မိန်းကလေးတစ်ဦး Chattingရည်းစား၏ အဓ္ဓမပြုကျင့်ခြင်းခံရ

search123October 16, 20101min13716

သင်္ကန်းကျွန်းမြို့နယ်နေ အသက် ၂ဝ နှစ်အရွယ် အမျိုးသမီးတစ်ဦး Chatting မှ ရီးစားရပြီး ချိန်းခေါ် အဓ္ဓမပြုကျင့်ခံရလို့ ရဲစခန်းတိုင်

သင်္ကန်းကျွန်း မြို့နယ်နေ အသက် ၂ဝ နှစ် အရွယ်ရှိ အမျိုးသမီးတစ်ဦးသည

် Online Chatting မှတဆင့် ပုဇွန်တောင်မြို့နယ်နေ အသက် ၂၈ နှစ် အရွယ်ရှိ အမျိုးသားလေး တစ်ဦးနှင့် ချစ်သူ ဖြစ်သွားကြပြီး အမျိုးသားလေး၏ ချိန်းဆို ကမ်းလှမ်းမှုအရ ၂၁.၈.၂၀၁ဝ ရက်နေ့တွင် ချိန်းဆိုရာ ကန်တော်ကြီးစောင်းရှိ ကော်ဖီဆိုင်သို့ နေ့လည် ၁ နာရီအချိန်က သွားရောက် တွေ့ဆုံခဲ့ကြသည် ဟူ၏။

နှစ်ယောက်အတူ တွေ့ဆုံကြပြီး အအေးသောက်နေစဉ် အမျိုးသမီးလေးမှာ အအေးသောက်လက်စမှ မူးဝေ လာသဖြင့် အမျိုးသားလေးက အိမ်ပြန်ပို့ပေးမည် ဆိုပြီး မည်သည့်နေရာ ခေါ်သွားနေမှန်းမသိဘဲ လိုက်ပါသွားခဲ့သည် ဟူ၏။

အမူးပြေစဉ် သတိရလာသော အခါ တိုက်ခန်းကျဉ်း တစ်ခုအတွင်းရှိ အိပ်ယာပေါ်တွင် ခေါ်ဆောင်လာသူ အမျိုးသားလေးနှင့် အတူရှိနေပြီး သားမယားအဖြစ် ပြုကျင့်နေရာ ငြင်းဆန် ရုန်းကန်သော်လည်း ခေါင်းမူးသည်က တစ်ဖက်၊ အားချင်း မမျှသည်က တစ်ကြောင်း တို့ကြောင့် ရုန်းကန်ရင်းပင် မူးပြီး အိပ်ပျော် သွားခဲ့သည် ဟူ၏။

နောက်တစ်နေ့ နံနက် ရ နာရီ အိပ်ယာနိုးချိန်ရောက်မှ သူမရောက်နေသော နေရာသည် အမျိုးသားလေး၏ အိမ်မှန်း သိလိုက်ရပြီး သူမ၏ အိမ်သို့ ပြန်လာပြီး မိဘများကို ပြောပြသဖြင့် မိဘများက ၂၆.၈.၂၀၁ဝ နေ့တွင် ပုဇွန်တောင် ရဲစခန်းသို့ အမှုဖွင့် တိုင်ကြားခဲ့ကြောင်းနှင့် ရဲစခန်းမှ (ပ) ၂၆၄/၂၀၁ဝ ပြစ်မှုပုဒ်မ ၃၇၆ အရ အမှုဖွင့်ပြီး ပြစ်မှု ကျူးလွန်သူ အမျိုးသားအား ဖမ်းဆီး စစ်ဆေးလျက် ရှိနေကြောင်း မှုခင်းသတင်း ဂျာနယ်အရ သိရသည်။

(Forward Mail ကနေ ရတဲ့ သတင်းလေး တစ်ပုဒ် ပါ)

16 comments

  • cobra

    October 16, 2010 at 9:51 am

    သူတို့လုပ်တာနဲ ့တခြားကောင်မလေးတွေတောင်မပြင်မှာချိန်းရင်လာတော့မှာမဟုတ်ဘူး….။တွေ ့ရုံမတွေ ့ပဲနဲ ့ကွာ..။
    ခွေးမသား….မင်းလုပ်တာနဲ ့ငါလည်းonline ပေါ်မှာရည်းစားရတော့မှာမဟုတ်ဘူး…။အိုက်ကောင်ဘယ်သူလဲ…
    နည်းနည်းလောက်စုံစမ်းပေးပါ။

  • william hoe

    October 16, 2010 at 10:14 am

    စိတ်လျှော ့ကိုယ့်လူ စိတ်လျှော ့..တရား ဥပဒေက အရေးယူ သွားလိုက်မယ့်… 🙂 🙂 🙂

  • william hoe

    October 16, 2010 at 10:15 am

    စိတ်လျှော ့ကိုယ့်လူ စိတ်လျှော ့..တရား ဥပဒေက အရေးယူ သွားလိုက်မယ်… 🙂 🙂 🙂

  • april

    October 16, 2010 at 10:21 am

    တော်တော် နှမချင်းမစာနာတဲ့လူ…သူ့မှာ နှမ မရှိဘူးနဲ့တူတယ်…

  • michaelaungpu

    October 16, 2010 at 10:22 am

    Mr Cat ဘယ့်နှယ်ကြောင့် သူများ ဆွေမျိုးတွေကို ပြဿနာ ရှာနေရတာတုန်း

  • unclegyi1974

    October 16, 2010 at 10:51 am

    ယောက်ျားလေးက နဂိုလ် ကတည်းကကြိုတင်ကြံစည်
    မှုဘဲ မဟုတ်ရင် အချိုရည်ထဲထည့်တဲ့ဆေးဘယ်ကရ
    မလဲ
    မိန်းကလေးကလဲမမြင်ဖူးတဲ့ကောင်လေးနဲ့သွားတွေ့တာ
    အဖော်မိန်းကလေးမခေါ်သွားတာ ဘာကိုမျှော်လင့်
    လို့ပါလိမ့် အရာရာသတိရှိမှနော်

  • naywoonni

    October 16, 2010 at 10:57 am

    တစ်ကယ်တော့ယုံကြည်လွယ်သူရဲ့အမှားပဲ
    တစ်ဘက်ကဘယ်လိုပဲကြိုတင်ကြံစည်သည်ဖြစ်စေပေါ့…..
    အွန်လိုင်းပေါ်မှာဒီလောက်လိမ်ညာနေကြတာမသိဘူးတဲ့လား
    နယ်ကလည်းမဟုတ်ပဲနဲ့…..ရန်ကုန်မှာနေပြီးတော့

  • ဆူး

    October 16, 2010 at 11:12 am

    သတင်းတခုမှာ ဖတ်ရတာတော့ အဲဒီ ကောင်လေးနဲ့ ချက်ထဲမှာ ချစ်သူတွေ ဖြစ်ပြီးသား အပြင်မှာ တွေ့ဖို့ ပထမဆုံး ချိန်းဆိုတုန်း လုပ်တာလို့ ဖတ်လိုက်ရတယ်။ ဒါနဲ့ အဲဒီ အမျိုးသား အခန်းရောက်နေရာက နိုးတယ် ဆိုတော့.. ကောင်မလေးကို လက်ထပ်လိုက်ရင် ဒီ ကိစ္စ ပြေလည်သွားမယ် ထင်တယ်..

  • intro

    October 16, 2010 at 1:42 pm

    online မှာ ရည်းစားဖြစ်ပြီး အပြင်မှာတွေ့တိုင်း ဒီလိုဖြစ်တာတော့ မဟုတ်ပါဘူး၊ ယုတ်မာတဲ့စိတ်ရှိသူကတော့ ယုတ်မာတာပဲလေ… ကောင်မလေး အနေအထားက အရမ်းလန်းနေလို့ အရကြံလိုက်တာလဲ ဖြစ်နိုင်ပါတယ်… ဘာပဲပြောပြော အားမပေးပါဘူး၊ ယောက်ျား သိက္ခာကျတယ်… တရားသောနည်းလမ်းနဲ့ ရအောင် ကြိုးစားသူကိုပဲ အားပေးပါတယ်…

  • cruz

    October 16, 2010 at 4:15 pm

    အွန်လိုင်းတောင် အလွတ်မပေးကြတော့ဘူးလား…. တဏှာရူးရ
    တော်ရုံတန်ရုံကျူတာတွေ့တာလောက်ဆိုတော်ရောပေါ့

  • The Reds

    October 16, 2010 at 4:50 pm

    တောက် … လူ မဆန် တဲ. ကောင် ကွာ … online ကို အလွဲ သုံး စား လုပ် သွား တယ် …. ငါ တို. တော. ဝေး ပြီ .. ရည် စား ရဖို. .. အ စော ကြီး က တဲ. က မ ရုပ် က ဆိုး ပါ တယ် ဆို ။ အ ဟင် းးး အ ဟင် းးး

  • fatty poak

    October 16, 2010 at 6:10 pm

    လေပါတယ်ကွာ…….အဲ့လောက်တောင်….ဘူးလှချည်လားဟ………..။

  • Gong Zhu

    October 17, 2010 at 5:23 pm

    တော်တော်လေးကို အကြံပက်စက်လွန်းတယ် … ခု ဘယ်လိုဖြစ်သွားပြီလဲ …

  • talkyboyz

    October 18, 2010 at 12:17 pm

    ငါ့မှာ နှမ မရှိတာတောင် အတော်လေးတင်းနေပြီး………ရှိများရှိလို့ကတော့ အဲဒီကောင်ကို ဒီအတိုင်းမထားဖူး……..ဘယ်လိုဖြစ်သွားပြီလဲ အခု သိရင် ပြောပေးပါဦး………….

  • siamonone

    March 11, 2012 at 2:19 pm

    ကြောက်ကြောက် .. မိန်းလေးက . ယောက်ျားလေး အဓ္ဓမ အပြုခံရရင် တိုင်လို့ရသေးတယ် ..
    အနော်တို့ ယောက်ျားလေးတွေ မိန်းလေးရဲ့ အဓ္ဓမ အပြုခံရရင် ဘယ်လိုတိုင်ရ မလဲ နော် ..
    နောက်တခါချက်တင် အပြင်မှာ တွေ့ဖို့ခေါ်ရင် မသွားတော့ဘူး .. အဟဲ ..

  • bluerose

    May 16, 2012 at 12:06 pm

    အော်ဘူးဘူးဘူး
    တော်သေးတာပေါ့
    များကိုကိုကအဲလိုလူမျိုးမဟုတ်လို့ ဟိဟိ
    ကြော်ငြာဝင်တာလို့ထင်နဲ့နော်
    အွန်လိုင်းမှာသိပြီးအပြင်မှာချိန်းရင်တယောက်တည်းမသွားတာအကောင်းဆုံးပါပဲ
    ဘာပဲဖြစ်ဖြစ်ကိုယ့်ဘက်ကကြိုတင်ကာကွယ်ထားတာအကောင်းဆုံးပါပဲ
    ဖြစ်ပြီးမှဘယ်သူ့ကိုမှအပြစ်လွှဲချလို့မရတော့ဘူးလေ
    ကိုယ်ပဲနစ်နာရတာ
    အားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းသာနဲ့နေထိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလျှက်
    နှင်းဆီပြာလေး

Leave a Reply