ဂြိုလ်တုသုံး၍ ရုပ်ရှင်ရုံရှိ ဇာတ်ကားများကို အိမ်တွင်ကြည့်ရှုနိုင်မည့် e-Cinema

ဂ်စ္စူOctober 15, 20101min843

ရွှေသံလွင်မီဒီယာမှ စီစဉ်ဆောင်ရွက်သည့် Multi Play Services(MPS) အစီအစဉ်တွင် ရုပ်ရှင်ရုံများ၌ပြသနေသည့် ရုပ်ရှင်များကို ဂြိုလ်တုစနစ်ဖြင့်ချိတ်ဆက်ပြီး မိမိနေအိမ်တွင်ကြည့်ရှုနိုင်မည့် e-Cinema လုပ်ဆောင်ချက်ပါဝင်မည်ဖြစ်ကြောင်း

အဆိုပါမီဒီယာနည်းပညာဆိုင်ရာအရာရှိချုပ် ဦးမျိုးမင်းကပြောသည်။ “e-Cinema ဆိုတာ ထိန်းချုပ်မှုတစ်ခုကို စနစ်တကျဖြစ်အောင်လုပ်ပြီးတော့ တစ်ပြည်လုံးမှာရှိတဲ့ ရုပ်ရှင်ရုံတွေကနေ ထိန်းချုပ်ပြသနိုင်ခြင်းပါ။ မြန်မာ့ရုပ်ရှင်လောကလည်း ပြောင်းလဲတိုးတက်လာမယ့်အခြေအနေပါ။ MPS စနစ်ထဲမှာတော့ e-Cinema, e-education စသည်ဖြင့် Application အများအပြား ပါဝင်သုံးစွဲနိုင်မှာဖြစ်ပါတယ်။” ဟု ၎င်းကပြောသည်။ အဆိုပါ MPS အစီအစဉ်၌ ဂြိုလ်တုစနစ်ပေါ်တွင်အခြေခံသည့် အင်တာနက်လိုင်း၊ ဖုန်းလိုင်းနှင့် ရုပ်သံလိုင်းတို့ပါဝင်မည်ဖြစ်ပြီး ရွေ့လျားစနစ်ဖြင့်လည်း သုံးစွဲနိုင်မည်ဖြစ်သည်။ ရောင်းချသည့်ဈေးနှုန်းများကို ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိသော်လည်း MPS အစီအစဉ် စတင်ချထားပေးသည့်အခါတွင် နိုင်ငံ၏နယ်မြေ ၇၅ ရာခိုင်နှုန်း၌ ဂြိုလ်တုမှတစ်ဆင့် ရုပ်ရှင်ရုံများရှိ ဇာတ်ကားများကို ကြည့်ရှုနိုင်တော့မည်ဖြစ်သည်။

Ref:Internet Journal

3 comments

  • Gong Zhu

    October 15, 2010 at 7:58 pm

    ရန်ကုန်မှာ 3D ရုပ်ရှင်ရုူံ မရှိသေးဘူးနော် ..

  • kai

    October 15, 2010 at 9:21 pm

    ယူအက်စ်မှာတောင် …မကြားဖူးဘူး..။တော်ပါပေတယ်..ကိုကျော်ဝင်းရယ်..။
    ယူအက်စ်ကလူတွေ … တောသားဖြစ်ပြီနဲ့တူတယ်..။
    မြို ့ပြန်တက်ဥိးမှ..။ 🙂

  • etone

    October 16, 2010 at 3:57 am

    ခေတ်မီလာတော့မယ်ဆိုတော့ကောင်းပါတယ် .. ဒါပေမဲ့ ရန်ကုန်တိုင်းထဲမှာတောင် တောကျတဲ့နေရာလေးတွေရှိသေးတယ် ။ ကားတောင် မရှိတဲ့ချောင်ကျကျနေရာလေးတွေရှိသေးတယ် ။

Leave a Reply