ဖောက်ပြန်တဲ့ ခင်ပွန်း မီးရှို့တဲ့ ဩစတြေးလျက အမျိုးသမီး

ဆူးOctober 16, 20101min1287

ဩ ​စ​တြေး​လျ​နိုင်ငံ​မှ​ အ​မျိုး​သ​မီး​ ​တစ်ဦး​သည်​ ခင်​ပွန်း​သည်​၏​ ​လိင်​အ​င်္ဂါ​ကို​ မီးတင်​ရှို့​ခဲ့​ကြောင်း​ တ​ရား​ရုံး​တွင်​ ​ဝန်​ခံ​ထွက်​ဆို​ခဲ့​သည်​။​ အ​သက်​ ​၄၆​ ​နှစ်​ရှိ​ ရာ​ဂျီ​နီ​ ​နာ​ရာ​ရန်း​က​ ဩ​စ​တြေး​လျ​တောင်​ပိုင်း​ ဗ​ဟို​တ​ရား​ရုံး​တွင်​ ကြား​နာ​သော​ ​အ​မှု​အ​တွင်း​ သူ​မ​သည်​ ​ခင်​ပွန်း​သည်​က​ ဖောက်​ပြန်​နေ​သည်​ဟု​ ယုံ​ကြည်​သ​ဖြင့်​ ​ယ​ခု​ကဲ့​သို့​ ရက်​စက်​သော​ ​ပြစ်​ဒဏ်​ဖြင့်​ တုန့်​ပြန်​ရန်​ ​ဆုံး​ဖြတ်​ခဲ့​ကြောင်း​ ပြော​ကြား​ခဲ့​သည်​။


​ ၂၀၀၈​ ​ခု​နှစ်​အ​တွင်း​က​ ဖြစ်​ပွား​ခဲ့​သော​ ​ကိ​စ္စ​တွင်​ အ​သက်​ ​၄၇​ ​နှစ်​ရှိ​ ဆာ​တစ်​ ​နာ​ရာ​ရန်း​သည်​ ခ​န္ဓာ​ကိုယ်​၏​ ​၇၅​ ရာ​ခိုင်​နှုန်း​မျှ​ကို​ မီး​လောင်​ကျွမ်း​ခံ​ရ​ခြင်း​ကြောင့်​ ရ​ရှိ​လာ​သော​ ​ဒဏ်​ရာ​များ​ဖြင့်​ ကွယ်​လွန်​ခဲ့​သည်​။​ ရာ​ဂျီ​နီ​သည်​ ​ပြစ်​မှု​ထင်​ရှား​ပါ​က​ ထောင်​ဒဏ်​ ​နှစ်​ပေါင်း​ ၂၀​ ​ထိ​ ​ချ​မှတ်​ခံ​ရ​ဖွယ်​ ရှိ​နေ​သည်​။​ ​သူ​မ​က​ ခင်​ပွန်း​သည်​အား​ ​ဘု​ရား​တစ်​ဆူ​၊​ ဂူ​တစ်​လုံး​သ​ဖွယ်​ ​ရို​သေ​ချစ်​ခင်​ခဲ့​သော်​လည်း​ ဆာ​တစ်​က​ ​ဖောက်​ပြန်​သည်​ဟု​ ယူ​ဆ​ချိန်​တွင်​ ​သည်း​မ​ခံ​နိုင်​ဘဲ​ လိင်​အ​င်္ဂါ​ကို​ ​မီး​ရှို့​ခဲ့​ကြောင်း​ တ​ရား​ရုံး​တွင်​ ​ထွက်​ဆို​သွား​သည်​။

​ သူ​မ​သည်​ ​အ​ခန်း​ထဲ​သို့​ ဓာတ်​ဆီ​ပုံး​၊​ ​ဖ​ယောင်း​တိုင်​တို့​နှင့်​ ဝင်သွား​ပြီး​ ​ဆာ​တစ်​၏​ အ​ခြား​အ​မျိုး​သ​မီး​တစ်ဦးနှင့်​ ဆက်​သွယ်​ထား​သော​ email​ များ​ကို​ တွေ့​ရှိ​ထား​ကြောင်း​ ပြော​ကြား​ခဲ့​သေး​ကြောင်း​ သိ​ရ​သည်​။​ ​ထို​အ​ခါ​ ဆာ​တစ်​က​ ​သူ​မ​အား​ ညစ်​ညစ်​ညမ်း​ညမ်း​ ဆဲ​ရေး​သ​ဖြင့်​ ​ဓာတ်​ဆီ​ဖြင့်​ပက်​ကာ​ မီး​ညှိ​ထား​သော​ ​ဖ​ယောင်း​တိုင်​အား​ ယင်း​၏​ကိုယ်​ပေါ်​ ​ပစ်​တင်​လိုက်​ကြောင်း​ ရာ​ဂျီ​နီ​က​ ​ထွက်​ဆို​သွား​သည်​။​

credit:လူထုအသံ

အိမ်ထောင်သည်တွေ လိမ်လိမ် မာမာ နေကျနော်.. ဖောက်ပြားမီလို့ မောင်မှားပါတယ် မလုပ်နဲ့.. ဒီသတင်းလေးကို အိမ်က မိန်းမတွေကို ပြပြီး နမူနာ ယူခိုင်းလိုက်မယ်..
သက်တံချိုကနေ သဘောကျလို့ ကူးယူထားပါသည်။

7 comments

  • thidar

    October 16, 2010 at 10:28 am

    ကောင်းတယ် မိန်းမတွေရဲ့အချစ်နဲ့ တန်ဖိုးထားတာကို စော်ကားတာကိုး။
    ဒါပေမဲ့ ဒီလိုဖောက်ပြန်တိုင်းလုပ်ရရင်တော့ ကမ္ဘာပေါ်မှာ ကုန်းကုန်းတွေ အများကြီးဖြစ်ကုန်မှာနော်။ဓါးနဲ့ဖြတ်ပြီးဟိုအမျိုးသမီးဆီ ပါဆယ်ထုတ်ပြီးပို့လိုက်ပြီးရော။

  • ဆူး

    October 16, 2010 at 10:47 am

    တူက ပိုပွဲကြမ်း နေပါလား.. ဟီးဟီး..

  • april

    October 16, 2010 at 12:12 pm

    ဟုတ်တယ်.. နဲတောင်နဲသေးတယ်…ကိုယ်က သစ္စာရှိပြီး ကိုယ့်အပေါ် သစ္စာမရှိတာသိတော့ အရမ်းပေါက်ကွဲသွားတယ်နဲ့ တူတယ်။

  • michaelaungpu

    October 16, 2010 at 1:47 pm

    အဲ့သည်အထည်းမှာ ကိုယ်မပါရပါဘူး ခလေးရယ်။
    သူ ့အမှားကို ကိုယ်ခံစားလိုက်တော့ အနှစ် ၂ဝ ကိုရော ဘယ်လိုလုပ်ကြမလဲ
    ဆိတ်ဆိတ်နေ၍သော်၎င်း ကျောခိုင်းပြစ်၍သော်၎င်း ကဲကြိုက်တဲ့လမ်းကိုရွေး ဒါလဲကိုယ့်အခွင့်ရေးဘဲ

  • tunaung

    October 16, 2010 at 2:36 pm

    နှစ်ဦးစလုံးထိုက်သင့်တဲ့အပြစ်ဒဏ်ခံကြရပြီ အိုလောကလူ့ရွာရယ်ဖြစ်ကြောင်းကုန်စင်ပါဘဲလါး…..

  • su

    October 16, 2010 at 3:33 pm

    ပြုသူအသစ် ဖြစ်သူအဟောင်းတဲ့။ သည်းခံပြီး ဆွေးနွေးလိုက်တာ အကောင်းဆုံးဘဲ။ သူ့အပြစ်ကို ကိုယ့်အပြစ်မလုပ်မိအောင် ဒေါသကို ထိန်းနိုင်ရင် ပိုကောင်းမယ်ထင်တာဘဲ။

  • marnat

    May 29, 2012 at 3:02 pm

    မိန်းမတွေက တစ်ခါတစ်ရံ သစ္စာမဲ့တယ်။

Leave a Reply