ငြီးငွေ့ခြင်း

search123October 18, 20101min1149

အိမ်ထောင်ကျ ပြီး အချိန် ဘယ်လောက်ကြာရင် ယောက်ကျာ်းတွေ ဟာ ကိုယ့် ဇနီး အပေါ် ငြီးငွေ့ တတ်ကြပါသလဲ။
ဘယ်အချက်တွေ ဟာ ယောကျာ်း တစ်ယောက် ငြီးငွေ့စေနိုင်သလဲ ဆိုတာ သိချင်ပါတယ်။
ဘာကြောင့်လဲ ဆိုတော့ အမ အရင်းလို ချစ်ရတဲ့ အမ တစ်ယောက်ရဲ့ အိမ်ထောင်ရေး အခက်အခဲကြောင့်ပါ။
အဲဒီ အမ ကတော်တော်ချောပါတယ်။အနေ အထိုင်လည်း တည်ငြိမ်တယ်။
အကျင့် စာရိတ္တလည်းကောင်းတယ်။နာမည်ပျက် မရှိဘူးပေါ့။
သာမာန် လူလတ်တန်းစား မိသားစုကနေ ကြီးပြင်းပြီး ၊ အလုပ် အကိုင်လည်းရှိပါတယ်။
သူ့ချစ်သူနဲ့ပဲ မိဘ တွေလည်း သဘော တူလို့ ယူခဲ့ကြတာပါ။
အခု ကလေးလည်းရနေပါပြီ။
အိမ်ထောင့်တာဝန် ရော ၊ စီးပွါးရေးမှာ ပါ မလစ်ဟင်းရလေအောင် ကြိုးစားပါတယ်။
ယောကျာ်းကို ဆွဲဆောင်နိုင်အောင်လို့ သပ်သပ်ရပ်ရပ် ပြင်ပြင်ဆင်ဆင်လည်းနေပါတယ်။
သူ့မိဘ၊ကိုယ့် မိဘ လည်း မခွဲခြားပဲ ဆက်ဆံပါတယ်။
ပြောရမယ် ဆိုရင် ဒီလို အနေ အထားဆိုတာ ယောကျာ်း တစ်ယောက် အတွက် အတော်လေး ကို ကံကောင်းတယ်ဆိုတဲ့ အနေအထားပါ။
ဒါပေမဲ့ လည်းပေါ့လေ… ယောကျာ်း လုပ်သူ က အခု အရင်က ရည်းစားဟောင်း နဲ့ ပြန်ဆက်နေပါတယ်။
ဘယ်လို အခြေအနေ လဲတော့ မသိပေမဲ့…မိန်းမလုပ်သူတောင် ရိပ်မိနေ တယ်ဆိုတော့ တော်တော် တော့ မလွယ်တဲ့ အခြေအနေပေါ့။
ဟိုဘက် က ရည်းစားဟောင်းဆိုတဲ့ အမျိုးသမီး ကလည်း …အိမ်ထောင်မရှိသေးပါဘူး။ရုပ်ရည်လည်း ရှိတယ်လို့ ဆိုပါတယ်။
ဘယ်လိုပဲ ကလေးနဲ့ မိန်းမပဲ ရှိရှိ တရားဝင် သာ ကွာလာခဲ့ ယူမယ်လို့ ဆိုပါတယ်။
ယောကျာ်းလုပ်တဲ့သူ ကတော့ ဒီဘက်လည်း မပစ်နိုင်၊ဟိုဘက် လည်း မခွါနိုင် ဇာတ်လမ်းပေါ့။
ယောကျာ်းတွေ ဟာ နားလည်ရ အလွန်ခက်ပါတယ်။
သူတို့ ဘာကိုကြိုက်ပြီး၊ဘယ်လို လုပ်ပေးရမယ် ဆိုတာ နားမလည်နိုင်လောက်အောင်ပါပဲ။
အိမ်ထောင်သက် ကြာလာရင် ဒီလိုပဲ ငြီးငွေ့တတ်ပါသလား။
ဘာကြောင့်ပါလဲ။
အဲဒီ ငြီးငွေ့မှုဟာ မိန်းမတွေမှာရော မရှိရဘူးလား။
ငြီးငွေ့တယ် ဆိုတဲ့ စကားလုံး ကို တစ်ကယ်ပဲ စိတ်ပျက်မိပါတယ်။
ဘာကိုမှလဲ ကြိုတင်ပြင်ဆင် ထားလို့ မရပဲ….ငြီးငွေ့ခံရနိုင်လို့ပါပဲ။

9 comments

  • fatty

    October 18, 2010 at 9:13 am

    ငြီးငွေ့မှု့က လင်ရောမယားမှာပါ ဖြစ်တတ်ပါတယ် ..ဒါ သဘာဝပါ။ ရိုရာယဉ်ကျေးမှုအရရော … ကိုယ်ကျင့်သိလတရားအရကြောင့်ရော
    သံယောဇဉ်အချစ်သို့ပြောင်းသွားတာရော ….အဲဒါတွေကြောင့်မြဲနေကြတာပါ။ မရိုးအောင်မငြီးငွေ့အောင်ကတော့ …ဉာဏ်ကလေးကူပေါ့နော။

    • bigcat

      October 20, 2010 at 12:11 am

      ဦးဖက်ရေ..ဘယ်လိုညဏ်ကူရမှာလဲ။ ညဏ်တုံးလို့နဲနဲလောက် အကျယ်ချဲ့ပါအုံး။

  • ဆူး

    October 18, 2010 at 9:26 am

    ယောကျား မကောင်းတာ မိန်းမ သိနေပြီ ဆိုတော့ မလွယ်ဘူး ဆိုတော့.. စကားပုံလေး သတိရမိတယ်.. အရိုးကွဲမှ အသဲစွဲမယ်.. ဒီတော့ အဲဒီ ယောကျား အသဲစွဲသွားအောင် အရိုးကွဲအောင် ရိုက်ခိုင်းလိုက်.. နာကျင်သွားမှ.. နားလည်သွားမယ်.. ကျားမှန်သမျှ နာမှ အိမ်က မိန်းမ ကောင်းမှန်း သိကြတာ(အပြုစုခံရလို့).. လင်မယား မပြောနဲ့.. ချစ်သူချင်းမှာတောင် ကြာရင် ငြီးငွေ့တာဘဲ.. မလုပ်ဘူးတာ မရှိ.. တူတူမသွားဘူးတဲ့ နေရာမရှိတော့ဘူး ဆိုတော့ ထပ်ခါထပ်ခါ သွားရမှာ ပျင်းလာတာနဲ့.. ဘယ်မှ မသွားဖြစ် ဒါနဲ့ဘဲ.. ဟိုမရောက်ဒီမရောက် စိတ် မှာ ပျော်စရာ ဘာမြင်မြင် အကုန် အကောင်းကြိးဘဲ ဆိုတဲ့ စိတ်ကလေး ပျောက်လို့.. မြင်မြင် သမျှ အမြင်ကတ်စရာဖြစ်လာကော.. ဒါမျိုးက လူမှုရေး ဘာသာရေး စည်းကမ်းတွေနဲ့ ထိန်းမှ ရတာ။ လူစိတ်ဆိုတာ ထိန်းရခက်သား..

  • ghost

    October 18, 2010 at 9:28 am

    ဟဲဟဲ ဆရာဝင်လုပ်အုံးမှဘဲ …
    ၁။ စကားတစ်ခွန်းကို ၃ခါထက်ပိုပြီးထပ်ပြောတတ်တဲ မိန်မ
    ၂။စိတ်ကောက်ရင် ချော့ရခက်တဲ မိန်းမ
    ၃။ကိုယ်ယောကျာင်္မှာ ပြသနာရှိမှန်းသိလျှက်နဲ မဖြေရှင်းခင် အပြစ်တင်တတ်တဲ မိန်းမ
    အိမ်ထောင်ရေးတည်မြဲဖို့ဆိုရင် ဒီအချက်တွေက အရေးကြီးပါတယ်

    အဲဒီ ငြီးငွေ့မှုဟာ မိန်းမတွေမှာရော မရှိရဘူးလား။ ဒီမေးခွန်းအတွက်က
    ကိုနားလည်တာက မိန်းမတွေငြီးငွေလာရင် ယောကျင်္ာအပေါ်အပြစ်များများမြင်လာတာပါဘဲ။

  • su

    October 18, 2010 at 4:00 pm

    ရှေးရေစက်ပါသလောက်ပဲပေါင်းရမှာဘဲ။ ရည်းစားဟောင်းကိုလဲမေးကြည့်ပေါ့ သူများလင်ကိုလုရမှကြေနပ်မှာလားလို့။ ယောက်ျားကိုလဲမေးပေါ့ အဆက်ဟောင်းကို မပြတ်နိုင်ရင် အတင်းဆွဲထားလဲ ဘာမှမထူးဘူး ပိုစိတ်ဆင်းရဲဖို့ဖြစ်မှာဘဲ။ ကွာပေးပြီး နောက်မိန်းမရဲ့ ဒဏ်ကိုခံပြီး တသက်လုံးကိုယ့်ကို တမ်းတ နှောင်တရနေပစေ။ အပူကိုဖယ်ပြီး စိတ်ချမ်းသာအောင်နေလိုက်ပေါ့။ ဖြစ်သမျှအကြောင်း ပိုကောင်းဖို့ဘဲလို့မှတ်လိုက်ပါ။

  • fatty

    October 20, 2010 at 2:08 am

    အင်း …ဒီလိုအကြံဉာဏ်မျိုးက အိပ်ဖွင့်ပေးစာလုပ်လို့မကောင်းလို့ …သီးခံပါလို့။

  • manawphyulay

    October 20, 2010 at 2:49 am

    မိန်းကလေးများသည် မပြေလည်သော အိမ်ထောင်ရေးကို ခံနိုင်ရည်ရှိသော်လည်း မ
    ပြေလည်သော အချစ်ရေးတွင် ခံနိုင်ရည် မရှိကြ။
    ယောက်ျားလေးများသည် မပြေလည်သော အချစ်ရေးကို ခံနိုင်ရည် ရှိသော်လည်း မ
    ပြေလည်သော အိမ်ထောင်ရေးကို ကိုယ်လွတ်ရုန်းချင်ကြသည်။

    မိန်းကလေးများ လွမ်းဆွေးအားငယ်နေလျှင် ဝမ်းနည်းစရာ အချစ်ဇာတ်လမ်း ရှိခဲ့ဖူး
    သောကြောင့်ဖြစ်ပြီး ယောက်ျားလေးများ စိတ်ပျက် စိတ်ညစ်နေလျှင် အဆင်မပြေ
    သော အိမ်ထောင်ရေးကြောင့်ဖြစ်သည်။

    မိန်းကလေးများ နောက်အိမ်ထောင် ပြုခြင်းသည် မှားယွင်းမှုကို ရှာခြင်းဖြစ်ပြီး
    ယောကျာ်းလေးများ နောက်အိမ်ထောင်ပြုခြင်းသည် ကံစမ်းခြင်းသာ ဖြစ်သည်။

    မိန်းကလေးများက သူသည် ထိုယောက်ျားလေး၏ နောက်ဆုံးတယောက်အဖြင့် မျှော်
    လင့်တတ်ကြပြီး ယောက်ျားလေးများက သူသည် ထိုမိန်းကလေး၏ ပထမဆုံးတစ်
    ယောက်အဖြင့် မျှော်လင့်တတ်ကြသည်။

    • bigcat

      October 20, 2010 at 3:07 am

      ယောက်ျားလေးများ ရည်းစားထား အိမ်ထောင်ပြုခြင်းသည် ဟိုဒင်းဟိုဝှာ အတွက်ဖြစ်ပြီး မိန်းခလေးများ ရည်းစားထား အိမ်ထောင်ပြုခြင်းသည် ဟိုဝှာဟိုဒင်းအတွက်ဖြစ်သည်။ ဘာကိုဆိုလိုသလဲတော့ ကိုယ်တိုင်လည်း မသိပါ၊ မနောရဲ့ စာကိုဖတ်ကြည့်ပြီး ပြောင်းပြန်ယူဆတာ အရှင်းဆုံးလို့ ယူဆမိလို့ပါ။

  • char too lan

    October 20, 2010 at 6:16 am

    အားကြီးရှုပ်ဒယ် တားနားမရယ်ဒေါ့ဘူး 🙁

Leave a Reply