City FM StudioမှRadioShowအသစ်များကို တင်ဆက်ပေးသွားမည်

အာဂOctober 14, 20101min410

ရေဒီယို အစီအစဉ်ကောင်းများဖြင့် ပရိတ်သတ်ကို ဆွဲဆောင်ထားနိုင်သည့် City FM ရေဒီယိုတွင် လူကြိုက်များသော ရေဒီယိုအစီအစဉ် (Radio Show) များစွာကို တင်ဆက်ပေးနေသည့် City FM Studio မှ အောက်တိုဘာလအတွင်း အစီအစဉ်သစ်တစ်ခုကို ထပ်မံတင်ဆက်သွားမည် ဖြစ်သည်။ အဆိုပါ အစီအစဉ်အား “Duet Feeling” ဟု အမည်ပေးထားပြီး ခေတ်မရွေးတဲ့ စုံတွဲ တေးလေးများချည်း သီးသန့် စုစည်းတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ရဲ့ စိတ်ဝင်စားစရာအကောင်းဆုံးကဏ္ဍကတော့ နားဆင်သူ ချစ်သူမောင်မယ်တွေကိုယ်တိုင် ရင်ထဲက ခံစားချက်လေးတွေကို ပီပီပြင်ပြင်ရေးဖွဲ့လို့ သီချင်းတောင်းဆိုနိုင်တဲ့ အစီအစဉ်လေးပါ။ တစ်ပတ်တစ်ခါ တနင်္လာနေ့ နဲ့ သောကြာနေ့ ညနေ ၄ နာရီချိန်တိုင်း တင်ဆက်ပေးမယ့် ဒီ “Duet Feeling” အစီအစဉ်မှာ ဒီ သီချင်းတောင်းဆိုမှုကို ထူးထူးခြားခြား တစ်ပတ် တစ်ဦးရဲ့ ရင်ဖွင့်တောင်းဆိုစာသာ ရွေးသွားမှာဖြစ်ပြီး အရွေးချယ်ခံရဖို့အတွက် မိမိရဲ့ ရင်ထဲက စစ်မှန်တဲ့ အချစ်ခံစားချက်တွေကို ရေးဖွဲ့ဖို့ပဲ လိုပါတယ်။ ခံစားချက်တွေနဲ့ သီချင်းတောင်းလွှာ ပေးပို့မယ်ဆိုရင် စာတိုက်သေတ္တာအမှတ် (၁၅၅) နဲ့ duetfeeling.fm@gmail.com တို့ကို ပေးပို့ ဆက်သွယ်နိုင်တယ်ပါတယ်။ လာမယ့် နိုဝင်ဘာလဆန်းမှာလည်း City Diary လို့အမည်ပေးထားတဲ့ အစီအစဉ် တစ်ခုကို စပြီး တင်ဆက်ပေးသွားဦးမယ့်အကြောင်း ဒီအစီအစဉ်ရဲ့ Radio DJ လည်းဖြစ် City FM ရဲ့ Assistant Production Manager လည်းဖြစ်တဲ့ သီဟလုလင်က Mandalay Gazette Websiteကို ပြောကြားခဲ့ပါတယ်။

“ဒီ City Diary အစီအစဉ်က ကျွန်တော်တို့ MD ဦးကြည်မင်းသိန်း စိတ်ဝင်တစား အကောင်အထည်ဖော်ချင်နေခဲ့တာ တော်တော်ကြာပါပြီ။ ဦးကြည်ရဲ့ စိတ်ကူးလေးကို ကျွန်တော်တို့ Production Team က အကောင်းဆုံး ပုံဖော်နိုင်အောင် ကြိုးစားပေးလိုက်တာပါ။” အဆိုပါ City Diary အစီအစဉ်တွင် City FM နားဆင်သူများကိုယ်တိုင် ပါဝင်နိုင်ပြီး လေလှိုင်း စာမျက်နှာထက်မှာ မိမိရဲ့ ဘဝရေးရာ၊ မိသားစုရေးရာ နှင့် ရင်ခုန်သံခံစားချက်များကို ပေးပို့နိုင်ပြီး ရေးသားပေးပို့လာသမျှကို City FM Studio မှ အစီအစဉ်တင်ဆက်သူများက ဖတ်ကြားဝေမျှရင်း ခံစားချက်နှင့်တိုက်ဆိုင် လိုက်ဖက်သည့် သီချင်းကောင်းလေးများကို ရွေးချယ်လက်ဆောင်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ City Diary အစီအစဉ်တွင် ပါဝင်ရေးသားလိုသူများဟာ citydiary.fm@gmail.com နဲ့ စာတိုက်သေတ္တာအမှတ် (၁၅၅) တို့ကို ပေးပို့နိုင်ပါတယ်။ အစီအစဉ်ကိုတော့ အပတ်စဉ် တနင်္လာနေ့ မနက် ၁ဝ နာရီခွဲ၊ ဗုဒ္ဓဟူးနေ့ ညနေ ၄ နာရီ နဲ့ သောကြာနေ့ မနက် ၁၁ နာရီ အချိန်များမှာ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ Studio က သိပ်မကြာခင်က တင်ဆက်ပေးခဲ့တဲ့ Fun Shopping အစီအစဉ်မှာလည်း နားဆင်သူတွေ အကျိုးရှိစေမယ့် ဈေးပွဲတော် အစီအစဉ်တွေကို ဦးစားပေး ဖော်ပြပေးနေပြီးတော့ ကုန်ပစ္စည်းမိတ်ဆက် နဲ့ လုပ်ငန်း၊ ဆိုင်ခန်း မိတ်ဆက်၊ ပြီးတော့ ဝန်ဆောင်မှု မိတ်ဆက်တွေကို မေတ္တာသက်သက်နဲ့ ကူညီဖော်ပြပေးနေတာပါ။ လုပ်ငန်းရှင်တွေအတွက် အရမ်းထိရောက်ပါတယ်။ သူက Radio Shopping Guide အစီအစဉ်လည်း ဖြစ်နေတော့လေ။ အသေးစိတ်ကိုတော့ ကျွန်တော်တို့ ရုံး အမှတ် ၅၇၃၊ ပြည်လမ်း၊ ကမာရွတ်၊ ရန်ကုန်။ ဖုန်း ၅၃၆၀၄၂၊ ဝ၉ ၈၆ ၂၀၅၇၅ နဲ့ ဝ၉ ၅၁ရ ၆၄၅၄ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။” လို့ ကိုသီဟလုလင်က ဆက်လက် ရှင်းပြ ခဲ့ပါတယ်။