ဇာဂနာကို မျက်စိစမ်းသပ်ကုသမှုပြုလုပ်ပေး

etoneOctober 15, 20101min714
မြန်မာ နိုင်ငံတွင်း စောင်ရေအများ ဆုံး အပတ်စဉ် ဂျာနယ် တစ်စောင်ဖြစ်သည့် Weekly Eleven
ဂျာနယ် ကို ထုတ်ဝေသော Eleven Media Group မှာ ၎င်းတို ့၏ အင်တာနက် စာမျက်နှာတွင်
မြစ်ကြီးနား ထောင်ဉ် ထောင်သွင်း အကျဉ်းချခံထား ရသည့် ဟာသ ပညာရှင် (ကို) ဇာဂနာ
နှင့် မုံရွာ ထောင် တွင် အကျဉ်း ချထား ခံရသည့် ဗကသ ခေါင်းဆောင် (ကို) ဒီငြိမ်းလင်း တို ့၏
ဆေးစစ်နေ သည့် ဓာတ်ပုံများ ကို ဖော်ပြထားသည်။
ထို ဓာတ်ပုံများ မှာ အကျဉ်းဦးစီး ၏ မှတ်တမ်းအဖြစ်  ထားရှိ သော ဓာတ်ပုံများ
ကို Eleven Media မှ လက်ခံရရှိသည် ဟု ဖော်ပြထားသည်။ကို ဇာဂနာ ၏ ဓာတ်ပုံမှာ ဇူလိုင်လ ရ ရက်
နေ ့က ရိုက်ကူးထားခြင်း ဖြစ်ပြီး ကို ဒီငြိမ်းလင်း ၏ ပုံမှာ မူ ဇူလိုင်လ ၂၂ ရက်နေ ့က ရိုက်ကူး ထား
ခြင်းဖြစ်သည်။

ယခု ကဲ့ သို ့ နိုင်ငံရေး အကျဉ်းသားများ သတင်း ကို ဖော်ပြခွင့် ရလာခြင်းသည် ကောင်း
သော်လည်း အချိန် နှင့် တပြေးညီ ဖော်ပြခွင့် ရခြင်း သည် ပို ၍ ကောင်းသည် ဟု နိုင်ငံ
ရေး အကျဉ်းသား ဟောင်း စာရေးဆရာ တစ်ဦး က ပြောသည်။ ထို ့ထက်ပို ၍ ကောင်း
သည်မှာ နိုင်ငံရေး အကျဉ်း သား အား လုံး လွှတ်ပေး လိုက်ခြင်း ပင် ဖြစ်သည် ဟု
Freedom News Group သို ့ပြောသည်။

စစ်အစိုးရ လက်အောက်မှာ အကျဉ်း ဦးစီးဌာန က နိုင်ငံရေး အကျဉ်းသားများ ကျမ္မာရေး
အခြေအနေ ကောင်းသည် ဟု ပြောသော်လည်း FNG မှ စုံစမ်း သိရှိရသမျှ လတ်တလော
တွင် မြန်မာ နိုင်ငံ ၏ ရုတ်ချဉ်း ရာသီဥတု ပြောင်း လဲမှု ဖြစ်စဉ်များ အရ ကျန်းမာရေး ချို ့ယွင်း
နေကြသည် ဟု သိရသည်။

ကိုဇာဂနာ ၏ မိတ်ဆွေ သရုပ်ဆောင် တစ်ဦး ကမူ ဇူလိုင် လက ကောင်းတာနဲ ့ အခုကောင်း
တယ်လို ့ပြောလို ့ရမလား ဟု နိုင်ငံရေး အကျဉ်းသား တွေ ကို ဒိထက်ပိုပြီး ကျမ္မရေးစောင့်
ရှောက် ဖို ့လိုတယ် ဟု ပြောသည်။

သရုပ်ဆောင် ဇာဂနာ သည် ၂၀၀၈ ခုနှစ် နာဂစ် သင့်ဒေသများ တွင် သွားရောက် အကူအညီ
ပေးမှု ကြောင့် အဖမ်းခံရခြင်းဖြစ်ပြီး ကို ဒီငြိမ်းလင်း သည် ၂၀၀ရ ခုနှစ် ရွှေဝါရောင် တော်
လှန်ရေး ကာလက ပြည်သူ တို ့၏ အကြပ်အတည်း ကို ကူညီဖြေရှင်းမှု ကြောင့် အဖမ်းခံရခြင်း
ဖြစ်သည်။

Copy: Freedom News Group

4 comments

  • mG

    October 15, 2010 at 1:31 pm

    အဲ့လို စာလေးရေးထားပေးတော့ ကောင်းတယ်ဗျ။နိုင်ငံရေးကို လူတွေကသိချင်နေတာမဟုတ်ဘူးလေ။နိုင်ငံရေးအကျဉ်းသားတွေ ဘာဖြစ်နေလည်းဆိုတာကို လူတွေသိချင်တာ….။အဲ့ဒါတွေကို အာဏာရှင်တွေက လိုက်ပြီးတော့ပြောတဲ့လူတွေကိုဖမ်းနေတော့လည်း လူတွေက စိတ်ရဲ့အတွင်းကနေတာ တိတ်တိတ်လေးခိုးခိုးပြော ခိုးခိုးနားထောင်နေရတယ်လေ။အဲ့လိုခိုးခိုး နားထောက်နေရတာကလည်း အရသာရှိတယ်ဗျ။……။တကယ်လို့များ နိုင်ငံတော်အစိုးရက ဒီလိုသတင်းတွေကို ပေးပြောခွင့်တွေပေးမယ်။မေးမြန်းခွင့်တွေပေးမယ်ဆိုရင်
    နိုင်ငံတော်အစိုးရကလည်း ပြည်သူတွေရဲ့ အခြေအနေတွေကို သူသိနေရတော့ သူလည်းလိုက်လှန်ထိန်းသိမ်းလို့ရတာပေါ့ဗျာ……..။သူကိုက ပိန်းတာ။

  • april

    October 15, 2010 at 1:48 pm

    ဦးဇာဂနာ ဘယ်တော့လွတ်မှာလဲဟင်.. သူ့ဟာသတွေက အရမ်းကောင်းတယ်…ချောချောမောမော အမြန်လွတ်ပါစေလို့ ဆုတောင်းပါတယ်။

  • The Reds

    October 15, 2010 at 3:47 pm

    ကံကောင်း ပါ စေ ဦး ဇာဂနာ … အ မြန် ဆုံး လွတ် မြောက် ပါ စေ ။

  • cobra

    October 16, 2010 at 9:22 am

    သူလွတ်ဖို့ကတော်တော်လိုသေးတယ်လို့ပြောသံကြားတယ်။အမြန်လွတ်လပ်ပါစေ။

Leave a Reply