လူမိုက်လို ့ပဲဆိုဆို

sniqueOctober 14, 20101min17614

မရွာပဲ ခြိမ်းတဲ့ မိုး တွေ အသံ ပဲ ကြား ခဲ့ရတယ်

မလာ ပဲ ယိမ်း ခဲ့ ကြိုးရှည်လှန် တဲ့ နွားလို

ခပ်ဝေးဝေး က နေ မျှော် နေဖို ့ ဖြစ်လာပြန်တော့လဲ

ပင့်သက် တိုင်းမှာ  အလွမ်းတွေပြည့်လေရဲ ့

နှလုံးသာက မီးခိုးငွေ ့မှ မဟုတ်တာ ငါ့ မှာ  ပေါ့ပေါ့ ပါးပါး ထွက်သွားလို ့ကိုမရဖြစ်နေတယ်

မှန်တာတွေ မှားတာတွေ ကြားထဲခြားနေ တဲ့ ဗလာဖြစ်တည်မှုလေး တစ်ခု ဘယ်လိုမှ မဆုပ်ကိုင်နိုင်ဘူး

လူက တော့ လွတ်လပ် လဟာ မှာမြောလို ့

စက်ရုပ်တစ်ရုပ် လို တစ်နေ ့တာ ဝေယျာဝိစ္စတွေကို အသက်မရှိပဲ ့တုံ ့ပြန်

ခံစားချက်ဆိုတာ ဘယ်ချောင် ထဲ ဝင်ခိုနေမှန်းမသိ

တစ်ချက်လောက် ကျေးဇူးပြု ပြီး မင်းခိုးယူသွားတဲ့ ခံစားချက်တွေ  ပြန်ပေးပါကွာ။

ငါ့မှာ အလွမ်းက လွဲ ပြီး ဘာမှမကျန်တော့လို ့ပါ။

ငါ့ကို ကစားခဲ့တာ ပဲ ဖြစ်ဖြစ် လှည့်စားခဲ့တာ ပဲ ဖြစ်ဖြစ်

လက်ဖျစ် တတွတ် စာလောက် မင်း တကယ်ချစ်ခဲ့တယ်ဆိုရင် ငါနေသာပါတယ်။

မင်းသိမလားတော့ မသိဘူး လက်ဖျစ်တတွတ် မျက်တောင်တခတ်မှာ ဖြစ်မှု ပျက်မှု ပေါင်း သုံး သိန်း လောက် ရှိတယ်တဲ့။

အော် ဟိုဘက်ဒေါင့်မှာ တွေ ့လား  တငွေ ့ငွေ ့ ဖြစ်နေတဲ့  အရာဝတ္တူ တစ်ခု

အဲဒါ တစ်ခြားမဟုတ် ဘူး ပေးဆပ်မှုနဲ ့လောင်မြိုက်နေ တဲ့ ငါ့အတ္တတွေ

ငါ ့ ဂရုစိုက်မှု တွေကို မြေမြုပ်သဲဂြိုလ် ရမယ်တဲ့ ။

ငါ့ သဝန်တို မှုတွေ ကို မြို ချ စားသုံးရမယ်တဲ့ ။

ဘယ်ဘဝ က ကျိန်စာတွေလဲ ကွာ။

ဝဠ် ရှိလဲ မကြေ ပါနဲ ့ ငါ့ ဘယ်လောက်ပဲ စုတ်ပြတ်သပ်သွားပါစေ။  မင်းကိုချစ်တယ်။

ဆုံးဖြတ်ပြီးသား ကိစ္စ တစ်ခု အတွက် ခေါင်းမော့ ရင်ကော့ ခါးစည်းခံလိုက်မယ်။

14 comments

  • snique

    October 14, 2010 at 3:14 pm

    တစ်ခု တောင်းပန်ချင်ပါတယ် ဒီနေ ့ က ကျွန်တော် ၂၅ နှစ်ပြည့်တဲ့နေ ့ အထီးကျန်ဆုံးနေ ့မို ့လို ့ရေးတင်မိတာ ပါ ဒီ mandalay gazette ရဲ ့ policy နဲ ့ညီမညီ မသိတော့ point ရချင်လို ့မဟုတ်ဘူးဆိုတာကို ဝန်ခံပါတယ်

    • kai

      October 14, 2010 at 9:15 pm

      Wishing you very Happy Birthday!
      May you have many more years of happiness and success ahead!

  • Gong Zhu

    October 14, 2010 at 3:21 pm

    Happy Birthday … တစ်နှစ်ပတ်လုံး ပျော်ရွှင်ကံကောင်းပါစေ …

  • ဆူး

    October 15, 2010 at 3:35 am

    မွေးနေ့မှာ ပျော်ရွင်ပါစေ.. ချစ်သူကို တမ်းတပြီး ရေးထားတာလားဟင်.. ဘယ်လိုပဲ ဖြစ်ဖြစ် အချိန်ကတော့ ကုစားမှာပါ..
    လိုသော ဆန္ဒပြည့်ပါစေ

  • char too lan

    October 15, 2010 at 4:52 am

    Happy Birthday …………:) 😀 😛
    နောင်နှစ်များစွာ အဆွေးကင်းတဲ့ချစ်ခြင်းနဲ့ဆုံဆည်းပါစေ……

  • naw2lay

    October 15, 2010 at 4:56 am

    ခေါင်းစဉ်နဲ့စာသားနေရာချတာမှားနေတယ်ထင်တာပဲ အရူးလို့ပဲဆိုဆို ဆိုတော်သေးတယ်

  • etone

    October 15, 2010 at 5:08 am

    နှစ်ဆယ့်ငါးနှစ်ပြည့်တဲ့နေမှာ အထီးကျန်ဆုံးနေ့ဖြစ်သွားတာလား ။ ဘာဖြစ်ဖြစ် ကဗျာလေးထဲက
    “မှန်တာတွေ မှားတာတွေ ကြားထဲခြားနေ တဲ့ ဗလာဖြစ်တည်မှုလေး တစ်ခု ဘယ်လိုမှ မဆုပ်ကိုင်နိုင်ဘူး ” ဆိုတဲ့ စာပိုဒ်လေးကို ကြိုက်တယ် ။ ကဗျာလေးကို နှစ်ခါပြန်ဖတ်ဖြစ်ပါတယ် ပိုပိုပြီးလည်း အဓိပ္ပယ်တွေပေါ်လာတယ် ။ အိမ်မက်တွေပေးပြီးထားပစ်ခဲ့တဲ့သတ္တိမရှိတဲ့သူတယောက်ကို တမ်းတနေတာကိုး ။ အချိန်က ကုစားသွားမှာပါကွာ စိတ်ဓါတ်မကျပါနဲ့ ။

  • april

    October 15, 2010 at 7:09 am

    “Happy Birthday”…… ပြီးခဲ့တာတွေကို တွေးမနေပဲ လက်ရှိကိုပဲ အကောင်းဆုံးဖြစ်အောင် ကြိုးစားပါ။

  • pan pan

    October 15, 2010 at 7:44 am

    မွေးနေ့မှာ အထီးကျန်နေတာလား။ ပျော်ပျော်နေပါ။ Happy Birthday ပါ။

  • kopauk mandalay

    October 15, 2010 at 4:00 pm

    အကောင်းဆုံးကတော့ လေးဖြူရဲ့စာမျက်နှာ နှစ်ဆယ့်ငါးကို နောက်ခံတီးလုံးအဖြစ်ထည့်နားထောင်လိုုက်ပါ။
    ဘယ်ဆီကို မင်းရောက်နေတယ် ဘယ်သူနဲ့မင်းရှိနေတယ်ဆိုတဲ့စာသားလေးနဲ့ပေါ့………………….

  • The Reds

    October 15, 2010 at 4:23 pm

    ့မွေး နေ. မှာ ပျော် ရွှင် အောင် နေ ပါ .. အထီး ကျန် တယ် လို. မ သတ် မှတ် ပါ နဲ. … တကယ် လို . အ ထီး ကျန် တယ် ဆို ရင် ဟာ သ ကား တွေ ကြည်. ပါ .. ပြီး ရင် … ဂိမ်း ဆော. လိုက် ပါ … ဟီး ဟီး ..

  • unclegyi1974

    October 15, 2010 at 4:50 pm

    အဆွေးကိုခံစားပြီး ဆွေးနေတာအရှုံးသမားပါ
    အဆွေးကိုအင်အားအဖြစ်ပြောင်နိုင်ရင်အောင်နိုင်သူပါ
    မွေးနေ့ရှင်အောင်နိုင်သူဖြစ်ပါစေ

  • snique

    October 15, 2010 at 6:09 pm

    အော် အကိုတို ့ အမတို ့ရယ် တစ်ခုခုမှားသွားပါ ဒီ ကဗျာ မတိုင်ခင် ကိုယ့်ကို ကို ပြန်ပေးတဲ့လက်ဆောင်ဆိုပြီးတင်လိုက်ပါသေးတယ် အဲဒါနဲ ့လွဲပြီးပါလာတာ ပါ၊ အခု အဲဒီ အရင်ကဗျာကို posts ထဲမှာ ပြန်ကြည့်တော့မရှိဘူးခင်ဗျာ အော် စိတ်ရှည်သည်းခံလမ်းကြောင်းမှန် သုံးရန် myanarmtelenet ဆိုတဲ့ စကားလေး ပဲရွတ်ပြီးထပ်ကြိုးစားကြည့်ပါမယ် admin တွေကိုပြောချင်တာ လူ ၁ ယောက်ဖတ်လိုက်ရရင်ကျေနပ်ပါပြီ ကျွန်တော့်အတွက် point မလိုပါဘူးလို ့။ တော်ကြာ point တက်ချင်လို ့တွေ ့ရာ ရေးတယ် ထင်မှာဆိုးလို ့ပါ။

  • snique

    October 15, 2010 at 6:10 pm

    ဲပြီးတော ့naw2lay ကို ပြောချင်တာက အရူးဆိုတာ က မသိလို ့လုပ်တာ ပါ သူ ့မှာ သိမှုမသိမှု မရှိပါဘူး လူမိုက်ဆိုတာ သိသိရက်နဲ ့လုပ်တဲ့ကောင်ပါ ကျွန်တော်က ကို ယ့်ကိုယ်ကို လူမိုက်လို ့ခံယူထားလို ့ပါ။

Leave a Reply