ဖြစ်ရပ်မှန်

တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ဟူသော စကားပုံသည်လော ဆိုရိုးသည်လော ထိုသောဝေါဟာရသည် လွန်စွာအံ့မခန်းမှန်ကန်လွန်းလှပါတော့၏။
ကျွန်ုပ်အဝင်ပါဖြစ်သော သက်ရှိလူသားတို ့သည် မိမိတို ့ မှီတင်းနေထိုင်ရာ ပထဝီ ရေမြေကိုလိုက်၍ ဒေသခံတို ့၏ ဓလေ့စရိုက်နှင့် အမူအကျင့်တို ့သည် မြားမြောက်စွာ ကွဲပြားခြားနားကြကုန်လေ၏ ဆိုခြင်းကို အထူးရည်ညွန်းရန် မလိုအပ်လှပေ။
ဒေသအရပ်တစ်ခုမှသည် ပတ်ဝန်းကျင်တစ်ခုတို ့၏ ဓလေ့စရိုက်တို ့သည် ရံခါတွင် လွန်စွာမှ ဆန်းပြားကြကာ လားလားမှ စေ့စပ်၍မရလောက်အောင်လည်း ကွဲပြားခြားနားကြကုန်၏။
ပြောမယ့်သာပြောရတာပါ ငိုအားထက်ရီအားသန် လား ရီအားထက်ငိုအားသန် လား တော့မသိ အူကြောင်ကြောင်ဖြစ်မိတာကတော့ အမှန်ပါဘဲ။ လူတို ့၏သဘာဝအရ စား၊ဝတ်၊နေရေး ဆိုတဲ့ အကြောင်းသုံးပါးထည်းက ပုံစံအမျိုးမျိုးနဲ ့ အဟာရကိုမှီဝဲပြီးလျှင် ဒီတိုင်းနေလို ့မရတဲ့ကိစ္စကတော့ဖြင့် အိမ်သာတက်ရခြင်းပါဘဲ။
အိမ်သာတက်ခြင်းအမှုကို ပွဲတော်တစ်ခုအလား စည်စည်ကားကား ကျင့်ပကြတဲ့ ရွာသားအချို ့ကို မိမိကိုယ်တိုင် ကြုံတွေ ့ ခဲ့ရဘူးပါတယ်လို ့ ပြောရပါလျှင်တော့ ယုံကြည်နိုင်ကြပါမည်လား?။ ကျွန်တော့်အသက် ခပ်ရွယ်ရွယ်လောက်တုန်းကပါ မြန်မာပြည်အောက်ပိုင်း ဒေသခံတိုင်းရင်းသားတွေနေတဲ့ တောမကျ မြို ့မကျ ရွာကြီးတစ်ရွာကို ကျွန်တော်ရောက်ရှိသွားခဲ့ဘူးပါတယ်။
အဲ့သည်ရွာကြီးမှာ ကားလမ်းမှသည် မီးရထားလမ်း ပင်လယ်ရေတက်ရေကျ ချောင်းကြီးများအထိ ရှိကြပါ၏ စီးပွားရေးလည်းအလွန်ကောင်းမွန်ပြီး စည်စည်ကားကား ရှိလှတဲ့ ရွာကြီးလည်းဖြစ်ပါသည်။ ပင်လယ်ထွက်ကုန်ပစ္စည်းများ ဖောက်ကားရောင်းဝယ်ကြခြင်းကို အထူူးပြုလုပ်ကြပြီး ရာဘာစေး၊သစ်၊ဝါး အစုံလည်းထွက်ပါသည်။ ကျွန်တော်ကြုံခဲ့ရဘူးတဲ့ ပွဲတော်က လူစည်ကားရာ ရွာလည်ခေါင်မှာ မဟုတ်ပါဘူး ရွာရဲ ့အနောက်ဘက်အစွန်တစ်ခုဖြစ်တဲ့ သင်္ချိုင်းကုန်းအနီးမှာရှိတဲ့ အိမ်ခြေ တစ်ရာကျော်ကျော်လောက်ရှိတဲ့ အုပ်စုကလေးမှာပါ။ အခြာသောအစွန်းပိုင်းတွေတော့ ကျွန်တော်မသိပါ။ ထိုအိမ်စုများမှ အနောက်စူးစူး ပင်လယ်ဘက်သို ့ပေါက်သော လမ်းဘေးတွင် ဆားဂိုဒေါင်ကြီးများ နှင့် သင်္ချိုင်းကုန်းသည် တည်ရှိနေပါ၏။ ထိုအိမ်စုတို ့သည် ကွက်သစ်သဘောမျိုးဖြစ်ကာ အိမ်တိုင်းတွင် အိမ်သာမရှိကြပေ ရှိသောအိမ်သာများသည်လည်း အရေးပေါ်ကိစ္စတွက် တည်ဆောက်ထားခြင်းသာဖြစ်ကြကုန်၏။ အကြောင်းမှာ ပင်လယ်ရေနီးပိုင်း မြေဖြစ်၍ သုံးပေခန် ့မျှတူးလိုက်လျှင် ရေငန်များထွက်လာကာ တွင်းပြိုကျသောကြောင့်ဖြစ်၏။ အကယ်၍ အိမ်သာကျင်းနက်နက်တူးပြီး ကောင်းကောင်းလုပ်လိုလျှင် ဆားငန်ရေခံနိုင်သော အုပ်၊အင်္ဂတေ တို ့ဖြင့် အခိုင်မာတည်ဆောက်ရသောကြောင့် ငွေကြေးကုန်ကျမှု အခက်ခဲရှိကြရ၏ ထို ့ကြောင့်ပင်လျှင် ထိုပွဲတော်ကြီး ဖြစ်ပေါ်လာပုံပေါ်လေသည်။
ကျွန်တော်က အဲ့သည်ဒေသက ဆားတွေကိုဝယ်ပြီး မြန်မာပြည် အထက်ဘက်ကို
ပို ့တဲ့ သူဋ္ဌေးတစ်ယောက်စီမှာ ပညာသင်တစ်ဖြစ်လည်းအလုပ်လုပ်ပါတယ် ကျွန်တော့်အလုပ်က ဝယ်လိုက်တဲ့ဆားတွေရဲ ့အလေးချိန်နဲ ့ သယ်ယူပို ့ဆောင်ရေးတွေကို ကြပ်မတ်ရတဲ့အလုပ်ပါ။ တစ်နေ ့အရောင်းဝယ်တည့်သွားကြလို ့ ဆားတွေရဲ ့ အရည်အသွေးကို စစ်ဆေးဘို ့ ဆားဂိုဒေါင်ကိုသွားတဲ့အခါမှာ ဒီပွဲတော်ကြီးကို မျက်ဝါးထင်ထင် တွေ ့မြင်ခဲ့ရတာပါဘဲ။ ဂိုဒေါင်ကြီးတွေရဲ ့ဘေးပတ်ပတ်လည်မှာ ဆူးညောင့်ခလုပ်တွေကို အထပ်ထပ်ကာရံထားတာဟာ ခံတပ်ကြီးလားထင်မှတ်ရပါတယ် ကျွန်တော်မေးကြည့်တော့ ဆားကိုမည်သူမျှဂိုဒေါင်ဖောက်၍မခိုးကြောင်းနှင့် ဤကဲ့သို ့ မကာရံထားပါက ဂိုဒေါင်ဘေးပတ်ပတ်လည်မှာ သက်တောင့်သက်သာနှင့် အိမ်သာလာ၍တက်ခြင်းအမှုကို ပြုကြပါလျှင် အလုပ်လုပ်၍ ရနိုင်တော့မည်မဟုတ်ကြောင်း ကိုသိခဲ့ရပါတယ်။
ထိုနေ ့ နေ ့လည်ချိန်များတွင် မိန်းမပျိုလေး တစ်ယောက်စ နှစ်ယောက်စတို ့သည် ဆားကွင်း နှင့် သင်္ချိုင်းကုန်းတော၏အစပ်တွင် ထီးကလေးများကာ၍ အိမ်သာတက်နေကြသည်ကို လှမ်း၍မြင်မိပါလျှင် ကန်တော်ကြီးနှင့် တိရိစ္ဆာန် ဥယျဉ်တို ့၌ စုံတွဲများ ထီးကာ၍ထိုင်နေကြပုံကိုမြင်ယောင်မိပြီး ပြုံးလိုက်မိပါသေးသည်။
ညနေငါးနာရီခန် ့မှာ ပျိုပျိုအိုအို ယောက်ကျား မိန်းမ လူကြီး ကလေး အရွယ်မျိုးစုံတို ့ဟာ တစ်ဦးချင်းမှသည် နှစ်ယောက်တွဲ သုံးယောက်တွဲမှ လေးငါးခြောက်ယောက်တွဲအထိ အုပ်စုဖွဲ ့ကာ သင်္ချိုင်းကုန်းတောစီသို ့ အိမ်သာတက်ပွဲတော်ကို ချီတက်ကြလေကုန်၏။
ကျွန်တော် ထူးထူးဆန်းဆန်းဖြစ်လွန်း၍ အလွန်အမင်အံ့ဩရမိခဲ့၏။ ကျွန်တော့်ထက်အသက်အနည်းငယ်စီကြီးသော ဒေသခံကုန်တင်ကုန်ချ အဖွဲ ့များက ကျွန်တော့်အား ကြုံဘူးရန် တူတူသွားကြပါမည်ကြောင်း ဖိတ်မန်တကပြုသောအခါ သူတို ့ ၏ ကမ်းလှမ်းချက်ကို လက်ခံလိုက်ပြီး သူတို ့နှင့်အတူ ချီတက်လေတော့၏ သင်္ချိုင်းကုန်းတောကြီးသည် အတော်ပင်ကျယ်ဝန်းလှပေရာ အထည်းသို ့ရောက်လျှင် ဝဲယာအရပ်တို ့ဖြင့် သူ ့နည်းသူ ့ဟန် ကျား၊မ ခွဲထားကြပုံရ၏။ ကျွန်တော် တစ်ဖက်သို ့ စောင်းငဲ့ကြည့်လိုက်သောအခါ အချို ့အမျိုးသမီးများသည် လမ်းများပေါ်တွင်ရပ်နေပြီး ကိစ္စမပြီးသေးသည့် အဖွဲ ့သားများကို စောင့်နေကြဟန်ရှိ၏။
ကျွန်တော်တို ့အဖွဲ ့သည် အတွင်းပိုင်းသို ့ဆက်လက်ချီတက်ကြမိသောအခါ ခြုံတောကလေးဘေး၌ အသက်ခပ်လတ်လတ် လူသုံးယောက်သည် တန်းစီ၍ ဆောင့်ကြောင့်ထိုင်ကာ အိမ်သာတက်ခြင်းအမှုနှင့်အတူ အကြောင်းရာတစ်ခုကို ၎င်းတို ့၏ ဘာသာစကားဖြင့် သူ ့ထက်ငါ အော်ဟစ်ကာ အားရပါးရ ဆွေးနွေးနေကြသည်လား ငြင်းခုန်နေကြသည်လား ကျွန်တော်နားမလည်ပါ သူတို ့ကိုကြည့်ရသည်မှာ အိမ်သာတက်သည်နှင့်မတူဘဲ လက်ဘက်ရည်ဝိုင်းတွင် စကားစမြည်း ပြောနေကြသည်နှင့်ပင် လွန်စွာတူတော့၏
ကျွန်တော့်မှာမူ ပဆိုးကို ခြုံထားပြီးလျှင် နှခေါင်းနှင့် ပါးစပ်တို ့အား ပဆိုးစဖြင့် ကာထားပြီး မျက်လုံးနှလုံးကိုသာဖော်ထား၏။ ခပ်လှန်းလှန်းတွင်လည်း လူငယ်တစ်ယောက်သည် အုတ်ဂူတစ်ခုပေါ်တွင် အကျအနထိုင်ကာ ဇိမ်ကျနေပုံရ၏ အချို ့ အုပ်ဂူများ၌ အုတ်ဂူပေါ်တွင် အိမ်သာမတက်ကြပါရန် မေတ္တာရပ်ခံစာများ ရေးထားကြကုန်၏ ထိုစဉ် မှာပင် အဆိုပါသုံးယောက်မှ တစ်ယောက်သောသူသည် ကျွန်တော်တို ့အဖွဲ ့ဝင်တစ်ဦးထံမှ ဆေးလိပ်မီးတောင်းညှိုလေ၏ သူသည် လွန်စွာ အိန္ဒြေ ရလွန်းလှသည် အိန္ဒြေ မရဖြစ်နေသူမှာ ကျွန်တော်သာဖြစ်၏ သူတို ့နှစ်ယောက် ဆေးလိပ်မီး အပြန်အလှန် ညှိုပြီးလျှင် ထိုလူမှ ကျွန်တော့်အခြေအနေကိုကြည့်ကာ အဝယ်တော်စာရေးလား ဟုမေးသောအခါ ကျွန်တော်ခေါင်းညိတ်ပြလိုက်သည့်အခိုက် ထမင်းစားပြီးပြီလား ဟုမေးလေ၏။
ငုတ်တုတ်ကြီး အိမ်သာတက်နေတဲ့သူက ကျွန်တော့်အားမေးလိုက်သော မေးခွန်းကို ဝိုင်းဝန်း၍သာ စဉ်းစားကြည့်ကြစေချင်ပါသည်။ အားလုံး၏မျက်နှာများကို ကျွန်တော်ကြည့်လိုက်သောအခါ ဘာမှထူးထူးခြားခြား မရှိဘဲ ပကတိအတိုင်းသာ ရှိနေကြကုန်၏ ထိုသူကျွန်တော့်အား လှောင်ပြောင်ခြင်းမဟုတ်ပေ ဤသည်က သူတို ့ ၏ ဓလေ့ပင်လော?။
( ထိုဒေသရှိသူတို ့သည် နံနက် ခြောက်နာရီ ခုနစ်နာရီခန် ့တွင် နံနက်စာ စားကြပြီး ညနေ လေးနာရီ ဝန်းကျင်တွင် ညနေစာ ကိုစားကြ၍ ငါးနာရီ ခြောက်နာရီ ခန် ့တွင် ထိုချီတက်ပွဲကြီးကို ကျင်းပကြလေ၏။ ဤသည်မှာ နှစ်အတန်ကြာခဲ့ပြီ ဖြစ်ပါ၍ ယ္ခုအခါတွင်မူ ထိုသူတို ့၏ဓလေ့တို ့သည် ရှိတော့လိမ့်မည်မထင်ပါ။ အကယ်၍ ထိုဒေသမှ လူ တစ်ယောက်ယောက်သည်၎င်း ကျွန်ုပ်ကဲ့သို ့ ကြုံကြိုက်ဘူးသူတစ်ယောက်ယောက်သည် ဤယ္ခု ကျွန်ုပ်ရေးသားထားပါသော ပို ့စ် လော စောင်းပါးလော မသိသော ဤစာကြောင်းများကို ဖတ်ရှုမိပါလျှင် ပြုံး၍နေမိလိမ့်မည်ဟုမူ ကျွန်ုပ်ယုံကြည်မိပါသည်။)
( အရပ်ဒေသကိုမူ အကြောင်းကြောင်းကြောင့်မဖော်ပြတော့ပါ )

8 comments

  • ဆူး

    October 16, 2010 at 11:26 am

    ဆြာပု က ဒီတခါတော့ အတည်ရေးတာဘဲ.. အဲဒီလို နေရာမျိုး ရှိတယ် ထင်တယ်.. အရင်က နယ်တွေ ခဏခဏ အလုပ်ကိစ္စနဲ့ ဆင်းရတဲ ဦးကြီး တယောက်ပြောဘူးတာ ကြားဘူးတယ်.. သူပြောတာ ဘယ်မြို့လဲတော့ မသိတော့ဘူး ငယ်လွန်းလို့ မမှတ်မိဘူး.. အကြောင်းအရာကိုသာ မှတ်မိနေတာ.. ဦးပု ရေးတာနဲ့ တော်တော် နီးစပ်တယ်။ ဒီလိုတော့ စာတွေ ပေတွေ မဖွဲ့ဘူးပေါ့..ညနေ ၅နာရီ ၆ နာရီ မမှောင်ခင်မှာ စကောလေးတွေ ကိုင်ပြီး ရွာ အပြင်ထွက်ကြတယ် လို့ ပြောတာ..

  • tunaung

    October 16, 2010 at 11:29 am

    ခုမရှိတော့ဘူးဗျ နာကစ်တုန်းကပါသွားတာ လူတွေရော ဂူတွေရော အပင်တွေရော ပျောင်သလင်းခါသွားတာဘဲ….

    • ဆူး

      October 16, 2010 at 12:39 pm

      ဖြစ်မှ ဖြစ်ရလေ.. နာဂစ် ဆိုလို့ နာဂစ် ဇတ်လမ်းလေး တခု ရေးထားတယ်။ အားပေးအုန်းနော်

  • SP

    October 16, 2010 at 11:50 am

    ဟုတ်ကဲ့ခင်ဗျ
    ချီတက်ကြတဲ့အခါ မိုင်းတွေဘာတွေ မနင်းမိဘူးလားခင်ဗျ
    တစ်ဖြည်းဖြည်း နယ်ကျွမ်းသွားတဲ့ အတွက် မနင်မိတာလားခင်ဗျ
    အကိုကော မိုင်း ဘယ်နှလုံး ထောင်ခဲ့ပါသလဲ ခင်ဗျ..။

  • bigcat

    October 16, 2010 at 3:23 pm

    ရွံ့ရမလို ရီရမလို၊ ဆရာပုရဲ့ ယိုချက်နဲ့ရိုက်ချက်ကတော့ ပြင်းပါ့ဗျာ။ နာဂစ်ဝင်မွှေသွားလို့ အဲဒါတွေ ပြောင်သလင်းခါသွားပြီဆိုတော့ ဘယ်ကိုများ တစစီလွှင့်သွားကြလဲ မသိဘူးနော်။

  • naywoonni

    October 16, 2010 at 3:51 pm

    အင်းတို့နိုင်ငံမှာလည်းဒီလိုနေရာတွေရှိနေသေးတာပဲ
    ပျောက်လောက်ရောပေါ့………….
    တစ်ကျောင်းတစ်ဂါထာပဲလေ…………
    ခုတော့တိုးတက်လာပါပြီဗျ
    ကိုရီးယားကားကြည့်ပြီးတော့စိန့်တိုင်းထွက်ပစ္စည်းတွေပဲသုံးတတ်တော့တယ်….။

  • The Reds

    October 16, 2010 at 5:16 pm

    ဟင် အိမ် သာ ဆောက် ဖို. နေ ရာ မ ပေး နိုင် လို. နဲ. တူ တယ် နော် ။

  • fatty poak

    October 16, 2010 at 6:43 pm

    ရှိတယ်ဗျ…….ကျွန်တော်တို့….အထက်တန်းကျောင်းတုန်းက….ဆရာမတစ်ယောက်လည်း…ပြောဘူးတယ်…ဒီဆောင်းပါးထဲက…ရွာလိုမျိုးအကြောင်း…..

Leave a Reply