Google မှာရှာကြည့်တော့ အဲ့ဒီစာအုပ်မရှိလို့ တင်ပေးလိုက်တာပါ … ဦးဝင်းလှိုင် ရဲ့  စကားပုံတစ်ရာ ပုံတစ်ရာ ( သတမအကြိမ် ၊ 1987 ဂျူလိုင်လ ) အကယ်လို့ သိကြတယ် ရှိကြတယ် ဆိုရင် ဆက်မတင်တော့ပါဘူးလို့ . . .

၁ . စိုသောလက် မခြောက်စေနှင့်

ဆွေမျိုး သင်္ဂဟာများကို စိတ်မပျက်အောင် အစဉ်ဂရုစိုက် ဆက်ဆံသင့်ကြောင်း ပေါ်လွင်အောင်ဖော်ပြထားသော စကားပုံ ဖြစ်ပါသည် ။ ( ဆောင်ပုဒ် – မိတ်ဆွေကောင်းမှန် မြဲဆက်ဆံ ၊ ရန်သူမဖြစ်သင့် )

၂ . တပည့်လိမ်မာ ဆရာ အာပတ်လွတ်သည်

ကိုရင်တစ်ပါးသည် ကြက်သားဟင်းဘုန်းပေးရန် ပြင်းပြနေချိန်တွင် ကြက်တစ်ကောင်ကျောင်းပေါ်သို့ တတ်လာ၏ ။ ကိုရင်သည် အာပတ်သင့်မှာ စိုးသဖြင့်  ကျောင်းရှိ ကျောင်းသားတပည့်များအား  * ဟဲ့ မောင်ကျောင်းသား မနာကျင်အောင် ကြက်အား အမြီးကိုသာရိုက် ခေါင်းမရိုက်နဲ့ * ဟုပြောလိုက်၏ ။ ကျောင်းသားက အလိုက်သိစွာ သတ်ပြီးး ကြက်သားဟင်ူ လှူလိုက်သဖြင့် အာပတ်လွတ်သွားသောကြောင့် * တပည့်လိမ်မာ ဆရာ အာပတ်လွတ် * ဟုပြောဆိုကြသည် ။ ( ဆောင်ပုဒ် – ဆရာ့ဆန ဖြည့်စွမ်းမှ သိတတ် အလိမ်မာ )

၃ . ဘုရားပြီးက ငြမ်းဖျက်သည်

ဘုရားတည်သောအခါ ငြမ်းဆင်ပြီး တည်ရစမြဲဖြစ်သည် ။ ဘုရားတည်ပြီးသော အခါ ထိုငြမ်းကို ဖျက်ကြသည် ။

ကြီးမားတိုးတတ်ရန် မ စ စောင့်ရှောက်ခဲ့သော ကျေးဇူးရှင်ကို ကြီးပွါးတိုးတတ်သွားသော် ကျေးဇူးကန်းသောအခါတွင်ပြောလေ့ရှိသည် ။ ( ဆောင်ပုဒ် – သူ့ကျေးဇူးရှိပေဖူး ၊ အထူးသိရမည် ။ )

၎ . မမြင်ဖူး မူးမြစ်ထင်

ကျယ်ဝန်းသော မြစ်ကြီး မမြင်ဖူးသောသူသည် မြစ်ငယ် တစ်ခုမြင်ရုံနှင့် ကျယ်ဝန်းသညံ မူးမြစ်ဟုထင်နေကြသည် .။

ပစည်း ဥစာ ၊ ရာထူး အဆင့်အတန်း အတန်အသင့်ရရှိပြီးသူအချို့သည်  မြင့်မားပြည့်စုံပြီဟု ရောက်တတ်ကြသည် ။ ( ဆောင်ပဒ် – ဘ၀မြင့်လျှင် လူရယ်ချင် ဆင်ခြင် သတိပြု )

၅ . ဟောင်လွန်းသာခွေးလူမလေး

ဟောင်လွန်းသောခွေးကို လူကြောက်ကြသည် ။ ခဏခဏ ဟောင်လွန်းသောခွေးကို စိုးရွံ့မှုမရှိကြတော့ပေ ။

မကြာခဏ ကြိမ်းဝါးခြိမ်းခြောက်တတ်သူအား အရိုအသေ အကြောက်အရွံ့ မရှိတော့ကြောင်းဆိုလိုသည် ။ ( ဆောင်ပုဒ် – ကြုံးဝါးဟောက်ဟန်း အမြဲကြိမ်း ၊ လူပြိန်းလူညံ့သာ ။ )

( ဥပမာ – ကျောင်းမှာ စာမရလျှင်ရိုက်မယ်လို့ဆရာမက ပြောလိုက်တယ် … စာမရရင် ဒီတစ်ခါရှိပါစေတော့ ဆိုပြီး ဖြစ်ဖန်များလာတော့ ကျောင်းသားက ဆရာမက တစ်ကယ်မရိုက်ပါဘူးကွာ ခြောက်ရုံခြောက်တာပါ ဆိုပြီး မလေးစား မကြောက်ရွံ့တော့ဘူးလို့ပြောတာပါ )

About မမလေး

has written 129 post in this Website..