ပါဏာတိပါတာကံထိုက်ခြင်း နှင့် သားငါးစားခြင်း
သားငါးစားသူများသည် မိမိအတွက် ရည်ရွယ်ပြီး သတ်သည်ကို …
( ၁ ) မြင်ခြင်း
( ၂ ) ကြားခြင်း
( ၃ ) ငါ့အတွက် သတ်ထားတာများလားဆိုပြီး သံသယဖြစ်ခြင်း
ထိုသို့ဖြစ်ပါက ရဟန်းရှင် ၊ လူ ၊ မည်သူမဆို အပြစ်ဖြစ်သည် ။
( ရှင်နေသော အကောင်တစ်ကောင်ကောင် ကို မိမိအတွက် သတ်နေသည်ကို ၄င်း ၊ သတ်သည်ကိုမြင်သော် ၄င်း ၊ ကြားသိရလျှင်သော် ၄င်း ၊ သံသယဖြစ်ပြီး စားလိုက်လျှင်သော်၎င်း အပြစ်ဖြစ်သည် ။ )
ရဟန်းတော်များက သတ်သတ်လွတ်စားရမယ်လို့ မရှိပါဘူး … အသားကြီး ဆယ်မျိုးကိုတော့ရည်ရွယ်ပြီး မစားရပါဘူးး .. .
၁ . လူသား ၊ ၂ . တင်သား ၊ ၃ . မြင်းသား ၊ ၄ . ခြသေ့င်္သား ၊ ၅ . ကျားသား ၊ ၆ . ကျားသစ်သား ၊ ၇ . ၀က်ဝံသား ၊ ၈ . ၀ံပုလွေသား ၊ ၉ . ခွေးသား ၊ ၁၀ . မြွေ သား ။ရည်ရွယ်ပြီးသတ်ထားတဲ့အသား ။ ရည်ရွယ်ပြီးသတ်ထားတဲ့အသားဆိုရင် ကြက်ဥ ၊ ဘဲဥ မှစပြီး ဘာအသားမှ စားလို့မရပါဘူး ။။။
ရည်ရွယ်ပြီးသတ်ထားတဲ့အသားမဟုတ်လျှင် မိမိတို့ကြောင့်သေတာမဟုတ်သောကြောင့် အပြစ်ကင်းနေပါသည် ။ ထို့ကြောင့် သားငါးကို မြတ်စွာဘုရားက မတားမြစ်ခဲ့ခြင်းဖြစ်သည် ။
ပါဏာတိပါကံကံသောက်ရောက်ခြင်းငါးပါး
၁ . အသတ်ခံရသူသည် သက်ရှိဖြစ်ခြင်း
၂ . သတ၀ါဟု အမှတ်သညာရှိခြင်း
၃ . သေစေလိုသောစိတ်ရှိခြင်း
၎ . သတ်ရန် အားထုတ်ခြင်း
၅ . အားထုတ်လိုက်သောကြောင့် သေဆုံးသွားခြင်း
သတ်ပုံသတ်နည်း ( ခေါ် ) လုံ့လ ပယောဂ ( ၆ ) ပါး
၁ . ကိုယ်တိုင်သတ်ခြင်း
၂ . တစ်ခြားသူအားသတ်ခိုင်းခြင်း
၃ . ဓါး ၊ လှံ စသည်ဖြင့် ပစ်ပြိး သတ်ခြင်း
၎ . သေစေရန် တွင်းတူးခြင်း ၊ ဗုံးထောင်ခြင်း ၊ နည်းမျိုးစုံဖြင့်သတ်ခြင်း
၅ . စုန်း ၊ လက်ဖွဲ့ ၊ အင်း ၊ တန်ပြန် စသော အတတ်များဖြင့်သတ်ခြင်း
၆ . နဂါး ၊ ဂဠုန် စသော တန်ခိုးရှိသော တိရိစာန် ၊ သတ၀ါ တို့ ၏ တန်ခိုးဖြင့်သတ်ခြင်း
ထိုသို့ သတ်သူကား ပါဏာတိပါတံကံထိုက်၏ဟုဆိုသည် ။ သေစေလိုသောစိတ်မရှိပဲ မတော်တဆ ဆိုလျှင် ကံ မထိုက်ပါ ။
စေခိုင်းသတ်ခြင်း ( ၆ ) ပါး
သတ်ပုံသတ်နည်း ( ခေါ် ) လုံ့လ ပယောဂ ( ၆ ) ပါး မှ ၂ . တစ်ခြားသူအားသတ်ခိုင်းခြင်းတွင် ( ၆ ) မျိုါ်ရှိပါသေးသည် ။
၁ . သတ်အပ်သူ
၂ . သတ်ရမည့်အချိန်
၃ . သတ်ရမည့်ဌာန
၎ . သတ်သည့်လက်နက်
၅ . သတ်အပ်သော ကရိယာပုတ်
၆ . သတ်ပုံ အခြင်းအရာ
သတ်ခိုင်းစေခြင်း ခြောက်ပါး အနက်ကို ပြီးမှ ပြောပြပါမယ် … ထမင်းသွားစားချင်လို့ … မတော်လို့ မီးပျက်ရင် ရေးထားတာ ပျက်သွားမှာ စိုးလို့ … :P
ဂေါင်ဇူ ရေးထားတဲ့ အထဲက စေခိုင်း သတ်ခြင်း ဆိုတာ ဖတ်မိတော့ .. စိမ်းလဲ့ကန်သာ လူသတ်မှုမှာ အပြစ်ရှိတဲ့ လူ တော်တော် များမှာနော် .. စေခိုင်းသူ .. ထပ်ဆင့် စေခိုင်းသူ .. ထပ်ဆင့် ထပ်ဆင့် စေခိုင်းသူ .. သတ်သူ .. စသဖြင့်ပေါ့ ..
သတ်မှုကို ထိန်ချန်ထားသူရော အပြစ်ရှိပါသလား သိချင်ပါတယ် ..
Was this answer helpful?
LikeDislikeပံသကူသားစားရမှာပေါ့နော်။ ပါဏာတိပါတကံ မမြောက်အောင်။
Was this answer helpful?
LikeDislikeသေစေချင်တဲ့စိတ်မရှိသလို ကြံရာပါ မဟုတ်ရင်တော့ အပြစ်မရှိလောက်ဘူးထင်ပါတယ် ။
Was this answer helpful?
LikeDislikeအပေါ်ကစာကို ကဏ္ဍခွဲရင် အပိုင်းကြီး ၅ပိုင်း..။
အဲဒီမှာ .. analyzed လုပ်ကြည်ရင်..တခုကိုတခုချေဖျက်နေတာတွေ..တွေ့ရတယ်..။
ရှေ့ ဆုံးက အပိုင်းကအဆိုးဆုံးပဲ..။
ဗမာလိုတည့်တည့်ပြောရင်တော့ .. ရှေ့ နောက်မညီတာပေါ့..။ အကုန်ကတော့ ဘုရားဟောမဖြစ်ထိုက်ဘူး..။
တယောက်ယောက်က .. ကိုယ့်အယူအဆတွေ သွပ်သွင်းထားလောက်တယ်..။
အဲဒီတော့ ..ဂမ်ဘီရဖြစ်ပြီး.နားလည်ရခက်တယ်…။
==
တရားဂုဏ်တော် (၆) ပါး
ဘဂ၀တော-မြတ်စွာဘုရားသည်၊ဓမ္မော-တရားတော်များကို၊
၁.)သွာက္ခာတော-အစအလယ်ဆုံး၊ သုံးပါးအစုံကောင်းခြင်းဂုဏ်နှင့် ပြည့်စုံအောင် ဟောကြားတော်မူပါပေ၏။
၂.)သိန္နိဋ္ဌိကော-ကျင့်ကြံသူတို့အား တပ်အပ်ထင်ထင်၊ ကိုယ်တိုင်ပင်လျှင်သိနိုင်စွမ်းပါပေ၏။
၃.)အကာလိကော-အခါမလင့် ဒိဋ္ဌလက်ငင်း အကျိုးပေးခြင်းလည်း ရှိပါပေ၏။
၎.)ဧဟိပသိ၁ကော-လာပါ၊ ရှူ့ပါ ကျင့်လှည့်ပါဟု ဖိတ်ခေါ်တိုက်တွန်းခြင်းငှာထိုက်တန်ပါပေ၏။
၅.)သြပါနေယျိကော-မိမိကာယ အဇ္ဈတ္တတွင် ကိုယ်တွေ့မြောက်အောင်ကပ်ရု ဆောင်ထိုက်ပါပေ၏။
၆.)၀ိညူဟိ-ပညာရှိသူတော်ကောင်းတို့သည်၊ ပစ္စတ္တံဝေဒိတဗ္ဗေါ-ကိုယ်စီကိုယ်ငှ ရရှိခံစားထိုက်ပါပေ၏။
Was this answer helpful?
LikeDislikeအရှေ့အနောက် မညီ ဘူးဆိုလို့ စဉ်းစားနေတာ ဘယ်လိုမှ စဉ်းစားလို့လဲ မရဘူး.. ဦးနှောက်တောင် နဲနဲ ခြောက်လာပြီ.. ဘာကိုများ ပြောတာလဲ မသိဘူးနော်..
Was this answer helpful?
LikeDislike公主 ရေ …….. သေစေချင်တဲ့စိတ်မရှိဘူး ကြံရာပါလည်းမဟုတ်ဘူးဆို အပြစ်မရှိဘူးဆိုတာလက်ခံပါတယ် …. ဒါပေမယ့် ထိန်ချန်ထားရင်တော့ အပြစ်ရှိပါတယ် … မှန်ရာစကားမဆိုရင် လိမ်ညာတဲ့အပြစ်ရှိပါတယ် …. ရည်ရွယ်ပြီးသတ်တဲ့အသားမဟုတ်တဲ့ ပံသကူအသားကိုပဲစားရမယ်ဆိုရင်တော့ … တရုတ်ဘုန်းကြီးပဲဝတ်လိုက်ပါတော့ :P
Was this answer helpful?
LikeDislikegong zhu ကိုတော့ တရုတ်လိုပေါင်း ပြီးတော့ သမီးကဘယ်လိုလုပ်ပြီး ဘုန်းကြီးဝတ်ရမှာလဲလို့ … သတ်သတ်လွတ်ဆိုတဲ့ စာအုပ်ကို ချုံ့ပြီးပြန်ရေးထားတာ … သူရေးသလိုပဲနော် … သမီး ဘာမှမသိဘူး … :P
Was this answer helpful?
LikeDislikeတရုတ်ပြည်က ဈေးတွေ စူပါမတ်ကတ်တွေမှာတော့ ကြက်၊ ငါး၊ ပုဇွန်၊ ဂဏန်း၊ ဖား အရှင်တွေကိုပဲ တရုတ်တွေက ၀ယ်ပြီးချက်စားကြတယ် .. အဲဒါမှ လတ်ဆတ်ပြီး အရသာရှိတာတယ့် … စားသောက်ဆိုင်မှာ ငါးတို့ ပုဇွန်တို့လို ဟင်းလျာဆိုရင် အရှင်ကိုယူလာပြီးအရင်ပြပြီးမှ ချက်ပေးကြတယ် … ပါဏာတိပါတာကံ အတိအကျကိုသက်ရောက်တာပေါ့ .. တစ်နိုင်ငံလုံး ဘာသာမရှိကြတော့ ဘယ်သူမှ ငရဲမကြောက်ကြဘူး ..
Was this answer helpful?
LikeDislikeသေစေလိုသောစိတိမရှိဘဲမတော်တဆဆိုလျှင်ကံမထိုက်ဆိုတာ ဥပမာ.. ကားမောင်းနေရင်းရုတ်တရက်ကားမတော်တဆမှုဖြစ်ပြီးအတိုက်ခံရတဲ့သူသေသွားရင်တရားဥပဒေအရအရေးယူခံရပေမဲ့ ပါဏာတိပါတကံမထိုက်ဘူးလို.ဆိုချင်တာလား။ရှင်းရှင်းလင်းလင်းသိချင်ပါတယ်။
Was this answer helpful?
LikeDislikeအလှူလုပ်မယ် ဆိုရင်
ဈေးထဲသွား .. ရောင်းချနေတဲ့ ကြက် ၁၀ ပိဿာ ၀ယ် ချက် အပြစ်မရှိ ..
မွေးမြူရေးခြံသွား .. မနက်ဖန်အလှူအတွက် ကြက် ၁၀ ပိဿာ လိုချင်တယ် လို့ မှာရင် .. ကိုယ့်အတွက် သီးသန့် သတ်ရမှာမို့လို့ အပြစ်ဖြစ်တယ် ..
ဒီလိုပဲ .. ဒန်ပေါက် ဆိုင်ကို သွား .. ဒန်ပေါက် ပွဲ ၁၀၀ အော်ဒါမှာရင် ကြက် ၂၅ကောင် သတ်စေ အမိန့်ကို သွယ်ဝိုက် ထုတ်ပြန်သလို ဖြစ်လို့ အပြစ် ရှိတယ် ..
ဒါကြောင့် အလှူလုပ်မယ့် မနက်ကျမှ ဒန်ပေါက်ဆိုင်သွား ချက်ပြီး ဒန်ပေါက် အထုတ် ၁၀၀ ဆွဲလာ အပြစ် မရှိ ..
ရည်ရွယ်ပြီး သတ်တာ မဖြစ်ဖို့ အရေးကြီးတယ် ဆိုတာ အဲဒါကို ဆိုလိုတာပါ ..
ဒါကြောင့် အခုဆိုရင် ဂဏန်းသား .. ရေဘ၀ဲသားတွေ မစားတော့ဘူး .. လတ်ဆတ်မှာ ကြောက်လို့
Was this answer helpful?
LikeDislikeသူကြီးရှေ့နောက်မညီတာ ရှင်ပြပါ အဲဒီလောက်မစဉ်းစားနိုင်ဘူခေါင်းတော်တော်ပူနေပြီ အမြဲပဲ ဒီထဲကအတိုင်းသိတော အမှန်လိုယူထားတာ
Was this answer helpful?
LikeDislikeဒီပို့စ်က ဖတ်နေရင်းနဲ့မှ..။ ပြန်စဉ်းစားမိတာလေးရှိလို့ပါ…။ ဈေးထဲက သတ်ပြီးသား အသေသားဝယ်တယ်ဆိုပါဆို့……..။ အဲ …ဈေးသည်တွေ က ဒီနေ့ လာဝယ်မဲ့ သူတွေ အတွက် ရည်ရွယ်ပြီး သတ်ထားတာလေဗျာ…။ သူ့ဖာသာသူ သေသွားတဲ့ သားငါးကိုလာရောင်းတာမဟုတ်ဘူးဗျ..။ ကိုယ်သွားဝယ်ရင် ကိုယ့် အတွက် ရည်စူး ပြီး သတ်ထားသလို ဖြစ်မနေဘူးလား…။ ပုံပြင်ထဲက ဖိုးသူတော်လို ” ငါ မသတ်ချင်ဘူးနော် ” ဆိုပြီး ရေနွေး အိုးပေါ် ဂဏန်း ဖြတ်ခိုင်းသ လိုဖြစ်နေပြီလားလို့ပါ…။
Was this answer helpful?
LikeDislike