မရွာပဲ ခြိမ်းတဲ့ မိုး တွေ အသံ ပဲ ကြား ခဲ့ရတယ်

မလာ ပဲ ယိမ်း ခဲ့ ကြိုးရှည်လှန် တဲ့ နွားလို

ခပ်ဝေးဝေး က နေ မျှော် နေဖို့  ဖြစ်လာပြန်တော့လဲ

ပင့်သက် တိုင်းမှာ  အလွမ်းတွေပြည့်လေရဲ့ 

နှလုံးသာက မီးခိုးငွေ့ မှ မဟုတ်တာ ငါ့ မှာ  ပေါ့ပေါ့ ပါးပါး ထွက်သွားလို့ ကိုမရဖြစ်နေတယ်

မှန်တာတွေ မှားတာတွေ ကြားထဲခြားနေ တဲ့ ဗလာဖြစ်တည်မှုလေး တစ်ခု ဘယ်လိုမှ မဆုပ်ကိုင်နိုင်ဘူး

လူက တော့ လွတ်လပ် လဟာ မှာမြောလို့ 

စက်ရုပ်တစ်ရုပ် လို တစ်နေ့ တာ ဝေယျာဝိစ္စတွေကို အသက်မရှိပဲ့ တုံ့ ပြန်

ခံစားချက်ဆိုတာ ဘယ်ချောင် ထဲ ၀င်ခိုနေမှန်းမသိ

တစ်ချက်လောက် ကျေးဇူးပြု ပြီး မင်းခိုးယူသွားတဲ့ ခံစားချက်တွေ  ပြန်ပေးပါကွာ။

ငါ့မှာ အလွမ်းက လွဲ ပြီး ဘာမှမကျန်တော့လို့ ပါ။

ငါ့ကို ကစားခဲ့တာ ပဲ ဖြစ်ဖြစ် လှည့်စားခဲ့တာ ပဲ ဖြစ်ဖြစ်

လက်ဖျစ် တတွတ် စာလောက် မင်း တကယ်ချစ်ခဲ့တယ်ဆိုရင် ငါနေသာပါတယ်။

မင်းသိမလားတော့ မသိဘူး လက်ဖျစ်တတွတ် မျက်တောင်တခတ်မှာ ဖြစ်မှု ပျက်မှု ပေါင်း သုံး သိန်း လောက် ရှိတယ်တဲ့။

အော် ဟိုဘက်ဒေါင့်မှာ တွေ့ လား  တငွေ့ ငွေ့  ဖြစ်နေတဲ့  အရာဝတ္တူ တစ်ခု

အဲဒါ တစ်ခြားမဟုတ် ဘူး ပေးဆပ်မှုနဲ့ လောင်မြိုက်နေ တဲ့ ငါ့အတ္တတွေ

ငါ့  ဂရုစိုက်မှု တွေကို မြေမြုပ်သဲဂြိုလ် ရမယ်တဲ့ ။

ငါ့ သ၀န်တို မှုတွေ ကို မြို ချ စားသုံးရမယ်တဲ့ ။

ဘယ်ဘ၀ က ကျိန်စာတွေလဲ ကွာ။

ဝဠ် ရှိလဲ မကြေ ပါနဲ့  ငါ့ ဘယ်လောက်ပဲ စုတ်ပြတ်သပ်သွားပါစေ။  မင်းကိုချစ်တယ်။

ဆုံးဖြတ်ပြီးသား ကိစ္စ တစ်ခု အတွက် ခေါင်းမော့ ရင်ကော့ ခါးစည်းခံလိုက်မယ်။

About snique

david snique has written 11 post in this Website..

just a man