အိန္ဒိယသမုဒ္ဒရာအတွင်းမှ တရုတ်(တိုင်ပေ)သင်္ဘောတစ်စင်းကို ဆိုမာလီဓားပြများ အပိုင်စီး

ဂ်စ္စူOctober 16, 20101min490

ဆိုမာလီပင်လယ်ဓားပြများသည် အိန္ဒိယသမုဒ္ဒရာအတွင်းမှ တရုတ်(တိုင်ပေ)သင်္ဘောတစ်စင်းကို အပိုင်စီးသိမ်းပိုက်လိုက်ကြောင်း သိရသည်။ ထိုသင်္ဘောမှာ ငါးဖမ်းသင်္ဘောအမျိုးအစားဖြစ်ပြီး သင်္ဘောသား ၁၄ ဦး ပါဝင်သည်။  International Maritime အဖွဲ့အစည်းတစ်ခုဖြစ်သော Mauritius ရှိရာ အနီး အိန္ဒိယ သမုဒ္ဒရာအတွင်းတွင် ဖမ်းဆီးခံခဲ့ကြရခြင်းဖြစ်သည်။ ကင်ညာနိုင်ငံအခြေစိုက် အီကိုတာရာ နိုင်ငံတကာကုမ္ပဏီမှ ၎င်းတို့သည် အဖမ်းခံရသောသင်္ဘောနှင့် ဆက် သွယ်မှု ပြတ်တောက်သွားသည်မှာ အောက်တိုဘာ ၄ ရက်ကတည်းကဖြစ်သဖြင့် ထိုနေ့ကတည်းက တရုတ်(တိုင်ပေ)သင်္ဘောမှာ ဓားပြများလက်ဝယ် ရောက်သွား သည်ဟု ထင်ရကြောင်း ပြောကြားခဲ့သည်။ သင်္ဘောသားများအား ဓားပြများက ပြန်ရွေးရန်မပြောမီတွင် ထိုသင်္ဘောကို နောက်ထပ်သင်္ဘောများ ဓားပြတိုက်ရာတွင် အသုံးပြုလိမ့်မည်ဟု Mauritius မှ ပြောကြားသည်။ ထို့ကြောင့် အီကိုတာရာမှလည်း အဖြူရောင် ငါးဖမ်းသင်္ဘောတစ်စင်းကို မသင်္ကာဖွယ်နေရာတွင်တွေ့ပါက သတိပြုနိုင်ရန် ပြောကြားထားသည်။ ပင်လယ်ရေကြောင်း အဖွဲ့အစည်းကြီးများမှ တရုတ်(တိုင်ပေ) သင်္ဘောမှာ အပိုင်စီးခံလိုက်ရပြီဟုဆိုပြီဖြစ်သော်လည်း တရုတ်(တိုင်ပေ)တို့ကမူ အတည်မပြုသေးပေ။ ဆိုမာလီယာသည် ပင်လယ်နီနှင့် စူးအက်တူးမြောင်းတို့သို့ ဆက်သွားနိုင်သည့် ကမ္ဘာ့အရေးအကြီးဆုံး သင်္ဘောသွား လမ်းကြောင်းဖြစ်သော အေဒင်ပင်လယ်ကွေ့ဝင်ပေါက်တွင် ရှိသည်။ ၂ဝဝ၁ ခုနှစ် နောက်ပိုင်းကတည်းက အုပ်ချုပ်ရေးပိုင်းတွင် လျော့ရဲလာခဲ့သော ဆိုမာလီယာ သည် ပင်လယ်ဓားပြများ ထွက်ပေါ်ရာနေရာဖြစ်လာပြီး နိုင်ငံတကာ အသိုက်အဝန်းမှ နှိမ်နင်းလိုသော သူများဖြစ်သည်။ သင်္ဘောပိုင်ရှင် အများစုသည်လည်း ၎င်းတို့ရန်ကို ကာကွယ်ရန် သင်္ဘောများတွင် လေဆာမီးများ တပ်ဆင်ထားရှိပြီး ပြင်ပရန်ကို ကာကွယ်ထားကြရသည်။ အချို့သင်္ဘောများမှာ လျှပ်စစ်သံကြိုးဖြင့် စည်းရိုးခတ်ထားသည့်သဖွယ် လျှပ်စစ်အသုံးပြု ကာကွယ်သည့်စနစ်ကိုပင် တပ်ဆင်လာကြသည်။
ZMO, Ref: Xinhua,Popularmyanmar