အာနာသည် သနပ်ကဖြစ်သည် Power

gun

အာဏာဘယ်ကဖြစ်

ဥက္ကဌကြီးမော် ကမာ္ဘကျော်
သူ့ရဲ့စကား
လွန်ထင်ရှား
“အာဏာသည်
သေနတ်ပြောင်းဝက
ဖြစ်သည်”တဲ့။

အာခေါင်ရယ်နာ
ဘာကြောင့်လည်းစဉ်းစား
ရုတ်တရက်မို့
အဖြေမရတယ်
အောက်လမ်းပေလား။

ဒိုင်းကနဲဆိုလင်းလက်
သိလိုက်တဲ့ ငါ့ဖြစ်အင်
စားမိတဲ့ ငြုပ်သီးသနပ်
မဆင်းဘဲ အာခေါင်ကပ်တော့
စပ်တာပေါ့လေး။

6 comments

  • tunaung

    October 16, 2010 at 7:56 pm

    ဆက်ရေးအုံးလေ…အထွက်မှာထပ်စပ်တဲ့အကြောင်းလေး ဒါမှဇာလမ်းကဆုံးမှာ ကိုကြောင်ကြီးသရက်သီးသနတ်သာစားဘူးတယ် ငြုပ်သီးသနတ်ဆိုတာလေး လင်းစမ်းပါအုံး။။

  • kai

    October 16, 2010 at 8:14 pm

    “Political power grows out of the barrel of a gun.”

    Mao Tse-Tung quotes (Chinese Stateman, the key figure in China in the 20th century, 1893-1976)

  • cobra

    October 17, 2010 at 7:56 am

    ဘယ်လိုခံစားပီးရေးစပ်ထားတာလဲ….ဗျာ့..ရှင်းပါဦး။

  • kai

    October 17, 2010 at 8:38 am

    စပ်ကြောင်းရဲ့ ဖြစ်ကုန်စင်
    သေချာပင် ရှင်းသူမို့
    ကြောင်ကြီးရဲ့ ရင်တွင်းညှစ်
    အာနာသည် သနပ်ကဖြစ်သည်တဲ့ဗျ…။

  • asiamasters

    October 17, 2010 at 11:27 am

    အဓိက အာနာချင်ရင် ဘူစီပေါင်း မှုတ်ကြည့်လိုက်။ ဒီအာနာတာလဲ တစ်မျိုးပဲ။

  • unclegyi1974

    October 17, 2010 at 3:10 pm

    တော်သေးတာပ ဘူစီပေါင်းမှုတ်ခိုင်းလို့
    နှဲကြီးဆိုပြီးရော

Leave a Reply