အမေဆိုတာ………………….

badbabylay09@gmail.comOctober 15, 20101min1154


ကယ်ဆယ်ရေး လုပ်သားတွေက သူ့ကိုတွေ့တဲ့ အချိန်မှာ သူသေနေခဲ့ပြီ ။ ပြိုကျလာတဲ့ အိမ်ပိမိပြီး သူသေသွားတာ ။ အပျက်အစီးတွေ ကြားကနေ သေဆုံးနေတဲ့ သူ့ပုံစံကို လှမ်းမြင်နေရတယ် ဒူးကွေးပြီး ရှေ့ကို ကိုင်းနေတဲ့
ကိုယ်ခန္ဓာကိုယ်နဲ့ လက်နှစ်ချောင်းကို အားပြု ထောက်ထားတဲ့ သူ့ပုံစံက
ဘုရားဝတ်ပြုနေတဲ့ ပုံနဲ့တူနေတယ် ။ ဒါပေမယ့် အသက်ရှင်မရှင် ပိုသေချာအောင် ကယ်ဆယ်ရေး
လုပ်သားတွေက သူ့ကို စမ်းသပ်ကြည့်ကြတယ် ။ ကယ်ဆယ်ရေး အလုပ်သမားတဦးက ဦးခိုက်ချသေနေတဲ့
သူ့ခန္ဓာကိုယ်ထဲ ခဲရာခဲဆစ် လက်ကိုထိုးထည့်ပြီး ဝမ်းသာအားရ လှမ်းအော်လိုက်တယ် ။
“လူရှိတယ် ကလေးတစ်ယောက်ရှိတယ် ၊ အသက်ရှင်လျက်ပဲ” လို့ထအော်လိုက်တယ် ။ ရှိသမျှ
ခွန်အားတွေနဲ့ သူ့ကိုယ်ပေါ်မှာ ဖိကပ်နေတဲ့ အုတ်ပုံတွေကို ရှင်းလင်းလိုက်ကြတယ် ။
သူ့ခန္ဓာကိုယ်ကို ထောင်မတ်လိုက်တယ်ဆိုရင်ပဲ အိပ်ပျော်နေတဲ့ သုံး ၊ လေးလသား အရွယ်ကလေး
တစ်ယောက်ကို သွားတွေ့မိတယ် ။ ကလေးကိုစစ်ဆေးဖို့ ဆရာဝန်တစ်ဦး က
ပွေ့ချီလိုက်တယ်ဆိုရင်ပဲ ကလေးကျောပိုးစထဲကနေ ဖုန်းတစ်လုံး ထွက်ကျလာတယ် ။ ဆရာဝန်က
ဖုံးကိုကြည့်လိုက်တော့ message တိုလေးတစ်ကြောင်းကို တွေ့လိုက်ရတယ်
“သားလေးရေ တကယ်လို့များ သားလေး အသက်ရှင်ခဲ့မယ်ဆိုရင် သားကိုအမေ
အရမ်းချစ်တယ်ဆိုတာကို သေသေချာချာ မှတ်ထားပေးပါ နော်” တဲ့ ။ သေသူပေါင်းများစွာကို
တွေ့ဖူးတဲ့ ဆရာဝန်တောင်မှ ပါးပြင်ပေါ်ကို မျက်ရည်တွေ စီးကျလာခဲ့တယ် ။
တစ်ယောက်လက်ကို တစ်ယောက်ကမ်းလိုက်တဲ့ ဖုံးထဲက message ကို ဖတ်မိသူတိုင်း
ရင်ထဲဆို့နင့်သွားတဲ့ ဒီခံစားချက်က ဘာနဲ့မှ နှိုင်းပြ လို့ မရနိုင်ခဲ့ဘူး ။
မုချသေရတော့မယ် ဆိုတာ သိလိုက်ရတဲ့ အမေတစ်ယောက်ဟာ နောက်ဆုံးအချိန်ထိ
သူ့ရင်သွေးအတွက် ပေးဆပ်သွားခဲ့တာ ။

ဪ…မိခင်တွေ…မိခင်တွေ……

၂၀၀၈ ၊ မေလ(၁၂) ရက်နေ့က တရုတ်နိုင်ငံ စီချွမ်ပြည်နယ်မှာ လှုပ်ခဲ့တဲ့ ငလျင်ရဲ့ ဖြစ်ရပ်မှန်လေးတစ်ခုပါ ။

4 comments

  • tunaung

    October 15, 2010 at 12:38 pm

    စိတ်မကောင်းလိုက်တာဗျာ…ကောင်းရာမွန်ရာရောက်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်….

  • april

    October 15, 2010 at 1:37 pm

    သနားဖို့ကောင်းလိုက်တာ…ရင်ထဲကို စို့သွားတာပဲ… မိဘမေတ္တာကို ပြသွားတာပေါ့နော်…

  • aye thet mon

    October 16, 2010 at 11:44 am

    အမေဆိုတာလောကကြီးထဲမှာ အရေးကြီးဆုံးလိုအပ်ချက်ပါပဲ……… တစ်ခါတစ်လေ တွေးမိတယ်……. ငါ့မှာ အမေသာ မရှိဘူး ဆိုရင် ဒီလောကထဲ ဘယ်လိုအသက်ရှင်ရမယ်ဆိုတာတောင် မတွေးရဲဘူး………. အမေရှိနေတယ်ဆိုတဲ့ အသိနဲ့ ဘယ်လောက်ပဲ အမေနဲ့ ဝေးနေပေမယ့် လုံခြုံတယ်၊ နွေးထွေးတယ်လို့ ခံစားရတယ်……….

  • Rain girl

    October 18, 2010 at 6:15 am

    အမေတွေက အဲ့လိုပါပဲ။ သူတို့ သာ အသေခံမယ် သားသမီးကိုတော့ ခလုတ်တိုက်မှာတောင် စိုးရိမ်ကြတာပါ။ 🙂

Leave a Reply