ပါဏာတိပါတာကံ နှင့် သတ်သတ်လွတ် ( ၂ )

မမေလးOctober 14, 20101min940

ထင်တဲ့ အတိုင်းပဲ မီး ခဏလေးပျက်သွားတယ် . . .

( ၁ ) သတ်အပ်သူ

လူတစ်ယောက်ကိုစေခိုင်းပြီး သတ်ခိုင်းရာ မောင်ဖြူကို သတ်ပါဟု ခိုင်းလိုက်သည် ။ သတ်သူက မောင်ဖြူကို မသတ်ပဲ မောင်ညို ကို သတ်မိသွားသည် ။ ထိုတွင် ခိုင်းသူက ကံမထိုက်ပဲ သတ်သူသာ အပြစ်ရှိပါသည် ။

မှတ်ချက် ။    ။ အတင်း တိုက်တွန်းပြီး မဖြစ်မနေ သတ်ရမည်ဆိုသော် စိတ်ထဲက သတ်လိုစိတ်မရှိ မတတ်သာဘဲ ပြုလုပ်ရလျှင် အပြစ်ကလွတ်နိုင်ပါသည် ။

( ၂ ) သတ်ရမည့်အချိန်

သတ်ခိုင်းသူက မနက်သတ်ခိုင်းသည်ကို ည ဘက်တွင်သွားသတ်သည် ။ သွားသတ်သူမှာ အပြစ်ရှိပြီး သတ်ခိုင်းသူမှာ အပြစ်မရှိပါ ။

( ၃ ) သတ်မည့်အရပ်ဌာန

သတ်ခိုင်းသူက . အိမ်ပေါ်တွင်သတ်ပါ . ဟု ခိုင်းလိုက်ရာ သတ်သူက လမ်းလျှောက်ထွက်စဉ် သတ်လိုက်ပါက သွားသတ်သူသာ ပါဏာတိပါတာကံထိုက်သည် ။

( ၄ ) သတ်သည့်လက်နက်

ခိုင်းသူက ဓါးဖြင့်သတ်ခိုင်းရာ သွားသူက သေနတ်ဖြင့်သတ်ခဲ့သော် သတ်သူသာ အပြစ်ရှိသည် ။

( ၅ ) သတ်အပ်သော ကရိယာပုပ်

ခိုင်းသူက အိပ်နေတုန်းသတ်ပါ ဟုဆိုရာ သတ်သူက လမ်းလျှောက်ထွက်စဉ်သတ်သော် သတ်သူသာ အပြစ်ရှိသည် ။

( ၅  ) သတ်ပုံအခြင်းအရာ

လက်နက်ဖြင့် သတ်ခိုင်းရာ ၊ အဆိပ်ခတ်ပြီးသတ်သော် သတ်သူသာ အပြစ်ရှိသည် ။

ပါဏာတိပါတာကံ ဆိုင်ရာကို သိရှိပြီးနောက် သတ်သတ်လွတ် အသားစား ရှောင်ကြဉ်မှု နှင့် ပါဏာတိပါတာကံ စဉ်းစားကြည့်ကြစို့ ။

မောင်ညိုသည် သားငါးများ ဈေးမှဝယ်ပြီး ချက်ပြုတ်စားသောက်ရာ တစ်အိမ်သားလုံးစားကြသည် ။ မောင်ညိုနှင့်တစ်ကွ စားသူများမှာ အပြစ်ရှိမရှိ ဆန်းစစ်ကြမည် ။

ဈေးတွယ်ဝယ်ခြင်းသည် အရှင်မဟုတ် ပါဏာတိပါတာကံ ငါးပါးနဲ့ လုံ့လ ပယောဂ ငါးပါး နှင့် မငြိစွန်းသောကြောင့် ဝယ်ယူစားသုံးသူများ အပြစ်မရှိဟု ဆိုပါသည် ။

လေ့လာသုံးသပ်ချက်

သတ်သတ်လွတ်စားပြီး ကျန်းမာရေးကောင်းနေကာ ၊ သား ၊ ငါးစားလျှင် ကျန်းမာရေး တစ်ခုခု ချို့တဲ့ နိုင်သည်ဟု ဆိုသူများအတွက် ကောင်းမြတ်သောပြုမူချက်တစ်ခု ဖြစ်ပါသည် ။

မိမိသတ်သတ်လွတ် စားခြင်းသည် ဘုရားဟောတရားတော်ကြောင့် အစွန်းရောက် အယူအဆများ မရောနှောစေဘဲ ကျန်းမာရေးအတွက်၊ ဆန အလျောက်သာဖြစ်သင့်သည် ။

2005 ခုနှစ် ၊ ဂျူလိုင်လ

သတ်သတ်လွတ်အဖွင့် ( ရွှေညာမောင်ယဉ်စိုး )  စာအုပ်မှ ပေါ်လွင်သည့် အချက်များကို အတိုချုံး ရေးလိုက်ပါသည် ။