ပထမဆုံး လက်နှစ်ဖက်လုံးမရှိဘဲ လေယာဉ်မောင်းသူ

CharTooLanOctober 14, 20103min1104

အမေရိကန်နိုင်ငံက Jessica Cox ဟာမွေးကတည်းက လက်နှစ်ဖက်လုံး မပါရှိခဲ့ပါဘူး။ ဒီလို မွေးရပါ ဒုက္ခတ တစ်ယောက်ဖြစ်သော်ညားလဲ စိတ်ပညာဖြင့် ဘွဲ့ရထားတဲ့သူမဟာ
စာရေးခြင်း၊ စာရိုက်ခြင်း၊ ကားမောင်းခြင်း၊ ခေါင်းလျှော်ခြင်း နှင့်
ဖုန်းပြောခြင်းတို့ကို သူမရဲ့ ခြေထောက်ဖြင့် အကုန်ပြုလုပ်နိုင်ပါတယ်။ Cox
ဟာ အကမယ်ဟောင်း တစ်ယောက်ဖြစ်သလို တိုက်ကွမ်ဒိုအားကစား မှာလဲ ခါးပတ်
အနက်ရရှိထားသူဖြစ်ပါတယ်။ သူကိုတော့ ယာဉ်မောင်းလိုင်စင်ပေးဖို့ အတွက်တော့
ကန့်သတ်ခြင်း ခံရပါတယ်။ သူဟာ လေယာဉ်ကိုမောင်းနိုင်သလို စာရိုက်တဲ့အခါမှာ
တစ်မိနစ်ကို ၂၅ လုံး အထိမြန်အောင်ရိုက်နိုင်သူ ဖြစ်ပါတယ်။
သူမောင်းတဲ့လေယာဉ်အမျိုးအစားကတော့ Ercoupe လို့ခေါ်ပြီး ခြေနင်မပါရှိတဲ့
လေယာဉ်မျိုးဖြစ်ပါတယ်။ လေယာဉ်ဝဲယာထိန်းပဲ့တက်ပြား ခြေနင်းမပါသော်လည်း
Jessica Cox ကတော့ ခြေထောက်နဲ့ လက်ကိုင်ကို ထိန်းပါတယ်။
အဲ့ဒီလေယာဉ်မောင်းလိုင်စင်ရဖို့ အတွက်တော့ ခြောက်လလောက် သူရဲ
ကိုယ်အလေးချိန်ကို လျှော့ခဲ့ရပြီး အဆင့်သုံးဆင့်ကို သင်ကြားပြီး ၈၉ နာရီ
လေ့ကျင့်ပျံသန်းပြီးတဲ့နောက်မှာတော့ လေယာဉ်မောင်းလိုင်စင် ရရှိသွားတဲ့
ပထမဆုံး လက်နှစ်ဖက် မရှိတဲ့ လေယာဉ်မောင်းသူ တစ်ယောက် ဖြစ်လာခဲ့ပါတယ်။
1.jpg

ဒီလို ကွန်ပြူတာ သုံးပါတယ်
2.jpg

ဒီလို လိုင်နာဆွဲပါတယ်
3.jpg

ဒီလိုခေါင်းဖီးတယ်
4.jpg

စာရေးတော့ လည်းဒီလိုပဲ
5.jpg

ဒီလိုမျိုးကားလည်းမောင်းတတ်တယ်
6.jpg

အကြီးကျယ်ဆုံး တစ်ခုကတော့ လေယာဉ်လည်းမောင်းတတ်တာပဲ
7.jpg

9.jpg

နှံချပ်ကူ လဲကစားတတ်တယ်နော် လက်နှစ်ဖက်မရှိဘူးဆိုပြီး အနိုင်တော့လာမကျင့်နဲ့.၊ သေသွားမယ်
8.jpg

by forward

4 comments

  • ဆူး

    October 14, 2010 at 9:06 am

    မေးထဲက ပုံတွေကို ဒီတိုင်း တင်လို့မရပါဘူး.. တနေရာရာမှာ တင်ပြီးမှ တင်လို့ရပါတယ်.. ပုံတွေ မပေါ်ဘူးနော်..

  • etone

    October 14, 2010 at 9:14 am

    ွှအတုယူစရာကောင်းပါတယ် ။ မပြည့်စုံပေမဲ့စိတ်ဓါတ်မကျပဲ ဇွဲရှိရှိလုပ်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။

  • Gong Zhu

    October 14, 2010 at 9:23 am

    ပုံကိုမမြင်ရဘူး … ဘယ်လိုမောင်းလဲကြည့်ချင်လို့ …

  • nwl

    October 14, 2010 at 9:29 am

    ဟုတ်တယ် ပုံတွေမမြင်ရဘူးနော် သူဘယ်လိုမောင်းလဲ သိချင်လို့ ..

Leave a Reply