အချစ်ဆိုတာ….

manawphyulayOctober 16, 20101min550

အချစ်ဆိုတာ လူငယ်လည်း လူငယ်အတွေး၊ လူကြီးလည်း လူကြီးအတွေး ကိုယ့်အတွေးနဲ့ကိုယ် ရှိကြမှာပါ။ တစ်ယောက်တစ်မျိုးပေါ့လေ။
အချစ်ဆိုတာ ဘယ်ကစဖြစ်တာလဲ။ အရင်ဆုံး စဉ်းစားဖို့ လိုလာပြီနော်။ လှတာကိုလား။ ချောတာကိုလား။ ဒါမှ မဟုတ် အပြောကောင်းတာကိုဆိုလိုတာလား။ အဲဒီမှာ စကားပုံတစ်ခုကို စဉ်းစားမိတယ်။
“Love in the heart is better than honey in the mouth”
နှလုံးသားထဲက အချစ်ဟာ ပါးစပ်ဖျားက ပျားရည်ထက် ချိုပါတယ်တဲ့။ ဟုတ်မဟုတ်တော့ ကျွန်မလည်း မသိဘူး။
ကျွန်မ ခံယူမိထားတာကတော့ လူတစ်ယောက်မှာ It is needed to love and be loved. အချစ်ခံရဖို့နဲ့ ချစ်ဖို့ဆိုတာ လူတိုင်းမှာ လိုအပ်လိမ့်မယ်လို့

ထင်မြင်မိပါတယ်။
အဲ တစ်ခုတော့ ရှိတယ်နော် “And remember, the surest way to win love is to give love.” သိထားဖို့က မေတ္တာကိုရဖို့

အသေချာဆုံးလမ်းဟာ မေတ္တာကို ပေးဖို့ပါပဲ။
အချစ်ဆိုတာ ဘယ်အရာမှ မကောင်းဘူးလို့လည်း ထင်တယ်။ ပူလောင်တယ်။ အချစ်ဆိုတာထက် မေတ္တာထားတတ်ဖို့ လိုအပ်ပါတယ်။
အဲ အချစ်ဆိုတာ အချစ်တစ်ခုထဲနဲ့လည်း အချစ်ဆိုတာ ဖြစ်မလာတတ်ပါဘူး။ တစ်ဦးနဲ့ တစ်ဦး မေတ္တာထားနိုင်ဖို့ရယ် နားလည်မှုရယ် သစ္စာရှိဖို့ရယ်

ဒါတွေ အားလုံးပေါင်းစပ်မှသာ အချစ်ဆိုတာ ဖြစ်လာမယ်လို့ ကျွန်မ မြင်မိပါတယ်။
ခု လူတွေဟာ  ဘယ်အရာမှ တန်ဖိုးမထားတတ်ကြတာကို မြင်တွေ့နေရတာ တော်တော်စိတ်မကောင်းဖြစ်မိတယ်။ အများအားဖြင့်

အွန်လိုင်းတက်နေကြတဲ့သူတွေရဲ့ ထုံးစံတစ်ခုပေါ့။ လွယ်လွယ်တွေ့၊ လွယ်လွယ်ပြော၊ လွယ်လွယ်ကွဲနဲ့ သူတို့ကျတော့ လွယ်လိုက်ကြတာနော်။

ဒါကို အချစ်လို့ ခေါ်တာလား။ ဒီတစ်ဦးကို ပြောကြည့်မယ်။ မရရင် နောက်တစ်ယောက်ပြောမယ်။  ဒါတွေဟာ အချစ်စစ်လို့ ပြောလို့ရမလား။
မဟာတ္ထမဂန္ဓီ ပြောခဲ့တာကတော့
“where there is love, there is life. Hatred leads to destruction. အချစ်ရှိလျှင် ဘဝရှိ၍ အမုန်းတရားသည် ပျက်စီးခြင်းကိုု ဦးတည်သည်တဲ့။
ကျွန်မမြင်မိတာကတော့ “lowe is a fervent fire” အချစ်ဆိုတာ ပြင်းထန်တဲ့ မီးတောက်မီးလျှံပဲ။
လောကမှ နှစ်ဦးနှစ်ဖက် လိုချင်တာနဲ့ ပေးဆပ်တာ ထပ်တူကျမှသာ အချစ်ဆိုတာ ဖြစ်ပေါ်လာရင် ပိုကောင်းပါတယ်။
အချစ်ဆိုတာ ဘဏ်တိုက်မှာ သွင်းထားတဲ့ ငွေကြေးလို မဟုတ်ပါဘူး။ လိုတဲ့အခါ ထုတ်ချင်တိုင်း ထုတ်လို့မရပါဘူး။
သူ ပေးနိုင်ပြီး ကိုယ်မပေးနိုင်တဲ့အခါ တစ်ဖက်သားအတွက် စိတ်မကောင်းရုံက လွဲလို့ မတတ်နိုင်တဲ့အရာတစ်ခုပါပဲ။
ကျွန်မကတော့ မချစ်ရဲဘူး။ ဘာကြောင့်လဲဆိုတော့ သံယောဇဉ်အရမ်းကြီးတတ်လို့ပဲ။ သံယောဇဉ်ဆိုတဲ့အရာဟာလည်း ဖြတ်နိုင်တဲ့သူတွေအတွက်

အေးချမ်းပေမယ့် မဖြတ်နိုင်တဲ့သူတွေကျတော့ အမြဲပူလောင်နေတာပဲလေ။
ကျွန်မကတော့ အချစ်ဆိုတာ ရယူခြင်းရှိသင့်သလို ပေးဆပ်မှုလည်း ထားတတ်ရမယ်။  ဟုတ်တယ်မလား။
အချစ်ဆိုတာ ကိုယ်ကျင့်တရားနဲ့လည်း သက်ဆိုင်နေပါတယ်။ ဒါဟာလည်း မပါမဖြစ်ဘူးလေ။
အင်း မရေးလည်း မရေးတတ်ပါဘူး။ ရေးချင်တာတွေလည်း ရှိသေးတယ်။ အချစ်အကြောင်းကို လေ့လာပြီးမှပဲ ဆက်ရေးတော့မယ်။

ကဲ အမှတ်တရ ကျွန်မရဲ့ ကဗျာလက်ဆောင်များ
Love အချစ်ဆိုသည်မှာ
L…. lake of Sorrow (ဝမ်းနည်းပူဆွေးရေအိုင်)
O…. Ocean of Tears (မျက်ရည်သမုဒ္ဒရာ)
V…. Valley of Death (မရဏတောင်ကြား)
E… End of Live (ဘဝနိဂုံး) ပါတဲ့…… ဟုတ်တယ်ဟုတ်… မဟုတ် ဟုတ်ဟုတ်…. ဟုတ်

နောက်တစ်ပုဒ်လက်ဆောင်
အချစ်ဆိုတာ
ဒုက္ခရဲ့နိဒါန်း
သောကရဲ့မြစ်ဖျား
အလွမ်းရဲ့ဗဟို
အပြိုပြိုအလဲလဲ
ငိုလို့မဆုံးတဲ့ ပွဲတစ်ပွဲ….. ပေါ့