဘယ်လိုခွဲတမ်းချမလဲ။ ခုချိန်ဆိုကုတင် ထောင်တောင်ချီနေပြီလားဘဲ။ နယ်သွားတိုင်းလဲအဆင်မပြေဆိုတာအမှန်ပါ။ ဆေးတပ်လို့ခေါ်တဲ့ service ထဲဝင်တော့ရော။ ပိုလို့တောင်ဆိုးပါသေးတယ်။ တပ်ထဲမှာ ဆရာဝန်နဲ့အင်္ဂျနီယာဆိုရင် သားသမီးရင်းလိုမသတ်မှတတ်ပါဘူး (ဗိုလ်ချုပ်မှူးကြီးရဲ့ဆေးမှူး “ကကဆေးကြီး” ဗိုလ်ချုပ်သန်းအောင်ကလွဲရင်)။ ဗျူဟာ(သို့)တပ်မဆေးမှူးကအစ ဆရာလို့အခေါ်ခံရတဲ့အဆင့်ကလွဲရင်ကျန်တာအားလုံအပြင်လူလို့ဘဲသတ်မှုတ်ပါတယ်။ ဆရာဝန်တွေတောင်ဒီလောက်ခေတ်ပျက်တော့လူများစုပြည်သူဆိုစဉ်းစားသာကြည့်ပါ။ ပြည်သူ့ဆေးရုံက(၉၉%)သောလူထုကသုံရတာကပ်စေးနဲလို့မဟုတ်ပါ။ မတတ်နိုင်ကြလို့အနိုင်ဆုံးနေရာကိုသွားကြရတာပါ။ ငွေသုံးနိုင်ရင် ပုဂ္ဂလိကဘဲသွားမှာပါ။ နယ်ဘက်မှာဆိုကိုယ့်နယ်ဆေးရုံလာတက်ဘို့အရပ်ထဲငွေလှည့်ခေးရတာမကြားချင်အဆုံးပါ။ ပုဂ္ဂလိကဆရာဝန်များကလဲကိုယ့်ဆီလာတဲ့သူကိုကိုယ်ကိုတိုင်ကစေတနာထားချင်ကြပေမဲ့ဆေးခန်းနောက်ကွယ်ကစီးပွားရေးကိုင်တွယ်နေတဲ့ပိုင်ရှင်ရဲ့ CT, Lab, Scopy ဆိုတဲ့ပစ္စည်းတွေရဲ့တန်ဘိုးမြန်မြန်တန်ဘိုးကျေရေး(depreciation)ဆိုတဲ့ဖိအားပေးမှုကိုခံနိုင်ရေသိပ်မရှိနိုင်ကြပါဘူး။ ဥပမာ- diabetes လိုရောဂါနဲ့ကိုယ်လက်ကိုက်ခဲလို့လာပြတဲ့သူကို CT ရိုက်မှဖြစ်မယ်ဆိုတဲ့အဖြစ်မျိုးပါ။ (ဆရာဝန်သားသမီး၆ယောက်ရဲ့မိဘပါ)နိုင်ငံတကာမှာလဲဒါမျိုးတွေအများကြီးပါ။ (medical fraudulence)။
    ကုသသူဆရာဝန်အပါအဝင်ကျန်းမာရေးဝန်ထမ်းများ၊ လူထု နဲ့အာဏာရှိသူအစိုးရတို့အကြားကျန်းမာရေးစောင့်ရှောက်မှုစနစ်ကြီးတခုလုံးပြောင်းလဲသင့်တဲ့အချိန်ရောက်နေပြီမဟုတ်လား။
    (မှတိ်ချက်။ လက်ရှိမြန်မာနိုင်ငံရဲ့ healthcare system ကိုပြုစုရေးဆွဲပြီး attache file အပေါ်မှာလုပ်ပေးလိုက်ပါတယ်။)

  • moethidasoe

    October 16, 2010 at 7:01 am

    ပြန်လည်မှတ်ချက်အတွက် ကျေးဇူး မောင်မိုးညို .. လတ်တလော ပြဿနာက ဖြေရှင်းလို့ မရသေးတော့လဲ မောင်ရင် ပြောသလိုပေါ့နော် ..

  • tunaung

    October 16, 2010 at 10:59 am

    အပြန်အလှန်ရှင်းပြနေတာတွေဖတ်ရတာအထူးဘဲကျေနပ်မိပါတယ်..အားလုံးပြည်စုံလါတာပေါ့ အားပေးနေပါတယ်

Leave a Reply