လွမ်းမိသေးတယ်…Hippocrates (အပိုင်း-၅)

maungmoenyoOctober 15, 20101min490

Obamacare….ဘက်တစေ့တစောင်း

ဤနေရာတွင်လက်ရှိကြုံတွေ့နေရသောနှစ်ဦးကပြဌာန်းလိုက်သည့် healthcare reform ဖြစ်သည့် အများခေါ် Obamacare အကြောင်းလေ့လာကြဘို့လိုပါသည်။ ကျွန်တော်တို့အားလုံး၏အနာဂါတ်ကျန်းမာရေးစောင့် ရှောက်စနစ်အတွက်အရေးပါသောအခန်း ကဏ္ဍသို့ရောက်လာသည်။ နောင်ပြောင်းလဲလာမည့် healthcare coverage ကလူတိုင်း၏ကျန်းမာရေးအာမခံနှုန်းကိုတို့မြှင့်လိုက်မည်ဆိုသည်ကိုကား၊ဗေဒင်မေးစရာ ပင်မလိုတော့ပါ။ ကိုယ်ပေးနေကျ လစဉ်ကြေး premium တိုးလာမည်ဆိုကတည်းက ‘တီကောင်ကိုဆားနှင့် တို့သကဲ့သို့’ ပြည်သူ (အထူးသဖြင့် – Republican လူနဲစုပါတီက) မကြေနပ်သံများညံနေအောင်ထွက်ပေါ်လာ သည်။ သမ္မတကို ဆိုရှယ်လစ်စနစ်သို့ခေတ်နောက်ပြန်ဆွဲသည်ဟူသောသမိုင်းနှင့်ချီသည့်အမုန်းတရား ဝါးလုံးရှည်နှင့်ရမ်းကြသည်။ ဆိုရှယ်လစ်ဆိုသည်နှင့် ကျွန်တော်တို့မြနိမာတွေကလဲအပြင်းအထန်ကန့်ကွက်ကြ သည့်အထဲဝင်ပါခဲ့သည်။ အကယ်စင်စစ်လေ့လာကြည့်ပါက ဆိုရှယ်လစ်စနစ်ကိုပုံဖေါ်သည့် healthcare reform ကိုသမ္မတကတင်သွင်းသောဥပဒေကြမ်းတွင်မည်သည့်နေရာမှာမှမတွေ့ရပါ။ သမိုင်းစဉ်ဆက် healthcare coverage မရှိခဲ့ဘူူူးသောနေh

ဆင်းရဲသူလူတန်းစားသန်းနှင့်ချီ၍အကျိုးခံစားခွင့်များရှိလာမည့်အပြင်၊ ယခင်ကမူလရောဂါအရင်းခံကြောင့်ဆေးကုသခွင့်ငြင်းဆိုခံခဲ့ရသောအဖြစ်ဆိုးများပယ်ပြောက်သွားနိုင်မည်ဖြစ်သည်။ ဆေးရုံပေါ်ထိုင်ရင်း၊ရောဂါဝေဒနာကိုပင်ပမ်းကြီးစွာဒုက္ခခံစားရင်း insurance company များနှင့် တယ်လီဖုံးပေါ်တွင်ငြင်းရခုန်ရသောဒုက္ခများမှသိသိသာသာကြီးလျော့သွားမည်။ ယင်းအဖြစ်များကိုမလိုလားကြသူတွေကား –

  • လက်ရှိ premium သက်သက်သာသာနှင့်ပေးနေကြသူများ
  • သမ္မတကိုလူမျိုးရေးအရနဂိုကတည်းကမုန်းတီးကြသူများ
  • အလုပ်လက်မဲ့နှင့်တရားမဝင်ရောက်ရှိနေကြသောလူတန်းစားများအတွက်ကျန်းမာရေးစောင့်ရှောက်မှုခံစားခွင့်ရှိနေကြသူတွေအပေါ်မနာလိုမရှုစိမ့်နိုင်ကြသူများ (အများပြည်သူ၏ငွေဖြင့်ခံစားခွင့်ရှိနေကြသူများ)
  • အထူးသဖြင့်အကျိုးအမြတ်ကိုအဓိကထားသော insurance company နှင့် healthcare providers ဆေးရုံ/ဆရာဝန် နှင့် ဆေးဝါးထုတ်လုပ်သောကုမ္ပဏီကြီးများ၊ (corporate greeds)

ဖြစ်ကြသည်။ “ဂီလာနဆောင်ဝေဒနာရှင်တို့အားစောင့်ရှောက်ပါမည်…” ဟူသောလူသားတို့၏ရှိ သင့်သောကိုယ်ကျင့်တရား နှင့်လူလူချင်းစာနာစိတ်ထားရေးဗြမ္မစိုရ်တရားများကိုမေ့လျော့နေကြရောလား။ ကိုယ်လျှောက်ခဲ့ရသောဘဝဟောင်းမှအစစအဆင်ပြေသက်သာသောဘဝသစ်ကိုရောက်သည်နှင့်ကိုယ့်အဖြစ် တွေကိုမေ့လျော့သွားကြသည်။ (သို့မဟုတ်)မေ့ချင်ယောင်ဆောင်သွားကြသည်။ ကျန်းမာရေးခံစားခွင့်ဟူသည် ကားမွေးရာပါလူတိုင်း၏အခြေခံခံစားခွင့်ဖြစ်သည်။ မိဘများ၏ဆင်းရဲမွဲတေမှုဒါဏ်ကိုခါးစီးခံရင်းကောင်းမွန်သော ပညာရေးအမွေကိုမရခဲ့ကြသည့်သားသမီးများ၏လိုအပ်ချက်ဘဝအဆင့်အတန်းကိုမြှင့်တင်ရန်တာဝန်မှာ၊ အစိုးရကတာဝန်ရှိသလိုပါတ်ဝန်းကျင်လူ့အဖွဲ့အစည်းကလည်းမျှဝေနားလည်မှုပေးတတ်ရန်အထူးလိုပါသည်။ သူတို့၏ဘဝလိုအပ်ချက်ကိုမျက်ကွယ်ပြုခဲ့ကြသောကြောင့်လည်းမလိုလားအပ်သောကုန်ထုတ်စွမ်းအားစုကို လျော့နည်းစေသည်မဟုတ်ပါလား။ရာစုနှင့်ချီ၍မျက်ကွယ်ပြုခြင်းခံခဲ့ရသူတို့အပေါ်နားလည်မှုစိတ်မွေးကြရန်လိုသည်ဟုမြင်မိပါသည်။ အရှိန်နှင့်တိုးတက်နေသောစရိတ်ကြီးမြင့်မှုကိုလူတိုင်းခါးစီးခံနေရချိန်တွင်မိမိတို့ခံစား ခွင့်ရှိသောခံစားခွင့်ရှိအောင်ပြုလုပ်ရရေးမှာသက်ဆိုင်ရာအစိုးရ၏တာဝန်ဖြစ်သည်။ မည်သည့်သူရဲကောင်းကမျှ ဝင်ရောက်ပခုန်းဝင်ထမ်းမည်မဟုတ်ပါ။ မည်သည့်ဆိုရှယ်လစ်အစိုးရကမျှ (သမိုင်းတွင်) တာဝန်ရှိသည် ဟုပြောပြီးဝင်ရောက်တာဝန်ယူပေးမည်မဟုတ်ပါ။ ဘဝအကြောင်းကိုကောင်းစွာသိခဲ့သော၊နားလည်တွေ့ကြုံခဲ့ သောအောက်ချေလူတန်းစားအတက်လာသည့်နိုင်ငံအကြီးအကဲမျိုးကသာအမုန်းခံလုပ်မည်ဖြစ်သည်ကိုနားလည်ကြရန်လိုပါသည်။ ကျွန်တောိတို့မြန်မာနိုင်ငံတွင်အုပ်ချုပ်ခဲ့သောအစိုးရအဆက်ဆက် (ဆိုရှယ်လစ်အစိုးရအပါအဝင်) ဘယ်အစိုးရက “ငါ့မှာတာဝန်ရှိပါလား”ဟူသောအမြင်မျိုး၊ ယောင်လို့ပင်မတွေးခဲ့ကြသောကြောင့်ကျွန်တောိ တို့မြန်မာတွေအားလုံး ကျန်းမာရေးစရိတ်ကြီးမားမှုဒါဏ်ကိုနှစ်ပရိစ္ဆေဒခါးဆီးခံခဲ့ကြရသည်။ ခံကြရဆဲပါ။ လေ့လာမိသလောက် ၁၉၅ဝ ဝန်းကျင်က Health insurance act ပြဌာန်းကြိမ်ကတကြိမ် နှင့် ၁၉၉ဝ ပါတ်ဝန်းကျင် Medicare Bill ပြောင်းလဲသတ်မှတ်ချိန်က(ထိုစဉ်အခါက)အစိုးရကိုအမေရိကန် ပြည်ထောင်စုလွှတ်တော်နှင့်လူထုအပေါင်းကရစရာမရှိအောင်ဝေဖန်ခဲ့ကြသည်။ကိုပြန်ပြောင်းအမှတ်ရကြပါ။ ယင်းသိုဝေဖန်သူတွေအားလုံကယခုအခါတွင်သူတို့ဝေဖန်တိုက်ခိုက်ခဲ့သောဥပဒေ၏အသီးအပွင့်များကိုမျှဝေခံ စားနေ ကြရပြီ။ မည်သို့ပင်ဆိုစေ၊ယခုပြဌာန်းခဲ့သောဥပဒေကားအခက်အခဲများစွာကြားကအသာစီးမဲ အနဲငယ်ဖြင့်သတ်မှတ်ခဲ့သလို၊ ယင်းဥပဒေပါပြဌာန်းချက်များအသက်ဝင်လှုပ်ရှားလာရေးကားဆက်သွားကြရ ဦးမည့်ခရီးကြမ်းဟုဆိုရမည်။ ဥပဒေပေါ်အခြေခံ၍ပြည်နယ်အစိုးရများကမည်သို့လိုက်နာပုံဖေါ်မည်၊ ဥပဒေပေါ်မူတည်၍မည်သို့မည်ပုံဘဏ္ဍာငွေခွဲဝေပြဌာန်းမှုများပြုလုပ်ကြမည်ဟူသောလုပ်ရန်ကိစ္စများကျန်သေးသည်။ ဥပဒေသက်သက်ကပင်အဓိကပါတီကြီးများနှင့်ပြည်နယ်အမတ်အချို့၏တောင်းဆိုမှု တို့ကြောင့် (ယင်းပြည်နယ်များ၏လိုအပ်ချက်များကြောင့်)အမှန်တကယ်ပါသင့်သောလိုအပ်ချက်များမပါဝင်တော့ပါ။