လွမ်းမိသေးတယ်… Hippocrates (အပိုင်း-၆)

maungmoenyoOctober 17, 20101min693

မြန်မာပြည်မှာဘာတွေစတင်သင့်ပြီလဲ

တွင်ရောက်နေ ပေပြီ။ အရေးပါသောအချိန်အခါဖြစ်သလိုတာဝန်ရှိသောအစိုးရအနေဖြင့်ပြည်သူတိုင်းအတွက် ေ၇ရှည်အကျိုးပြုမည့်အလုံးစုံသောကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်များကိုခုကတည်းကပြင်ဆင်ေရေးဆွဲပြဌာန်းရန်အရေးကြီးနေပေပြီ။ သို့သော်လက်ရှိနိုင်ငံရေးအပြောင်းအလဲအတွက်တာစူနေသောစစ်အစိုးရ၏မအားလပ်မှုများက ဤကျန်းမာရေးဆိုင်ရာေ၇ရှည်အစီအမံများကိုနှောင့်နှေးသွားစေသည်သာမကကျန်းမာရေးစောင့်ရှောက်မှုအနိမိ့ဆုံအဆင့်ကိုပင်အများလူထုကခံစားခွင့်မရှိတော့ပါ။ မြန်မာတို့၏ဆိုရိုးဖြစ်သော “ကျန်းမာရေးသည်လာဘ်ကြီးတပါး”ဟူသောစကားသည်သွေးထွက်အောင်မှန်သည်ဆိုသောအချက်ကိုစာရေးသူကိုယ်တိုင်ဆေးရုံရောက်မှသိရတော့သည်။ လက်ရှိဦးတည်ရာမဲ့သွားနေသောျမြန်မာနိုင်ငံ၏ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းကိုလမ်းကြောင်းတည့်ပေးရန်ကားယခုအချိန်အရေးကြီးသောအချိန်သို့ရောက်နေသည်သာမက၊ သင့်လျော်သောအစီအမံများအစပျိုးရန်ကောင်းသောအချိန်အခါကောင်းဆိုလျင်မှားမည်မထင်ပါ။ လက်ရှိနိုင်ငံတကာနှင့်အိမ်နီးချင်းနိုင်ငံများ၏ကျန်းမာရေးစောင့်ရှောက်မှုစနစ် (healthcare system) ကိုစနစ်တကျလေ့လာပြီး၊ မိမိနိုင်ငံ၏ရေမြေသဘာဝနှင့်ကိုက်ညီမည့်ခေတ်မှီသောကျန်းမာရေးအစီအမံများ ချမှတ်ရေးဆွဲရန်အထူးလိုအပ်နေချိန်ပင်။ သတင်းစာနှင့် media တို့တွင်ဖေါ်ပြကောင်းရုံရှိသော”ဟန်ပြ”လုပ်ရပ်များရပ်တန်းကရပ်ကြဘို့လိုပါပြီ။

  • ဆင်းရဲချမ်းသာမရွေးပြည်သူတရပ်လုံးကိုလွှမ်းခြုံသည့်၊ ကာကွယ်ရေးကိုအခြေခံသောကျန်း မာရေးစောင့်ရှောက်မှုအာမခံစနစ် ကို အကောင်အထည်ဖေါ်ရန်၊ (universal preventive-based healthcare insurance coverage)
  • ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဖြစ်သည့်ဆေးကုသမှုနှင့်အခြားဆေးဘက်ဆိုင်ရာလုပ်ငန်းများ (services)၊ ဆေးပညာသင်ကြားရေး၊ သုတေသန နှင့်တိုင်းရင်းဆေးပညာတို့တွင်အစိုးရကတိုက်ရိုက် ပါဝင်ပတ်သက်သောအခန်းကဏ္ဍကိုအပြီးတိုင်ဖျက်သိမ်းရန်၊ ယင်းဖျက်သိမ်းသောဌာနများကိုပုဂ္ဂလိကသို့စနစ်တကျလွဲပြောင်းပေးပြီးသင့်တင့်သောကျန်းမာရေးစံ နှုန်းထားများသတ်မှတ်ထားသောဥပဒေသတ်မှတ်ချက်ဖြင့်ဆက်လက်လုပ်ကိုင်ခွင့်ရှိသောအခွင့်အလမ်းများပေးရန်၊ ဗဟိုအစိုးရမှယင်းလုပ်ငန်းများအဆင့်မြင်ရှင်သန်နိုင်ရေးအတွက်ဘဏ္ဍာငွေခွဲဝေ ချထားခြင်းနှင့်ကြိ ကြပ်ကွပ်ကဲခြင်းမှအပ၊ ကျန်းဝန်ထမ်းရေးရာ၊စီမံခန့်ခွဲရေးရာ၊ ကိစ္စအဝဝကို လွတ်လပ်စွာဆောင်ရွက်ခွင့်ရှိစေရန်၊
  • ဆေးဘက်ဆိုင်ရာမှတ်တမ်းများကိုဗဟိုချုပ်ကိုင်မှုစနစ် (computerized medical data keeping and exchange system) ဖြင့်အစားထိုးပြောင်းလဲရန်။ ယင်းမှတ်တမ်းများလုံခြုံရေးအတွက်ဥပဒေကာကွယ်မှုများပြုလုပ်ရန်။
  • ဗဟိုရောဂါကာကွယ်နှိမ်နင်းရေးကွပ်ကဲမှုဌာန၊ အစားအစာနှင့်ဆေးဝါးကွပ်ကဲမှုဌာန၊ ကျန်းမာရေးဆိုင် ရာညွှန်ကြားမှုဌာန၊ ကျန်းမာရေးစောင့်ရှောက်မှုအာမခံစနစ်ဆိုင်ရာကော်မရှင်နာရုံး များကိုသာအစိုးရ ၏ဥပဒေများကိုလိုက်နာကြစေခြင်းအလို့ငှာဖွဲ့စည်းလုပ်ကိုင်စေပြီး၊ ကျန်ဌာနများကိုဖျက်သိမ်းရန်၊
  • လက်ရှိဗဟိုနှင့်ဒေသဆိုင်ရာကျန်းမာရေးဦးစီးဌာနအဆင့်ဆင့်ကိုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များကိုဥပဒေကြောင်းနှင့်ညီမညီစစ်ဆေးသောဌာနများအဖြစ်ပြုပြင်ပြောင်းလဲရန်၊
  • အစိုးရကကွပ်ကဲပြပ်မတ်သော ကျန်းမာရေးအာမခံစနစ် ကိုထူထောင်ရန်၊ (independent governmental insurance program)၊ ယင်းမှတဆင့်ပုဂ္ဂလိကကျန်းမာရေးအာမခံလုပ်ငန်းများ (private insurance) ကိုအကန့်အသတ်ဖြင့်သာကြိကြပ်ခွင့်ပြုရန်၊
  • တိုးတက်ပွားများလာသော ပုဂ္ဂလိကဆေးကုသမှုစနစ် (private healthcare system) ကိုကြိကြပ် မည့်ဥပဒေနှင့်စောင့်ကြည့်အဖွဲ့ ဖွဲ့စည်းကြပ်မတ်ရန်၊
  • ဆေးကုသသောဆေးရုံ/ဆေးခန်းဆရာဝန်များ၏စံနှုန်းသတ်မှတ်ရေးနှင့်တသမတ်တည်းမြင့်မားရေးတို့အတွက် “စဉ်ဆက်မပြတ်ပညာသင်ကြားရေးစနစ်” ကို accreditation စနစ်ဖြင့်အစားထိုးပြုပြင် မှုများပြုလုပ်ရန်၊
  • ဆရာဝန်/သူနာပြု/ကုသရေးနှင့်ကာကွယ်ရေးဆိုင်ရာကျန်းမာရေးဝန်ထမ်းများ၏လိုင်စင်လုပ်ငန်းကို စိစစ်ကြပ်မတ်ရန်၊ ဆေးလောကအတွင်းလူရိုသေရှင်ရိုသေပညာရှင်များပါဝင်သော (အစိုးရနှင့်ပြင်ပလွှမ်းမိုးမှုကင်းသည့်) ပုဂ္ဂိုလ်များနှင့်ဖွဲ့စည်းအကောင်အထည်ဖေါ်ရန်၊
  • လိုင်စင်ကိုင်ဆောင်သောကျန်းမာရေးဝန်ထမ်းများ (အထူးသဖြင့် ဆရာဝန်နှင့်သူနာပြုများ)၏ အခွန်အခကို၎င်းတို့တာဝန်ထမ်းဆောင်သော ဆေးရုံဆေးခန်း၏အကျိုးအမြတ်၇ရှိမှုပေါ်မူတည်၍ ကင်းလွတ်ခွင့်/လျော့နည်းခွင့်များသတ်မှတ်ရန်၊ (ဥပမာ-အကျိုးအမြတ်ကိုအဓိကမထားသော -သို့မဟုတ်- စစ်တပ်/အခမဲ့အစိုးရဆေးရုံ/ဆေးပေးခန်းတို့တွင်တာဝန်ထမ်းဆောင်သော ဆရာဝန်နှင့်သူနာပြုများ)
  • Co-operative pool သမဝါယမစနစ်ဖြင့်အခြေခံသောဆေးကုသမှုစနစ်ကိုအားပေးထူထောင်ရန်၊
  • ကုထုံးစံနှုန်းနှင့်အခကြေးငွေနှုန်းကိုဥပဒေပြဌာန်းပြီးတပြေးညီဆောင်ရီက်နိုင်ရေးအတွက် commissioner အဆင့်ရှိသောပုဂ္ဂိုလ်ခန့်ထားစောင့်ကြည့်ရန်၊
  • လက်ရှိဖွဲ့သည်းထားသောကျေးလက်ကျန်းမာရေးဌာနနှင့်ရောဂါတိုက်ဖျက်ရေးအဖွဲ့တို့ကိုလူထုအခြေပြုသည့်ကျန်းမာရေးစောင့်ရှောက်မှုအဖြစ်ပြောင်းလဲအကောင်အထညိဖေါ်ရန်၊ ခေတ်မှီသောဆေးဝါးအ သုံးအဆောင်ပံ့ပိုးရေးနှင့်နည်းပညာမြှင့်တင်ရေးအစီအစဉ်များစနစ်တကျဖေါ်ထုတ်ရန်။
  • လက်ရှိဆေးပညာသင်ကြားရေးစနစ်ကိုတတ်ကျွမ်းသောပြည်ပတိုက်ရိုက်အကူအညီနှင့်ရင်းနှီးမြှုပ်နှံမှုအပေါ်အခြေခံ၍ပြန်လည်သုံးသပ်ပြုပြင်ဖွဲ့စည်းရန်၊
  • ကျန်းမာရေးစောင့်ရှောက်မှုပေးသည့်ဆေးရုံ/ဆေးခန်း/ကျန်းမာရေးဌာန/တက္ကသိုလ်နှင့်အုပ်ချုပ်ရေးအဖွဲ့အစည်းအဆင့်ဆင့်တွင်အစိုးရကဝင်ရောက်စွက်ဖက်မှု(လုံဝ)မလုပ်ဘဲ၊ ဥပဒေကြောင်းအရသာ စောင့်ကြပ်ကွပ်ကဲခြင်းသာပြုလုပ်ရန်။

အချုပ်ဆိုရသော်၊ ယခုအချိန်ကား”အခမဲ့”နှင့်”အခဖြင့်”ကျန်းမာရေးစောင့်ရှောက်မှုစနစ်တို့၏လွန်ဆွဲအား ပြိုင်ချိန်ဖြစ်သကဲ့သို့၊ ပင်မပြောင်းလဲမှုများပြင်ဆင်ဆောင်ရွက်ရန်အချိန်တန်ပြီဖြစ်ပြီး၊ ပြုပြင်မှုမျာပြုလုပ်ရန် အကောင်းဆုံး အချိန်လမ်းဆုံလမ်းခွသို့ရောက်နေပြီဖြစ်ပါကြောင်းတိုုက်တွန်းလိုက်ပါသည်။

3 comments

  • bigcat

    October 17, 2010 at 3:25 pm

    မထူးပါဘူး ဆရာရယ်။ နေရာတကာ ဝင်ရှုပ်နေတဲ့ စစ်ဗိုလ်ချုပ်တွေကိုသာ ကိုယ့်နေရာကိုယ်ပြန်တော့လို့ ပြောလိုက်ရင် ပြီးပါပြီး

  • kai

    October 17, 2010 at 9:26 pm

    မဟုတ်ဘူးလေ..ကိုကြောင်ကြီးရဲ့..။
    စာရေးသူက .. မြန်မာပြည်မှာ အုပ်ချုပ်ရေးက ဘယ်အစိုးရတက်လာလာ လူထုကျမ်းမာရေးအတွက်ကလုပ်သင့်တာတွေ ရေးပေးနေပုံရပါတယ်..။
    နောင်ဘယ်သူတက်လာလာ..လုပ်ဖို့ လိုမယ်ထင်တာတွေ အခြေခံအားဖြင့် ချပြပေးနေတယ်ပေါ့။
    အဲဒီစာရေးသူဟာ.. ကျမ်းမာရေးနယ်ပယ်ထဲမှာ အတွေ့အကြုံကောင်းကောင်းရှိပါတယ်…။ တခြားကျမ်းမာရေးဖက်က ဆိုင်ရာသူတွေဆွေးနွေးကြဖို့ကောင်းတယ်ထင်ပါကြောင်း…။

  • maungmoenyo

    October 17, 2010 at 10:59 pm

    ၁၉၉ဝ ဝန်းကျင်ကပေါ်ပေါက်ခဲ့တဲ့စီးပွားရေးတံခါးဖွင့်ဝါဒ(တကယ်တော့တံခါးကိုမသိမသာလေးခဏဟကြည့်တဲ့ကာလပါ။) အရမြန်မာနိုင်ငံရဲ့ကျန်းမာရေးအဆောက်အအုံကိုပြုပြင်လိုတဲ့၊ ပြုလည်းပြုပြင်ခွင့်ရှိတဲ့ခေတ်ပညာတတ်လူငယ်တသိုက်ရှိခဲ့ဘူးပါတယ်။ ဖေါ်ပြခဲ့တဲ့စာရေးသူရဲ့အာဘော်လိုပြုပြင်ပြောင်းလဲမှုတွေအားကြိုးမန်တက်လုပ်ဖို့စိတ်ကူးယဉ်ခဲ့ကြ၊နေ့မနားညမနားအလုပ်လုပ်ခဲ့ကြကြောင်းကြားဘူးပါတယ်။ အဲ့ဒီစိတ်ကူးယဉ်စီမံကိန်းကြီးဟာ၊ အဲ့ဒီအချိန်ကပေါ်ပေါက်ခဲ့တဲ့နိုင်ငံရေးအားပြိုင်မှုတွေကြားထဲမှာလေထဲလွင့်ပြီးပြောက်သွားပါတယ်။ အဲ့ဒီအဖြစ်အပျက်နဲ့အတူအဲ့ဒီပုဂ္ဂိုလ်များလဲနိုင်ငံရဲ့ပြင်ပ၊ကိုအသီးသီးရောက်ကုန်ကြပါတယ်။ တချို့လည်းပင်စင်ပေးခံလိုက်ရပါတယ်။ နိုင်ငံတနိုင်ငံရဲ့ကံကြမ္မာကိုအဲ့ဒီနိုင်ငံကကျင့်သုံးတဲ့စနစ်ကပုံဖေါ်ပေးတယ်ဆိုတာတကယ်မှန်ပါတယ်။ အုပ်ချုပ်သူစစ်အစိုးရထဲမှာနိုင်ငံရဲ့ရှေ့ရေးကိုအမြင်ကျယ်ကျယ်နဲ့လုပ်ခွင့်ရှိတဲ့ပညာရှင်များရှိခဲ့ပေမဲ့သက်ဇိုးမရှည်ခဲ့ပါ။
    ဒီဆောင်းပါးလေးကလက်ရှိသက်ဆိုင်သူကျန်းမာရေးဌာနဆိုင်ရာလူကြီးမင်းများကိုအမှတ်ရစေဘို့နှိုးဆော်လိုက်တာဆိုလဲမမှားကြောင်းပါ။

Leave a Reply