ယာဉ်အနည်းအများအလိုက် မီးစိမ်းမီးနီ အဝေးမှထိန်းချုပ်အချက်ပြခြင်းစနစ် စတင်တည်ဆောက်ပြီ

ဂ်စ္စူOctober 15, 20101min873

http://popularmyanmar.com/mpaper/wp-content/uploads/2010/10/Point.jpg

မီးပွိုင့်များအနီး ယာဉ်သွား လာမှု အနည်းအများကို အဝေး ထိန်းချုပ်စခန်းမှ ကြည့်ရှု စိစစ်ကာ ယာဉ်သွားလာမှု အခြေ အနေကို ကြည့်ပြီး မီးစိမ်း မီးနီ လိုသလို အချက်ပြနိုင်သည့် Command  Centre ကို စတင်တည်ဆောက် နေပြီဖြစ်ကြောင်း သိရ သည်။အဆိုပါစနစ် တည်ဆောက် ရန် အလိုအလျောက်စနစ်သုံး Future  Intelligent  Transport System နှင ့်TD-SCDMA အထူးကွန်ယက် တည်ဆောက် ရေးကို စမ်းသပ်ခဲ့ရာ အောင်မြင် ခဲ့သဖြင့် Command Centre ကိုတည် ဆောက်ခြင်း ဖြစ်သည်။ရန်ကုန်မြို့ရှိ အဓိကကျ သော ဆက်သွယ်ရေးလမ်းများ ပေါ်တွင် အဆိုပါစနစ်ကို  တည်ဆောက်နိုင်ရေး အတွက် စမ်းသပ်မှုကို ဩဂုတ် ၂၃ ရက်မှ ၂၆ ရက်အထိ ပြုလုပ်ခဲ့သည်။လက်ရှိတွင် အဆိုပါ စမ်း သပ်မှုသည် အောင်မြင်ခဲ့သဖြင့် လက်ရှိ အသုံးပြုလျက်ရှိသည့် e-Police  System များနှင့် ပူး ပေါင်းဆက်သွယ် ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း ဗဟိုထိန်းချုပ်မှု ဌာနတစ်ခု တည်ဆောက်ပြီး TD  Base Station System အား Transmission အဖြစ် ချိတ်ဆက်သုံးစွဲလျှင် မြို့တွင်းလမ်း များတွင် ပြီးပြည့်စုံသော စီမံခန့် ခွဲမှုစနစ်တစ်ရပ် ဖြစ်ပေါ်လာမည် ဖြစ်ကြောင်း သိရသည်။ရန်ကုန်မြို့၏ လမ်းများ၏ မီးနီ၊ မီးစိမ်းများကို အဝေးထိန်း ချုပ်စနစ်ဖြင့် ယာဉ်သွားလာမှု၊ သတင်းအချက်အလက်များကို စိစစ်ပြီး တစ်ဖက်လမ်းကြောင်းမှ ယာဉ်သွားလာမှုများသည့် အချိန် တွင် မီးစိမ်းချိန်ကို ပြောင်းရွေ့ပေး နိုင်မည်ဖြစ်ကြောင်း၊ တစ်ဆက် တည်း၌ လမ်းကြောင်းတစ်ကြောင်း တွင် ယာဉ်မလာသည်ကို သတင်း ရယူပြီး ယာဉ်လာနေသော လမ်းသို့ မီးစိမ်း ပြောင်းရွေ့ဖွင့်ပေးနိုင်၍ ယာဉ်သွားလာမှု ပိုမိုမြန်ဆန်စေ သော Software ဖြစ်ကြောင်း၊ အဓိကကျသော လမ်းဆုံလမ်းခွများ တွင် မလိုအပ် သောစောင့်ဆိုင်းမှုများ မဖြစ်စေနိုင်ကြောင်း သိရသည်။အဆိုပါ နည်းစနစ်များကို တရုတ်နိုင်ငံရှိ အဝေးပြေးလမ်းမကြီး များနှင့် မြို့ပြများအတွက် အသုံး ပြု ဖြေရှင်းနေသော Datang  Telecom ကုမ္ပဏီမှMyanmar  FISCA Enterprises က ဝယ်ယူ ကြောင်း၊ ယာဉ်စည်းကမ်းထိန်းသိမ်း ရေးကြီးကြပ်မှုကော်မတီမှ အရစ်ကျ  ပြန်လည်ပေးချေသောစနစ်ဖြင့် စီမံ ထားကြောင်း ယင်းကုမ္ပဏီတို့၏ ပူးပေါင်းလုပ်ဆောင်ချက်များအရ သိရသည်။ယင်းစနစ်များတွင် ရန်ကုန်မြို့ ၏ လမ်းလုံခြုံရေးထောက်လှမ်း သည့်အနေဖြင့် အဓိကလမ်းများကို မြင်ကွင်းအပြည့် ရုပ်ပြထိန်းချုပ်ပေး ပြီး ရုပ်မြင်သံကြားနှင့် အသံလွှင့် စက်တို့မှ တစ်မြို့လုံးရှိ လမ်းပန်း ဆက်သွယ်မှုအခြေအနေကို ထုတ် လွှင့်ပေးနိုင်သော Intelligent  Software အသုံးချ၍ လမ်းသွား လမ်းလာ ပြည်သူများနှင့် မော်တော် ယာဉ် သွားလာ မှုအခြေအနေများကို အလိုအလျောက်သိမြင်နိုင်ကြောင်း သိရသည်။လက်ရှိတွင် ထိုစနစ်များကို ထိန်းချုပ်မည့် ဧရိယာတိုင် Command  Centre ကို  ဟံသာ ဝတီအ ဝိုင်းအနီးရှိ ယာဉ်ထိန်းကြိုးမဲ့အရေး ပေါ်ကယ်ဆယ်ရေးရုံး (ယခင် မြန်မာ့ ဆက်သွယ်ရေးအိတ်ချိန်းဟောင်း) နေရာတွင် တည်ဆောက်တော့ မည်ဖြစ်ပြီး FISCA ကုမ္ပဏီမှ စမ်း သပ်တပ်ဆင်ထားပြီးဖြစ်သည့် ရွှေ ဂုံတိုင်၊ ဘုရင့်နောင်၊ မင်္ဂလာဈေး နှင့် ပါရမီမီးပွိုင့်များနှင့် ထပ်မံတိုးချဲ့ လုပ်ကိုင်မည့် မီးပွိုင့် ၂၃ နေရာ အပါအဝင် အခြားကုမ္ပဏီများမှ တပ်ဆင်ထားသည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ် အတွင်းရှိ အရေးကြီးမီးပွိုင့် များတွင် ယင်းကွန်ယက် ချိတ်ဆက်ရန် ဆက်သွယ် ထိန်းချုပ် နိုင်တော့ မည်ဖြစ်ကြောင်း သိရသည်။ဗဟိုဧရိယာတိုင် (Multi  Point  Antenna)ကို ဟံသာဝတီ အဝိုင်းအနီးရှိ ပြည်ဂါးဒင်း ၂၄ ထပ်တိုက်၏ ခေါင်မိုးပေါ်တွင် လည်းကောင်း၊ထပ်ဆင့်လွှင့်/ဖမ်း ဧရိယာတိုင်( Point  to  Point  Antenna) ၁၃ တိုင်ကို  (ဟံသာဝတီ အဝိုင်း)၊ FISCA  Co.,Ltd ၉ မိုင်၊ ပြည်လမ်း၊ယုဇနတာဝါ(ရွှေဂုံတိုင်)၊ Dr.ဦးသိန်းအောင် (ကလေးဆေး ရုံ)၊ပါရမီလမ်း၊ပုလဲကွန်ဒို(ကမ္ဘာအေး ဘုရားလမ်း)၊ယုဇနပလာဇာ(ဗညား ဒလလမ်း)(တာမွေ)၊ ဘုရင့်နောင် တာဝါ(ဘုရင့်နောင်လမ်း)၊ထရိတ်ဒါး ဟိုတယ် (ဆူးလေဘုရားလမ်း)၊ မော်တင်တာဝါ (ကမ်းနားလမ်း)၊ ရန်ကုန်ဟိုတယ် (ပြည်လမ်း)၊အိုလံ ပစ်တာဝါ(ဗိုလ်အောင်ကျော်လမ်း)၊ ဝါဝါဝင်းတာဝါ(အနော်ရထာလမ်း) နှင့်ရန်ကင်းစင်တာ(စက်မှု ၁ လမ်း) တို့တွင် တပ်ဆင်စိုက်ထူ နိုင်ရန် ညှိနှိုင်းစီမံလျက်ရှိကြောင်း သိရ သည်။
အောင်ထက်(NYK) ပေါ်ပျူလာမြန်မာ

3 comments

  • michaelaungpu

    October 15, 2010 at 1:06 pm

    တစ်ကယ် တင်ပြသင့်တာက မီးပွိုင့်ဘေးက ဖွတ်ချက်ဖွတ်ချက် နဲ ့ တရုပ်စက် အကြောင်း ထင်ပါတယ်

  • etone

    October 16, 2010 at 3:21 am

    auto ဆိုရင်တော်သေးတယ် သူတို့သာလုပ်လို့ကတော့ ကားတွေ ကြပ်ကုန်မှာသေချာတယ် ။ သူတို့က ဦးနှောက်ရှိတာမဟုတ်ဘူး … ချင့်ချင့်ချိန်ချိန်မလုပ်တတ်ဘူး။…. ငေးချင်ရာငေးနေတာ ကားမကြည့်ပဲ ကားပေါ်က ကောင်မလေးတွေလိုက်ကြည့်နေတာ ။

  • Maung Dae`

    October 18, 2010 at 10:16 am

    အကောင်းဆုံးကတော့ နိုင်ငံခြားကလို မိုးပျံလမ်းတွေဖောက်တာပဲ… မီးပွိုင့်တွေရှိနေသေးရင် လမ်းတွေကတော့ ပိတ်နေဦးမှာပဲ… ဂုံးကျော်တံတားဆောက်တာ တိုက်ယာဉ်တစ်စင်းစာလောက်ပဲရှိမှာပါ…

Leave a Reply