မိန်းကလေးများ သတိထားကြဖို့….

search123October 16, 20101min12513

လုပ်ငန်းခွင်မှာ တွေခဲ့ ရတဲ့ လုပ်ဖော်ကိုင်ဖက် ယောက်ျားလေးတစ်ယောက် ရဲ့ အကြောင်းပါ။
သူက နယ်ကနေ ရန်ကုန်မှာ အလုပ်လာလုပ်တာပါ။
ပြည့်စုံတဲ့ မိသားစု ကပါပဲ။၁ဝ တန်းအောင်တာနဲ့ ရန်ကုန်မှာ ကျောင်းတက်ရင်းနဲ့ အလုပ်လုပ်နေတာပါ။
အလုပ် စလုပ်လုပ်ချင်းမှာ ပဲ မိန်းကလေး တစ်ယောက်နဲ့ စပြီးကြိုက်ပါတယ်။
မကြာပါဘူး။အဲဒီ တစ်ယောက်နဲ့ ပြတ်ပြီး၊ နောက်တစ်ယောက် နဲ့ ကြိုက်ပါတယ်။
ုဒီ တစ် ခါကျတော့ ကောင်မလေးက ရုတ်တရက် အလုပ်ကထွက်ပြီး သူ့ကိုပါ ထားခဲ့တာပါ။
ဝုန်းဒိုင်းကျဲ ပေါက်ကွဲပြီး မကြာဘူး။ နောက် တစ်ယောက်နဲ့ဖြစ်…အဲဒီ တစ်ယောက် အခြား နေရာ ကို အလုပ် ကိစ္စ နဲ့ သွားနေတုန်း..သူ့ ကိုထားခဲ့တဲ့ ကောင်မလေး ရဲ့ သူငယ်ချင်းနဲ့ ဖြစ်လို့…အလုပ်ကပါ ထွက်လိုက် ရပါတယ်။
အခုတော့ နယ်မှာ မိန်းမရနေပြီ လို့ ကြားရပါတယ်။
ထူးဆန်းတာက သူနဲ့ တွဲခဲ့ တဲ့ မိန်းကလေး အားလုံးကို လက်ထပ် စာချုပ်မှာ လက်မှတ် ထိုးပေးထားတာပါ။ တရားဝင်တော့ မဟုတ်ဘူး…နှစ်ဦး သဘောတူပေါ့….
အဲလို လုပ်လို့ ရ၊မ ရတော့ မသိပါဘူး…ုဒါပေမဲ့ သူကတော့ လုပ်နေတာပါပဲ..
သူနဲ့ တွဲခဲ့တဲ့ တစ်ယောက်ဆို ကလေးပါ မွေးထားလိုက်သေးတယ်။
သူကတော့ ကလေးလည်း လာမကြည့်၊ တာဝန်လည်း မယူပါ.
ဘယ်သူ က မှလည်း သူ့ကို မတိုင်ကြပါ။
ဘယ်လိုနည်း နဲများ စည်းရုံးထားလဲတော့ မသိပါ။
ုဒါကြောင့်မို့ မိန်းကလေးများ သတိပြုကြပါ….
ယောကျာ်းလေး က လက်မှတ်ထိုးပေးမယ် လို့ပြောရင် လွယ်လွယ် မယုံကြပါနဲ့။
ူီဒီလို ယောကျာ်းမျိုးတွေ လည်းလောကကြီးမှာ ရှိနေလို့ပါ။

13 comments

  • tunaung

    October 16, 2010 at 11:09 am

    ဘယ်ကကောင်လဲ နံမယ်ဘယ်သူလဲ ဘယ်မြို့မှာနေလဲ ရေးပေးမှပေါ့ ဒါမှရှောင်ရှားနိုင်မှာ အသိပေးလဲပြည့်ပြည့်စုံစုံပေးဒီလိုကောင်မျိုးဘာမှငဲနေစရာမလိုဘူး

  • ဆူး

    October 16, 2010 at 11:17 am

    ဟုတ်သားဘဲ အနီးစပ်ဆုံးတော့ ပြောသင့်တာပေါ့..

  • michaelaungpu

    October 16, 2010 at 1:25 pm

    အဲ့သည်မှာတော့ သူ ့ကို ကိုယ်က ဘာလုပ်မှာထက်
    ဘာဖြစ်ဖြစ်လုပ်ရဲတဲ့ သူ ့ရဲ ့စိတ်ကို အရင်မြင်အောင်ကြည့်သင့်တယ်

  • naywoonni

    October 16, 2010 at 3:11 pm

    ပြောရရင်မကောင်းပါဘူး….။
    မိန်းကလေးတစ်ချို့ကယုံမိယုံရာယုံကြည်ရာကအဲဒိလိုတွေဖြစ်ကြတာပဲ…
    ဘာပြောပြောသူတို့သဘောကျတဲ့သူဆိုယုံတတ်ကြတယ်လေ…………..
    သူတို့ကိုသွားပြီးတားဖို့မပြောနဲ့….သတိပေးမိရင်တောင်ရန်သူသတ်မှတ်ချင်ကြတာမျိုး

  • me2

    October 16, 2010 at 3:42 pm

    အယုံလွယ်တဲ့ မိန်းကလေးများ အညှာလွယ်တဲ့မိန်းကလေးများပေါ့ ကိုယ့်ကိုကိုယ်တန်ဖိုးထားတတ်ကြပါစေ။

  • The Reds

    October 16, 2010 at 5:11 pm

    လာ ပြန် ပြီ နောက် တစ် ကောင် … မိန်း မ လေး တွေ က လဲ မ စဉ် စား ကြ ဝူး လား သိ ဝူး .. သေ ရော online ကော အ လုပ် မှာ ပါ ရှာ ရ ခက် ပြီ ။ အ ဟင်းးး အ ဟင် းးး

  • fatty poak

    October 16, 2010 at 6:26 pm

    အဲ့လိုကောင်မျိုးကိုတော့…….ချဉ်တယ်ဗျာ……။ဒါပေမယ့်……မိန်းကလေးတွေကိုက…..သဘောကျနေတာကတော့…..ခက်တယ်ဗျာ…အကြောင်းမသိတာလည်းမဟုတ်ပဲနဲ့……..။

  • cobra

    October 17, 2010 at 8:10 am

    မင်းတို့ကောင်တွေလုပ်နေတာကလွန်လာပီနော်….။
    ငါတို ့ကိုပါမကောင်းထင်နေပါဦးမယ်..။

  • kai

    October 17, 2010 at 8:32 am

    တော်တော်ထူးထူးဆန်းဆန်းပဲ..။ Guinness World Records ထဲတောင်ထည့်လို့ရတယ်..။
    သူလက်မှတ်ထိုးလက်ထပ်တာ ၅ယောက်အထက်ဖြစ်ပြီး တယောက်ကွာပြီးမှ..တယောက်ယူတာမဟုတ်ပဲ..တန်းလန်းဆိုရင်..အဲဒီသတင်း..ဝယ်ချင်ပါတယ်..။
    အဲဒါ..အဲဒီသူနဲ့အင်တာဗျူးပေးပါလား..။ သူနဲ့အရင်ဆုံးရတဲ့ အမျိုးသမီးကိုပါ..ဗျူးပေးပါ..။

  • ဆူး

    October 17, 2010 at 9:52 am

    ထူးဆန်းတယ် ဆိုလို့.. အသိအမကြီး တယောက်ရဲ့ ယောင်္ကျားဆို မိန်းမကတယောက်ယူလိုက်.. ဗိုက်ပူရင် ထွက်သွားလိုက်.. နောက် တနေရာမှာ တယောက်ယူပြီး ၂နှစ်လောက်နေမှ တခါပြန်လာတယ် အဲဒီ အမကြီးကလည်း သူ့ယောကျား မကောင်းမှန်းသိတယ် ပြန်လာပြီး ငိုပြတော့လည်း ပြန်ပေါင်းတာဘဲ.. ဟော.. ပြန်ပေါင်းပြီး မကြာဘူး ဗိုက်ပူရင် တခါထွက်သွား.. ဒါနဲ့ ကလေး ၃ယောက်ကျတယ်။ ဒီကြားထဲ သူနဲ့ ပေါင်းနေတုန်း မိန်းမတယောက်က လာတယ် ခပ်တည်တည်နဲ့.. ကလေးချီပြီး လာတာ.. သူအကြီးလား ငါအကြီးလား လုပ်ပြီး ရန်တွေ့ခါနီးမှာ အဲဒီ အမကြီး ကလေးမြင်မှ အသက်၅နှစ်လောက် ကွာနေမှန်းသိတော့ တပ်ခေါက်သွားလေရဲ့.. အဲဒီ လူဆို မိန်းမတွေ များမှ များ တနေရာမှာ တယောက်ယူတာ.. သူတို့က မရှာကျွှေးရတော့ ဒီလိုဘဲ.. ယူချင်တိုင်းယူနေတာ.. အခုတော့ အတည်တကျပေါင်းနေတယ် ထင်ပါရဲ့.. ၄ယောက်မြောက်ကလေး မွေးပြီးတာ ၂နှစ်လောက်ရှိပြီ ကျန်းမာရေးကလည်း မကောင်းတော့ အပြုစု ခံဖို့ ပြန်လာနေတာ.. မိန်းမကလည်း နေမကောင်းတော့ ပြုစုပြီး ကျွှေးထားတယ်။ မိန်းမ အမွေရထားတာလေးကလည်း ရှိတော့ မပူမပင် အပြုစုခံနေသတဲ့..

  • asiamasters

    October 17, 2010 at 11:23 am

    ပြဿနာ တစ်ခုရဲ့ အစဟာ ဂျိတ်များလိုပဲ နှစ်ဘက် စလုံးဂျိတ်မှ ချိတ်ကြတာဖြစ်ပါတယ်။ အများအားဖြင့် အမှားတွေဟာ လောဘနဲ့ အသိဉာဏ်နဲမှုကြောင့်ဖြစ်ကြတာများပါတယ်။

  • unclegyi1974

    October 17, 2010 at 3:04 pm

    အခုခေတ် လို့ဘဲပြောရမယ်ထင်တယ်
    ဟိုးအရင်တုန်းကတယောက်အကြောင်းတယောက်
    သိအောင်အရင်ကြိုးစားကြတာ
    အခုကသိဖို့မလိုတော့ဘူး ယူမှာလား အဓိကဘဲ
    မိန်းကလေးတွေကလဲ ကိုယ့်တသက်လုံးအားကိုးရမှာ
    လား သူအကြောင်းဘယ်လိုလဲမစဉ်းစားတော့ဘူး
    ကြားဖူး တွေ့ဖူးတာတွေ အများကြီးဘဲ
    အသိဉာဏ်မြင့်လာတာလား
    အသိဉာဏ်နိမ့်လာတာလား
    ခေတ်ကြီးကတိုးတက်နေတာလား
    ခေတ်ကြီးကဆုတ်ယုတ်နေတာလား
    စဉ်းစားလို့ကိုမမှီနိုင်အောင်ပါဘဲ

  • shwe tallatr

    July 6, 2012 at 4:49 pm

    မိန်းကလေးတွေကလဲ မိန်ကလေးတွေဘဲလို့ပြောရတော့မှာဘဲ ဒီလောက်ကြားသိ့နေတာတောင်မှ မှားဖြစ်အောင်မှားသေးတယ်ဆိုတော့ ယောက်ကျားလေးဘက်ကမလွန်ဘူးလို့ပြောပြန်ရင်လဲ
    (ရွာသူရွာသားတွေက ဝိုင်းဆဲကြအုံးမယ်) ဒါကြောင့်အားလုံးလွန်တယ် လုပ်တဲ့သူနှစ်ယောက်စလုံးလွန်တယ်……………………….

Leave a Reply