မုန်တိုင်း သတင်း အထူး သတိပေးချက်

ဂ်စ္စူOctober 14, 20101min918


ဘင်္ဂလား ပင်လယ်အော် အတွင်းရှိ လေဖိအားနည်း ရပ်ဝန်း သည် ယမန်နေ ့က လေဖိအား ကျုံ
ကြွှမှု အခြေအနေ မှာ တစ်ဆင့် ယနေ ့မနက် လင်းအားကြီး အချိန် တွင် အားကောင်းသော မုန်တိုင်းငယ်
အဖြစ် သို ့ကူးပြောင်းကာ မြန်မာ နိုင်ငံ ဘက် ပုသိမ်မြို ့၏ အနောက်ဘက် မိုင် ၂၀ဝ ခန် ့အကွာ ကို ဗဟို
ပြု၍ ရွှေ ့လျှားနေသည် ဟု Freedom Weather Forecast မှ သတိပေးချက် ထုတ်ပြန်ထားသည်။

ထိုမုန် တိုင်းငယ် သည် နောက်ထပ် ၁၂ နာရီ အတွင်း မုန်တိုင်းကြီး အဖြစ် သို ့ရောက်ရှိ မလာပါက ဧရာဝတီ
တိုင်း နှင့် ရန်ကုန်တိုင်း တို ့တွင် မိုးသည်းထန် စွာ ရွာသွန်း သည့် အဆင့်သာ ရှိမည်ဖြစ်သည်။မုန်တိုင်းငယ်
သည် အနောက်မြောက် ဘက်သို ့ဆက်လက် ရွှေ ့လျှားနေပြီး အရှေ ့ဘက်သို ့ပြည်လည် ဦးတည် လာပါက
ရခိုင်ပြည် နယ် နှင့် ဧရာဝတီ တိုင်း စပ်ကြားမှာနေ ၍ မြန်မာ နိုင်ငံ တွင်း သို ့ဝင်ရောက်မည် ဖြစ်သည်။

ဘင်္ဂလား ပင်လယ်အော် အတွင်း ဖြစ်တတ်သည့် မိုးနှောင်းကာလ မုန်တိုင်းများ သည် မြန်မာ နိုင်ငံတွင်းသို ့
ဝင်ရောက်တတ်သည်။မုန်တိုင်း ၏ အရှိန်ကြောင့် ဧရာဝတီ တိုင်းတွင် နောက် နှစ်နာရီ အတွင်း နှင့် ရန်ကုန်
တွင်နောက်ထပ် လေးနာရီ အတွင်း နှင့် အခြား မြို ့များ တွင် နောက် ထပ် ခြောက်နာရီ အတွင်း မိုးစတင်
ရွာသွန်း မည် ဖြစ်သည်။

အိန္ဒိယ နိုင်ငံ ကမ်းရိုး တမ်းဒေသများ တွင် မုန်တိုင်း သတိပေးချက် ထုတ် ပြန်ထားသည်။ယခု မုန်တိုင်း
သည် အောက်တိုဘာလအတွင်း ဒုတိယ အကြိမ်မြောက်ဖြစ်သည်။

Ref:freedomnewsgroup

8 comments

  • Gong Zhu

    October 14, 2010 at 11:47 am

    ဒါဆို နက်ဖြန်ကျောင်းမတတ်တော့ဘူး …

  • SP

    October 14, 2010 at 12:09 pm

    ကျောင်းမတက်ချင်တာနဲ ့..တားကို တရားခံရှာပြီ
    မုန်တိုင်း.>>>..လာချင်လာမည်.မလာချင်မလာပါဘူး..
    ပြောလို ့တော့မရဘူး..
    မနေ ့က မြောက်ဥက္ကလာနဲ ့ အင်းစိန်ဘက်မှာ လော်စပီကာနဲ ့ အော်တယ်လို ့ပြောတယ်
    မုန်တိုင်းလာမည် အပြင်မထွက်ကြပါနဲ ့.ဆိုပြီး..
    ဒါပေမဲ့
    မုန်တိုင်းတော့ မလာခဲ့ဘူး ..ညဘက်.မိုးတော့ တော်တော်ဆွဲခဲ့တယ်
    တောင်ဥက္ကလာမှာ ငမိုးရိပ်ချောင်း တာရိုးကျိုးခဲ့တယ်

  • ဆူး

    October 14, 2010 at 1:08 pm

    မနေ့ညကတော့ မိုးတွေ အသေရွာလို့ အိပ်ယာတောင် လန့်နိုးတယ်.. ရွာလိုက်တာမှ.. လွန်ရော.. အမိုးမလုံလို့ အိပ်မရတဲ့ မိသားစုတွေ မရှိပါစေနဲ့အားလုံး အဆင်ပြေကြပါစေလို့.. မေတ္တာပို့ပြီး ပြန်အိပ်လိုက်တယ်

    • zawana

      October 15, 2010 at 2:47 am

      ည တရေးနိုးမှာတောင် ကိုယ့်လောက် ကံမကောင်းတဲ့သူတွေကို သတိတရနဲ့ လူသားချင်း စာနာစိတ် ရှိတဲ့အတွက် “ဆူး” ကို ချီးကျူးပါတယ် ခင်ဗျာ။
      အားလည်း ကျမိပါတယ်။
      ကျနော်လည်း နောက်ဆို အဲဒီလို မေတ္တာပို့တတ်တဲ့ အလေ့အကျင့်ရအောင် ကြိုးစားမယ်။

  • mitesmith

    October 14, 2010 at 1:37 pm

    ဆူး မင်းတော်တယ်။

  • winkyawaung

    October 14, 2010 at 3:25 pm

    အင်း မုန်တိုင်းတွေက မတရားသူတွေကိုများ ရန်မူနေတာလားကွယ်..။

  • fatty

    October 14, 2010 at 3:28 pm

    ဒီသတင်းမျိူးအရေးကြီးသဖြင့် ..သိရှိသူများ အဆက်မပြတ်ဖေါ်ပြပေးကြပါရန် ….
    မြန်မာ့အသံဖွင့်နားထောင်တော့ ..ဘာမှကြေငြာတာ မကြားရပါ။

  • Gong Zhu

    October 14, 2010 at 4:01 pm

    မနေ့ညက မိုးရွာတာကမှ ပက်ပက် စက်စက်ပဲ … ဒါနဲ့ မနက် ရ း ဝဝ လောက် အပြင်ကြည့်လိုက်တော့ မိုးဖွဲလေးတွေကျလို့ … ဒါနဲ့စဉ်းစားလိုက်တယ် … ကျောင်းမတတ်တော့ပါဘူးလို့ … မတော်လို့ ဒီလိုမျိုးထက်ရွာမှဖြင့်ဆိုပြီးတော့ … ဟီးဟီး
    အိပ်ပစ်လိုက်တယ် …

Leave a Reply