လိမ်တယ် ညာတယ်ဆိုတာကတော့ မကောင်းတဲ့ အလုပ်ပါ. တခါတရံ လိမ်မှ ရတဲ့ အခါတွေ ရှိတယ်.. လိမ်တယ်ဆိုမှတော့ သီလ ကျိုးပြိပေါ့နော်.. ရှိတာမှ ၅ပါးတည်း.. လိမ်လိုက်တော့ ၁ပါးကျိုးသွားကော.. မုသားမပါ လင်္ကာမချော ဆိုတဲ့ စကားတွေ လူတွေ အသည်းထဲ ရင်ထဲ စွဲနေတော့ လိမ်ရတာ လွယ်နေကြတာပေါ့.. ဒီတော့.. ငရဲလည်း မကြီးအောင်.. အကုသိုလ်လည်း မဖြစ်.. လိုရင်းလည်းရောက်အောင် လိမ်မယ်.. စဉ်းစားမိတာလေး ကောက်ရေးလိုက်မယ်..
မဟာမြိုင်တောကြီးထဲမှာ တပါးတည်း သတင်းသုံးနေတဲ့ မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး (ဘွဲ့နာမည် စာလုံးပေါင်းမေ့) အဲဒီ ဆရာတော် ကြီးကို သွားဖူးတဲ့ လူတွေကို ဆုံးမ သြ၀ါဒ ပေးတာလေး တင်ပြပေးမယ်။ တခါက အရှင်မဟာ ကဿဖ ကိုယ်တော် တပါးတည်း တောထဲမှာ သတင်းသုံးပြီး နေစဉ်မှာ.. ခိုးသား တယောက် ဖြတ်ပြေးသွားတယ်.. ခိုးသားနောက်က အမှုထမ်းတွေ လိုက်လာကြတယ်.. နောက်တော့ အမှုထမ်းတွေက ဘုန်းကြီးမြင်တော့ ထိုင်ကန်တော့ပြီး ဘုန်းကြီးကိုမေးတယ် အရှင် ဘုရား ဒီနားမှာ သူခိုး တယောက်ပြေးသွားတာ မြင်မိလား.. ဘုန်းကြီးက ဒီနားပြေးတယ် လို့ တိတိကျကျ ပြောလိုက်လို့ မိသွားရင် ဘုန်းကြီး ပါရာဇိကအာပတ် သင့်ပြီး ကံထိုက်အုန်းမယ်.. ဒီတော့.. မသိဘူးလို့ပြောရင်လည်း မျက်စိရှေ့ကနေ ဖြတ်ပြေးသွားတာ အတိအကျကြီး မြင်နေတာဆိုတော့.. လိမ်ရာ ကျအုန်းမယ်.. ဒီတော့.. အရှင်မဟာ ကဿဖ ကိုယ်တော်ကြီးက သူရပ်နေတဲ့ နေရာကနေ ခြေထောက် တနေရာစာ မသိသာ ရွေ့လိုက်တယ်.. ပြီးတော့ မင်းအမှုထမ်းများကို.. ဒီနေရာမှာတော့ မမြင်မိဘူးကွဲ့.. အဲသလို ဖြေလိုက်သတဲ့.. ပထမ ရပ်နေတဲ့ နေရာမှာ မြင်လိုက်တာနဲ့ နေရာရွေ့လိုက်တဲ့ နေရာမှာတော့ ဖြတ်ပြေးတာ မမြင်မိဘူး.. အဲဒီလို အဓိပ္ပါယ်နဲ့ ပြောလိုက်တာပါ.. ဒါကတော့ မဟာဗောဓိမြိုင် ဆရာတော် ဘုရားကြီး ဟောတဲ့ တရားထဲက နေ ထုတ်နုတ်ပြီး သဘောကျတာလေး ပြောပြတာပါ။
ဈေးရောင်းဈေးဝယ်.. ၀ယ်သူဈေးစစ်ရင် ဒါအရင်းဘဲ မရဘူး ပြောပြီး ပေးလိုက်တဲ့ ဈေးသည်တွေ တပုံကြီး.. အရင်းဘဲ မပြောဘဲ.. မကိုက်လို့ပါ လို့ ပြောရင် အရင်း ဘယ်လောက်လဲ ဘယ်သူမှ ရိုက်မစစ်ဘူး.. တချို့ကိစ္စတွေ သတိမထားမိဘဲ လိမ်မိ တာတွေ ဖြစ်နေတော့.. မလိမ်ဘဲ.. အမှန်အတိုင်းနဲ့ ကိုယ်မသိစေချင်တာလေးတွေ ဖုံးကွယ်ပြီး ထားလို့ရတဲ့ စကားတွေ အများကြီး ရှိပါတယ်။ မြန်မာ စကားလောက် ဝေါဟာရ ကြွယ်ဝတာ မြန်မာ စကားဘဲ.. တခုခုကိုပြောချင်ရင် နည်းမျိုးစုံနဲ့ သိအောင်ပြောလို့ရတယ်.. အဲဒီလိုဘဲ.. စာဖတ်သူတို့ တနေ့တာမှာ အမှတ်မမဲ့ လိမ်မိသလို ဖြစ်မဲ့ စကားတွေ များရှိရင် သတိထားပြီး ရှောင်ကျဉ်ဖို့ နှင့် မဖြစ်လို့ လိမ်ရတယ်ဆိုရင်လည်း အထက်က ရှင်မဟာ ကဿဖ လုပ်သလိုမျိုး လိမ်ဖို့ တိုက်တွန်း လိုက်ပါသည်။

About ဆူး

has written 398 post in this Website..