အကြမ်းဖက်သမားများ Online ဆက်သွယ်မှု ပိုမိုဆောင်ရွက်လာသောကြောင့် Internet ကြားဖြတ်ဖမ်းယူရန် အမေရိကန်သမ္မတ စီစဉ်

ဂ်စ္စူOctober 16, 20101min520

The US Administration wants to intercept Internet phone calls!
နည်းပညာတိုးတက်လာသည်နှင့်အမျှ အကြမ်းဖက်သမားများ၊ ဒုစရိုက်သမားများနှင့် အစိုးရ
ဆန့်ကျင်ရေးလှုပ်ရှားသူများဟာ သာမန်ဖုန်းဖြင့်ဆက်သွယ်ခြင်းထက် Online ဆက်သွယ်ရေး
စနစ်များကို ပိုမိုအသုံးပြုလာနေကြောင်း အမေရိကန်ထောက်လှမ်းရေးအဖွဲ့ရဲ့ အစီရင်ခံစာတစ်ခု
မှာ ဖော်ပြခဲ့ပါတယ်။ ထင်ရှားတဲ့ သာဓကအဖြစ် ၂၀၁ဝ ပြည့်နှစ် မေလအတွင်းက Time Square
ဗုံးဖောက်ခွဲမှုကို စီစဉ်ခဲ့တဲ့ Fasial Shahzad သည် လုံခြုံရေးအဖွဲ့များ ကြားဖြတ်ဖမ်းယူနိုင်စွမ်းမရှိ
သော Internet Online ဆက်သွယ်မှုကို အသုံးချခဲ့ကြောင်း ဖော်ထုတ်သိရှိရပါတယ်။

ဒါကြောင့် အမေရိကန်သမ္မတကြီး အိုဘားမားက အီးမေးလ်အပြန်အလှန်ပေးပို့ခြင်း အပါအဝင်
အင်တာနက်ကွန်ရက်စနစ်များကို တရားဝင်ကြားဖြတ်ဖမ်းယူနားထောင်ခွင့်ရှိအောင် ဥပဒေသစ်
တစ်ရပ်ပြဌာန်းပေးရန် စီစဉ်လျက်ရှိပါတယ်။သမ္မတ၏အစီအစဉ်အရ အမေရိကန်ထောက်လှမ်းရေး
အဖွဲ့အစည်းများဟာ ကွန်ပျူတာသုံးပြီး Online မှ လျှို့ဝှက်ကြေးနန်းပေးပို့ခြင်း၊ Black Berry ဖုန်း
အသုံးပြုခြင်း၊ Facebook ကဲ့သို့ Social Network များနှင့် Skype အသုံးပြုမှုများကို ကြားဖြတ်ဖမ်း
ယူခြင်း၊ အဓိပ္ပါယ်ဖော်ထုတ်ခြင်းများကို တိုးတက်နေတဲ့ ဆက်သွယ်ရေးစနစ်များနှင့်အညီ ပြုလုပ်နိုင်
တော့မည်ဖြစ်ကြောင်း စက်တင်ဘာ ၂၇  ရက်နေ့ထုတ် The New York Times သတင်းစာတွင်
ဖော်ပြပါရှိခဲ့ပါတယ်။

အမေရိကန်ကဲ့သို့ပင် နိုင်ငံအသီးသီးဟာ မိမိနိုင်ငံလုံခြုံရေးအတွက် Internet ကြားဖြတ်ဖမ်းယူခြင်း၊
စောင့်ကြည့်ဖော်ထုတ်ခြင်းများကို ဥပဒေနှင့်အညီ လုပ်ဆောင်လျက်ရှိကြောင်း၊ အထူးသဖြင့် တရုတ်၊
ရုရှားကဲ့သို့သော နိုင်ငံများတွင် Internet ထိန်းချုပ်စောင့်ကြည့်မှုပြုလုပ်သလို Hacker များကိုလည်း
မွေးထုတ်နေကြောင်း IT ကျွမ်းကျင်သူများမှ သုံးသပ်ထားကြပါတယ်။

Ref:freedomnews