ကြံ့ဖွံ့ကို မဲမပေးရန် ဌာနဆိုင်ရာအရာရှိက ပြော

cobraOctober 16, 20101min885

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို မဲမပေးရန် ဌာနဆိုင်ရာ အရာရှိကိုယ်တိုင် ပြောသည့်အတွက် အောက်ခြေဝန်ထမ်းများ ဝမ်းသာရကြောင်း အစည်းအဝေးတက်ရောက်ခဲ့သည့် ဝန်ထမ်းတဦးက ပြောသည်။

ဧရာဝတီတိုင်း၊ ဖျာပုံခရိုင် ငါးလုပ်ငန်းဦးစီးမှူး ဦးမြင့်စိုးက ယခု (၁၃) ရက်နေ့က ပြုလုပ်သည့် ငါးလုပ်ငန်း အစည်းအဝေးတွင် ပြောဆိုခြင်းဖြစ်သည်။

“တော်တော်အံ့ဩသွားတယ်၊ ငါးလုပ်ငန်းနဲ့ ပတ်သက်တဲ့ အစည်းအဝေးမှာ ပြောတာ၊ အဲဒီမှာ ကြံ့ဖွံ့နဲ့ပတ်သက်ရင် မဲမပေးဖို့ ပြောတယ်၊ ပေးခဲ့မယ်ဆိုရင် တခုခုအစီအစဉ်နဲ့ ပြုတ်အောင်လုပ်မယ် ပြောတယ်၊ ထည့်ခဲ့ရင်လည်း အရေးယူမယ်ဆိုပြီး ပြောတာ၊ ဝန်ထမ်းတွေလည်း ဒီလိုပြောတော့” ဟု ဝန်ထမ်းတဦးက ပြောသည်။

ဝန်ထမ်းများအနေဖြင့်လည်း ယခင်ကတည်းက ကြံ့ဖွံ့ပါတီကို မနှစ်သက်ကြသည့်အပြင် ၂၀၁ဝ ရွေးကောက်ပွဲတွင်လည်း မည်သည့်ပါတီကိုမှ မဲပေးခြင်းမပြုဘဲနေရန် ဆုံးဖြတ်ထားကြောင်း ၎င်းက ဆက်ပြောသည်။

“ကျနော်တို့ ဝန်ထမ်းတွေကတော့ ဘယ်မှ မထည့်ဖို့ ဆုံးဖြတ်ထားတာ၊ ကျနော်တို့ လူကြီးမပြောခင်ကတည်း စိတ်ထဲမှာ ရှိနေတာ၊ အခုလို ပြောတော့ ကျနော်တို့ ဝန်ထမ်းတွေ အရမ်းဝမ်းသာပါတယ်၊ အဓိကကတော့ ကြံ့ဖွံ့ကို မဲမပေးဖို့ အရာရှိတဦးက ဒီလိုရဲရဲဝံ့ဝံ့ပြောတာ” ဟုပြောသည်။

စစ်အစိုးရဝန်ကြီးများကိုယ်တိုင် ၂၀၁ဝ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီမှ ကိုယ်စားလှယ်လောင်းများအဖြစ် ဝင်ရောက် အရွေးခံရန်အတွက် နည်းမျိုးစုံကြိုးစားနေလျှက်ရှိသည်။

မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီး ဦးမောင်မောင်သိန်းသည်ပင်လျှင် တနင်္သာရီတိုင်းအတွင်းမှ ရွေးကောက်ပွဲ ဝင်ရန် ကြိုးစားနေချိန် ၎င်းလက်အောက် ဌာနအရာရှိများက ကြံ့ဖွံ့ပါတီကို မဲမပေးရန်ပြောဆိုခြင်းမှာ ပထမဆုံး ဖြစ်သည်။

forward mail မှကူးယူဖော်ပြသည်။

5 comments

  • tunaung

    October 16, 2010 at 9:18 am

    သတင်းမှားကြီးထင်တယ် ဟုတ်မှလဲလုပ်ပါမောင်ကာဠုရယ်…..

  • cobra

    October 16, 2010 at 9:27 am

    ထင်ချင်သလိုထင်လို့ရတယ်။
    ငါကဒီmandalay gazette မှာသတင်းပဲတင်တယ်။
    ယုံတာမယုံတာခင်ဗျားအလုပ်..။

  • michaelaungpu

    October 16, 2010 at 10:39 am

    တစ်ယောက်ယောက်က ပြောင်းပြန်ကြီး ရေးပြီး နောက်လိုက်လားသိဘူးနော်

  • timothy

    October 16, 2010 at 8:57 pm

    If it is true, the happier the people are. We will boycott the election in millions nationwide.

  • cruz

    October 17, 2010 at 11:44 pm

    ဟိုက် တော်တော်ရဲတဲ့သူပဲ သေနတ်မကြောက် သံတိုင်မကြောက်
    အဲလိုလူများများရှိ ဒီအစိုးရပြုတ်တယ်

Leave a Reply