မလွတ်တမ်း ကြည့်ရမယ့် အော်စကာ ဆု ချိန် မယ့် ဇာတ်ကား တွေ

ဂ်စ္စူOctober 16, 20102min1001

နာမည်ကြီး လူမှုကွန်ယက် ဝဘ်ဆိုတ် တစ်ခု ဖြစ်သည့်
Face Book တည်ထောင်သူ မာခ်ဇူကာဘာဂ် အကြောင်း
ရိုက်ကူးထားသည့် The Social Network သည် လူကြိုက်
များ သည့် နံပါတ် ၁ နေရာတွင်ရှိနေဆဲ့ ဖြစ်သကဲ့သို ့ Bruce Will
သရုပ်ဆောင်ထားသည့် RED ၊ဘင် အဲဖလက် နှင့် ကီဗင် ကော်စနာ
တို ့၏ The Company Man နှင့် နစ်ကိုလပ်(စ) ကေချ် ၏
Drive Angry ဇာတ်ကားများ လည်း စတင်ပြသတော့မည်ဖြစ်သည်။

Fall စီစဉ် တွင် လူကြိုက်များ သည့် ဇာတ်ကားများ လည်း ပြသ
သည့် နည်း တူ ဖြစ်ရပ်မှန် ဘဝသရုပ်ဖော် အလွမ်းအဆွေး ဇာတ်ကား
များ  အော်စကာ ဆု အတွက် ချိန် ရွယ်ထားသည့် ဇာတ်ကားများ
လည်း ရုံတင်ပြသလေ့ရှိသည်။

ယနေ ့အမေရိကန် နိုင်ငံ တဝှမ်းတွင် စတင် ပြသ နေသည့်
Conviction ဇာတ်ကားသည် ဝေဖန်ရေး ဆရာများ
အကြိုက်တွေ ့နေသည့် ဇာတ်ကား ဖြစ်သည်။ ထိုဇာတ် ကား
ထဲ တွင် Confession of Dangerous Mind
ဇာတ်ကားမှ ဆမ်ရောခ့် ဝလ် နှင့် အော်စကာ နှစ်ဆု ရ ဟီလာရီ ဆွန်ခ် တို ့ပါဝင် သရုပ်ဆောင် ထားသည်။
ဘက်တီသည် အလုပ်မရှိသည့် ကလေးငယ် နှစ်ဦး ၏ မိခင် ဖြစ်သည်။

သူမ၏ အကို ဖြစ်သူ သည် မက်ဆာချုုးဆက် ပြည်နယ် မှ ကတ်သရင်း ဘရိုး အသတ် ခံရမှု အတွက် အပြစ်မရှိ
ဘဲ အဖမ်းခံရပြီး ထောင်ချခံရသည့် အခါ သူမသည် မည်သည့် ဥပဒေ ၏ အကူအညီကို မှ မရရှိခဲ ့ချေ။ ဘက်တီ
အန်း ဝါးတား သည် ဆယ်တန်း အောင်မြင် အောင်ဖြေဆိုပြီး နောက် သူမ အကို ၏ မတရား ပြစ်ဒဏ်ပေးခံရမှု
အား ပြန်လည် လျှောက် လဲရန် ရိုအိုင်းလန်း ရှိ ရော်ဂျာဝီလျှံ တက္ကသိုလ် မှ ဥပဒေ နှင့် ပတ်သက် သည့် မဟာဘွဲ ့
ကို ရရှိ ရန် အချိန်ပိုင်း စားပွဲ ထိုးအဖြစ် လုပ်ရင်း ပညာသင်ယူခဲ့သည်။

ဘက်တီသည် ဘွဲ ့ရရှိပြီးနောက် အကို ဖြစ်သူ၏ မတရား ပြစ်ဒဏ်ပေး ခံရမှု ကို တရားရုံး တွင် လျှောက်လဲပြီး
လွတ်မြောက်အောင် စွမ်းဆောင် ခဲ့သည်။ဘက်တီ အန်းဝါးတား ၏ ဖြစ်ရပ်မှန် ဇာတ်လမ်း ဖြစ်သည်။

_______________________________________________________________

 

ယခုလထုတ် W မဂ္ဂဇင်း တွင် မျက်နှာဖုံးရှင် အဖြစ် ဖော်ပြခံရသည် နာမည် ကျော် ကင်ကာ ဒီရှန်း ၏ အလှ ဖက်ရှင် ကမာ္ဘ တွင် ဩဇာရှိ လှသည့် ထို မဂ္ဂဇင်းက ကင် ကာဒီရှန်း ၏ အလှ ကို The Art of Reality ဟု ဖော်ပြထားသည်။

အမေရိကန် လစဉ် ထုတ် မဂ္ဂဇင်း တစ်စောင်ဖြစ်သည့် W မဂ္ဂဇင်း မှာ ကင်ကာဒီရှန်း ၏ အလှကြောင့် အရောင်း စံချိန် မြင့် တက်နေသည်

ရင်သားထိပ်ဖျား အလှ ကို ပထမ ဦးဆုံး အကြိမ် ဖော်ပြီး ရိုက်ကူးထားသည့် မဂ္ဂဇင်း တစ်စောင် အဖြစ် W မဂ္ဂဇင်းက ဖက်ရှင် မျက်နှာစာ သစ် ကို ဖွင့်လှစ်ခဲ့သည်။

ယခုလထုတ် W မဂ္ဂဇင်း ၏ မျက်နှာဖုံး

Ref:freedomnews

One comment

  • michaelaungpu

    October 16, 2010 at 10:45 am

    ဩဇာရှိတာလား ဩဇာသီးတာလားတော့ မသိဘူး
    အားရပါးရတော့ ရှိလှတယ်ဝေးးးးးးးးး
    ကဲအဲ့ အဲ့ဒါ ခေတ်ယဉ်ကျေးမှုတဲ့လား ဘာပြောကြမလဲ

Leave a Reply