နိုင်ငံတကာအသိမှတ်ပြု (ITPEC) စာမေးပွဲကို တောင်ကြီးမြို့တွင် ဖြေဆိုနိုင်ပြီ

နိုင်နိုင်October 14, 20101min650
နိုင်ငံတကာအသိမှတ်ပြု (ITPEC) စာမေးပွဲကို တောင်ကြီးမြို့တွင် ဖြေဆိုနိုင်ပြီ Japan, Myanmar, Malaysia, Mongolia, Philippines, Thailand and Vietnam နိုင်ငံများ စုပေါင်း ဖွဲ့စည်းထားသော အရည်အချင်းစစ် စာမေးပွဲဖြစ်ပြီး ယင်းနိုင်ငံများမှ အသိအမှတ် ပြုထားသောအောင်လက်မှတ်ဖြစ်ပါသည်။
စာမေးပွဲအောင်မြင်ပါက ရရှိမည့်အခွင့်အလမ်း
ဂျပန်အပါအဝင် အဖွဲ့ဝင်နိုင်ငံများတွင် Visa ကိုလွယ်ကူစွာရရှိခြင်း၊ အိုင်တီပညာရပ် အသုံးချလုပ်ကိုင်သော လုပ်ငန်းခွင်များတွင် ဝင်ရောက်လုပ်ကိုင်နိုင်မည့် အခွင့်အလမ်း သာလွန်ကောင်းမွန်ခြင်း၊ မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချူပ်မှ စေလွတ်သော ပညာတော်သင် ဆုများတွင်လည်း ရရှိနိုင်မည်ဖြစ်ပါသည်။
စာမေးပွဲဖြေဆိုရန် လိုအပ်သောအရည်အချင်း
အနည်းဆုံးအရည်အချင်းသတ်မှတ်အနေဖြင့် တက သိုလ်ဝင်တန်းအောင်းမြင်ပြီး IT ပညာရပ်တွင် အတွေ့အကြုံရှိသူများ ဝင်ရောက်ဖြေဆိုနိုင်ပါသည်။ ကွန်ပျူတာ ကျောင်းသားများနှင့် IT ဘွဲ့ရသူများဖြေဆိုရန် ပိုမို သင်တော်ပါသည်။
Examination
စာမေးပွဲကို 2010 ခုနှစ် အောက်တိုဘာလ (31) ရက်နေ့တွင် အဖွဲ့ဝင်နိုင်ငံများအားလုံးတွင် တစ်ပြိုင်တည်း တချိန်တည်း ကျင်းပဖြေဆိုမည်။ တောင်ကြီးမြို့တွင် တတိယအကြိမ်ကျင်းပသော စာမေးပွဲဖြစ်သည်။
စာမေးပွဲ စာရင်းများကို 2010 အောက်တိုဘာလ (27)ရက်နေ့နောက်ဆုံး ပေးသွင်းရမည်ဖြစ်ပါသည်။ Information Technology Passport Exam (IP) -5000ks/ Fundomental Information Technology Engineer Exam -10000ks
Training Class
ဖြေဆိုရမည့် ဘာသာရပ်များကို ကွန်ပျူတာပညာရှင် အသင်းမှ အခမဲ့ သင်ကြားပို့ချသွားမည်ဖြစ်ပါသည်။
သင်တန်းအချိန်
(14.10.2010)ရက်မှ(29.10.2010)ရက်အထိ နံနက် (10:00)နာရီမှ (12:00)နာရီထိ
သင်တန်းနေရာ
မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း (ရှမ်းပြည်နယ်) မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်အသင်း (ရှမ်းပြည်နယ်) ဗိုလ်ချူပ်အောင်ဆန်းလမ်းနှင့် တောင်ကျောင်းလမ်းထောင့်၊မြို့မရပ် တောင်ကြီးမြို့။ ဖုန်း – 081 25329 တို့ဖြစ်ပါသည်။