မဲမပေးဘဲ နေနိုင်ခွင့်ရှိကြောင်း စာရွက်များ ရန်ကုန်မြို့တွင်း ပြန့်နေ…………….

cobraOctober 16, 20101min967

ရွေးကောက်ပွဲအတွက် ကြိုတင်မဲကို အတင်းပေးခိုင်း၍မရကြောင်း၊ ပြည်သူတယောက်သည် မဲမပေးလိုပါက မဲမပေးဘဲ နေနိုင်ကြောင်း ရေးသားထားသည့် စာများနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံပါသည့် လက်ကမ်းကြော်ငြာစာများ ရန်ကုန်တွင် ဖြန့်ဝေနေသည်ဟု ရန်ကုန်မြို့ခံများက ပြောသည်။

ရန်ကုန်မြို့တွင်း ကျောက်တံတားမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ လသာမြို့နယ်တို့တွင် ယင်းသို့စာရွက်များ ဖြန့်ဝေနေခြင်းဖြစ်ကြောင်း ကျောက်တံတားမြို့နယ်တွင် နေထိုင်သူတဦးက ပြောသည်။

“မနေ့က ကျနော်တို့ ဆိပ်ကမ်းသာလမ်းမှာ ဝေသွားတာပဲ။ ဘယ်သူဝေတယ် ဆိုတာ မသိပေမယ့် ဝေသွားတဲ့စာရွက်မှာ ဒေါ်စုပုံပါတယ်။ ကျနော်တို့လည်း ဒေါ်စုပုံပါတာတွေ့တော့ လိုက်တောင်းတာပေါ့။ ကျနော်တို့ ဒေါ်စုပုံ မတွေ့ရတာ ကြာပြီလေ” ဟု ကျောက်တံတားမြို့နယ် (၉) ရပ်ကွက်တွင် နေထိုင်သူတဦးက ပြောသည်။

အဆိုပါစာရွက်တွင် “ရွေးကောက်ပွဲဥပဒေနှင့် ဆန့်ကျင်ပြီး မသမာမှုတွေ့ရှိရင် ပြည်သူတွေအနေနဲ့ ရဲစခန်းကို တိုင်ရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည် ပြောထားသည့် ရက်စွဲနှင့်တကွ ဖော်ပြထားသည်။

စာရွက်များဝေသူသည် မည်သူမည်ဝါဟု အတိအကျမသိရသော်လည်း စာရွက်ဝေသွားသည်ကို တွေ့လိုက်ရကြောင်း ကြံ့ဖွံ့ပါတီဝင်တဦးက ပြောသည်။

“စာရွက်ဝေတာတွေ့တယ်။ ကျနော်က ကြံ့ဖွံ့ပါတီဝင်ဖြစ်ပေမယ့် ပြည်သူတယောက်ပဲလေ။ ပြည်သူဆိုတာ လွတ်လပ်စွာ လုပ်ကိုင်ခွင့်ရရမယ်လေ။ ဒါကြောင့် ကျနော်လည်း ယူထားလိုက်တယ်” ဟု ပန်းဘဲတန်းမြို့နယ်နေ ကြံ့ဖွံ့ပါတီဝင် ဘွဲ့ရလူငယ်တဦးက ပြောသည်။

အတင်းအကျပ် ခြိမ်းခြောက်မဲပေးခိုင်းသူသည်သာ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုကျူးလွန်သူ ဖြစ်သည်ဟုလည်းကောင်း၊ ခြိမ်းခြောက်ပြီး မဲပေးခိုင်းခြင်းသည် ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုဖြစ်သည်ဟုလည်းကောင်း စသည့်ကောက်နုတ်စာများနှင့် ရွေးကောက်ပွဲနည်းဥပဒေများပါ ကြိုတင်မဲမပေးဘဲ နေနိုင်ခွင့်ရှိကြောင်းကိုလည်း အဆိုပါစာရွက်တွင် ရေးသားထားသည်။

လှိုင်မြို့နယ်၊ အင်းစိန်လမ်းမတွင်နေထိုင်သူ အသက် (၅၀) ကျော်အမျိုးသမီးတဦးက “ကျမတို့ လှိုင်မှာတော့ တနေ့က ဝေတာ။ လူငယ်တွေတဲ့ အဲလိုပြောကြတာပဲ။ ဘယ်သူပဲဝေဝေ အဲဒီလို ဝေလို့ပဲ ပြည်သူတွေက အခုလုပ်မယ့်ရွေးကောက်ပွဲမှာ မဲမပေးဘဲနေလို့ ရ မရ၊ ပေးချင်မှပေးမယ်၊ မပေးဘဲလည်း နေချင် နေလို့ရတယ်ဆိုတာ သိရတယ်လေ။ ကျမ တကယ်ကို မသိခဲ့ဘူး။ ကြံ့ခိုင်ရေးက သူတို့ကိုပဲ မဲပေးဖို့ကို ရယကတွေက အိမ်တွေကို လိုက်ပြောနေတယ်လေ။ ကျမတို့က ကြောက်တယ်။ အခု ဒီစာရွက်လေးရတော့ မကြောက်တော့ဘူး” ဟု ပြောဆိုသည်။ ရန်ကုန်မြို့နယ် အသီးသီးတွင် ယင်းစာရွက်များ ဝေငှနေကြောင်း စုံစမ်းသိရှိရသည်။

ရွေးကောက်ပွဲ ဆန့်ကျင်သည့် အဆိုပါ မဲမပေးရေးလှုပ်ရှားမှု လက်ကမ်းစာရွက်များကို ယခုလဆန်းပိုင်းမှစတင်ကာ ဖြန့်ဝေနေခြင်းဖြစ်ပြီး မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားတက်ကြွသည့် ပြည်တွင်းမှ လူငယ်များ၊ ရုံးဝန်ထမ်းများ၊ ပြည်သူများပါ ပါဝင်၍ လက်ဆင့်ကမ်း ဖြန့်ဝေနေခြင်းဖြစ်ကြောင်း၊ တဦးတယောက် အဖွဲ့အစည်းတခုအနေဖြင့် မဟုတ်ဘဲ အားလုံးစုပေါင်း၍ မိမိတို့အသိစိတ်ဖြင့် စုပေါင်းလှုပ်ရှားမှုတရပ်ဖြစ်ကြောင်း ပြည်တွင်းမှ အန်အယ်လ်ဒီလူငယ်တဦးက ခေတ်ပြိုင်သို့ အတည်ပြုပြောကြားသည်။

forward mail မှကူးယူဖော်ပြသည်။

7 comments

  • thidar

    October 16, 2010 at 12:52 pm

    ပြောတိုင်းမယုံနဲ့လေ။ ဒေါ်စုပုံပါတိုင်း ဘယ်သူဝေတာလဲသိရတာမှမဟုတ်တာ.. ပြီးတော့ မဲမထည့်ရင် သူတို့ လိုချင်တဲ့ အထဲ ဆွဲထည့်ရင်ဘယ်လိုလုပ်မလဲ..

  • april

    October 16, 2010 at 2:32 pm

    ဒေါ်စုက လွတ်ခါနီးနေပြီလေ … မလွှတ်ပေးချင်လို့ ပြသ၁နာဖြစ်အောင် လုပ်တာလား မသိဘူးနော်

  • tunaung

    October 16, 2010 at 2:43 pm

    ဘယ်သူတွေဝေနေတာလဲ..သိဘို့အရေးကြီးတယ် ဒလံတွေလဲဖြစ်နေအုံးမယ်။။

  • The Reds

    October 16, 2010 at 5:05 pm

    မ ပေး တာ ကောင်း တယ် … ပေး ရ မဲ. နေ အိမ် မှာ အိပ် ပြစ် မယ် .. ဟီး ဟီး ..

  • timothy

    October 16, 2010 at 8:54 pm

    Yes. No one should lead the boycott campaign. It should be on our own initiative individually to Boycott The Election. Daw Suu is leading the campaign because she is the leader of Burma. No one should lead or organize the campaign. We all are responsible for preventing Than Shwe getting victory and declaring military led government in Burma. We all will boycott the election on our own initiatives. Arrest me. Arrest my family. Arrest my neighbours. Arrest all of us in the district, townships, towns, cities, States and divisions and the whole country for not voting and using our right, the human right. Arrest all of us on election day. Has the world ever seen empty polling stations on election day and mass arrest on election day? Boycott the election. Regime change. People power.

  • cruz

    October 17, 2010 at 11:45 pm

    ကြားတာတော့ ရွေးကောက်ပွဲပီးမှ လွှတ်မယ်ကြားတယ်နော်… အမေစုကို

  • char too lan

    October 18, 2010 at 5:30 am

    13/11/2010 မှလို့ကြားတယ်
    အဲဒီ date ကိုကတော်တော်ရယ်စရာကောင်းနေတာ

Leave a Reply