မေးလ်ထဲရောက်လာတဲ့ တဘောင်တော်ကြီး

moeloneOctober 14, 20101min1124

မနေ့ကမေးလ်ထဲရောက်လာတဲ့ မဟာတဘောင်တော်ကြီးဆိုတဲ့ forward mail လေးကို အားလုံးဖတ်ရှုနိုင်အောင်လို့ ဝေမျှလိုက်ပါတယ်။
မဟာတဘောင်တော်ကြီး

ဝလေးလုံးဆုံ ပြောင်းဖို့ကြုံ
နိမ့်သူမြင့်ဖို့ ဖြစ်လတ္တံ့

ငါးကောင်ဆင်ဖြူ တိုင်းပြည်ဆူ
ရှေ့လူ နောက်တက် နင်းလတ္တံ့

သီတင်းကျွတ်ရေတက်တိုင်းပြည်ပျက်
ကောင်းအောင်ညီဖို့ လိုလတ္တံ့။

၁၀-၁၀-၂၀၁ဝ ဟာ ဝလေးလုံးဆုံတဲ့ ကာလဖြစ်လို့ အနိမ့်စံနေရတဲ့သူတွေ အမြင့်စံရတော့မယ့်အချိ်န်ဖြစ်ပါတယ်တဲ့။
ဆင်ဖြူတော်ကလည်း ငါးကောင် ဆုံညီသွားပြီမို့ တိုင်းပြည်တကယ်ကောင်းဖို့ ဆင်ပြောင်ငါးစီး အားမာန်တွေ စုစည်းလိုက်သလို ရှေ့မှာ အနိုင်ကျင့် စိုးမိုးထားသူတွေကို နောက်တက် လူကောင်း လူမှန် တွေက ချေမှုန်းအနိုင်ပြန်ယူတော့မယ်နိမိတ်ဖြစ်ပါတယ်တဲ့။
သီတင်းကျွတ်ကာလ ဒီအချိန်မျိုးမှာ မြန်မာပြည်နေရာတော်တော်များများမှာ ရေလွှမ်းမိုးတာဟာ တိုင်းပြည်ပျက်မယ့်  အတိတ်နိမိတ်လို့ ဆိုပါတယ်။ ကောင်းတာတွေဖြစ်ချင်တယ်ဆိုရင်တော့ အားလုံးညီညွတ်ဖို့လိုပါလိမ့်မယ်လို့ ဆိုထားခြင်းပါ။ အမှားပါရင်ခွင့်လွှတ်ပေးကြပါခင်ဗျာ။

4 comments

  • michaelaungpu

    October 15, 2010 at 3:04 am

    နောက်တက်လာမယ့် ကြက်ဖွတ် ဥက္ကဌအိမ်တွေကို အဖွဲ ့စည်းမဖွဲ ့ဘဲ
    လစ်ရင်လစ်သလို တစ်ကိုယ်တော် ခဲနဲ ့ထုကြဘို ့နဲ ့
    အကြောင်းမလှလို ့ ဥက္ကဌ အိမ်လုံခြုံရေးဆိုပြီး ကင်းစောင့်ကြရမယ်ဆိုရင်လည်း
    ဆက်ပြီး ညွန်ကြားမယ်
    ပုံ
    မြေပေါ်မြေအောက် အဖျက်သမားခေါင်းဆောင်ကြီး မိုက်ကယ်ဂျော်နီအောင်ပု

    • bigcat

      October 15, 2010 at 4:07 am

      လေးစားပါတယ် မစ္စတာပု၊ အခြေအနေမကောင်းရင် ကျုပ်တို့ဆီကို ပြေးလားခဲ့။ ကူညီဖို့အသင့်ပဲ။
      ပုံ
      ရေပေါ်ရေအောက်တပ်မှူးများအဖွဲ့
      ဘဲ၊ လိပ်၊ မိကျောင်း

  • tunaung

    October 15, 2010 at 3:51 am

    မှူကြီးတွေမတ်ကြီးတွေကိုတော့သွားလုပ်ဘို့မလွယ်ဘူး တကယ်ဆော်ရမှာက ကိုယ်လက်လှမ်းမှီတဲ့ အာဏာရူးအားကိုးပုဆိန်ရိုးတွေကို…ဒီလိုကောင်တွေကိုလစ်ယင်လစ်သလိုချ ထွက်ပြေး အဖမ်းမခံနဲ့မတန်ဘူး ဒီအကြံကောင်းလါး….ဂျော်နီအောင်ပု..

  • etone

    October 15, 2010 at 7:18 am

    တဘောင်ကလည်း လန်းတယ်နော် ။
    ဝလေးလုံးကတော့ကျော်လာပြီ တကယ်ပဲ ဘာတွေဆက်ဖြစ်မလဲ စောင့်နေတယ် ။

Leave a Reply