သရုုပ်ဆောင် ခန့်စည်သူ ဩစတြေးလျ၊ (Perth)ဖျော်ဖြေပွဲသိုု့ မရောက်လာသေး

ဂ်စ္စူOctober 17, 20101min440

 

အောက်တိုုဘာ ၁၄ ရက်နေ့က ဩစတြေးလျနိုုင်ငံ၊ ပါ့တ် (Perth) သိုု့ မြန်မာပြည်က ဧည့်သည်အနုုပညာရှင်များ ဖျော်ဖြေရေး ခရီးစဉ်အဖြစ် ရောက်ရှိလာရာမှာ စစ်အစုိုးရရဲ့ ဝါဒဖြန့်သရုုပ်ဆောင် ခန့်စည်သူတယောက် ပါမလာဘူးလိုု့ ဩစတြေးလျ၊ ပါတ့်ရောက် မြန်မာများရဲ့ အီးမေးသတင်းများက တဆင့် သိရပါတယ်။
ပါ့တ်မြို့မှာ ကျင်းပမယ့် မြန်မာပျော်ပွဲရွှင်ပွဲမှာ ခန့်စည်သူတယောက် ပါဝင်ကပြခဲ့ရင် မြန်မာဒီမိုုကရေစီရေး အင်အားစုုများက ကန့်ကွက်ဆန့်ကျင် ဆန္ဒပြကြရန် စီစဉ်ထားရာမှာ မြို့နယ်ရဲတပ်ဖွဲ့က ခန့်စည်သူ ပါ့တ်ကိုု ရောက်ရှိလာခြင်း မရှိဘူးလိုု့ ဆန္̔ဒပြမယ့်သူများထဲက ကိုုဘုုန်းကျော်ကိုု အကြောင်းကြားတယ်လိုု့ သိရပါတယ်။ ဒါကြောင့် သူတိုု့ ဆန္̔ဒပြပွဲကိုု ရုုတ်သိမ်းလိုုက်တယ်လိုု့ ဆိုုပါတယ်။
ယခုု အောက်တိုုဘာ လလည်ပိုုင်းမှာ ဩစတြေးလျက ပါ့သ်နဲ့ ဆစ်ဒနီမှာ မြန်မာ့ဖျော်ဖြေပွဲတွေ ရှိရာမှာ စစ်အစုိုးရရဲ့ ဝါဒဖြန့်ရုုပ်ရှင် အရုုဏ်ဦးမှာ ဖူးသည့်ကြာက မင်းသား ခန့်စည်သူနဲ့ လူရွှင်တော် အရိုုင်းတိုု့ကိုု မြန်မာတွေက ဖိတ်ကြားဖိုု့ အစီအစဉ်မှာ ကန့်ကွက်မှုတွေ ကြုံခဲ့ကြလိုု့ အဆိုုပါ ဝါဒဖြန့်သရုုပ်ဆောင်တွေ မပါဘဲ မြန်မာပွဲတွေ လုုပ်ကြရမယ်လိုု့ သိရပါတယ်။
လွန်ခဲ့တဲ့ အောက်တိုုဘာလ ၈ ရက်နေ့က ဆိုုရင် အမေရိကန်မှာ မြန်မာတွေ လက်မခံကြတဲ့အတွက် အမေရိကန်အစုိုးရကိုုယ်တိုုင်က စစ်အစုိုးရဝါဒဖြန့် သရုုပ်ဆောင် ဝိုုင်းဆုုခိုုင်သိန်းအပါအဝင် သူ့ အပေါင်းအပါတွေအားလုုံးကိုု ဗီဇာရုုတ်သိမ်းကြောင်း ထုုတ်ပြန်ခဲ့ရပါတယ်။ အဖွဲ့ဝင် ၁ဝ ဦး စလုုံးကိုု အမေရိကန်ဗီဇာ ရုုတ်သိမ်းတယ်လိုု့ ချက်ခြင်း အရေးယူခဲ့ရာမှာ အစောကတည်းက ပြန်နှင့်သူ ရေဘက္ကာဝင်း၊ အယ်လ်ဆိုုင်းဇီတိုု့ အပါအဝင် အားလုုံးကိုု ဗီဇာ ပိတ်လိုုက်တာဖြစ်လိုု့ နောင်ကိုု သူတိုု့ ပြန်လာဖိုု့ အမည်းစက် ဖြစ်သွားပြီလိုု့ သိရပါတယ်။ ဗီဇာအသိမ်းမခံရခင်မှာ သူတိုု့တတွေက အမေရိကန်မှာ ဆက်လက်နေထိုုင်ဖိုု့ ဗီဇာရက်တိုုးရန် ကြိုးစားခဲ့ကြပေမယ့် အမေရိကန်အစုိုးရက ငြင်းထားပြီး ဖြစ်တယ်လိုု့ ဆိုုပါတယ်။
“အခုု ဩစတြေးလျမှာကတော့ စစ်တပ်အားပေးတဲ့ ဝါဒဖြန့်သရုုပ်ဆောင် မပါတဲ့အတွက် ဧည့်သည်မြန်မာအနုုပညာရှင်တွေကိုု ကြိုဆိုုကြမယ်လိုု့ ထင်ပါတယ်။ နောင်ကိုုလည်း စစ်အစုိုးရကိုု အားပေးထောက်ခံမှုတွေ မလုုပ်ကြဖိုု့ အနုုပညာရှင်တွေကော၊ အပေါင်းအပါတွေအတွက်ကော သင်ခန်းစာပဲ” လိုု့ ဆစ်ဒနီမြန်မာတဦးက မုိုးမခကိုု ပြောကြားပါတယ်။
၈၈ မျုးိဆက်ကျောင်းသားများ ဆစ်ဒနီက သဘောထား ထုုတ်ပြန်ရာမှာတော့ ပါ့သ်ကိုု ရောက်မလာပေမယ့် ဆစ်ဒနီက အောက်တိုုဘာ ၂၃ ရက်မှာ Marrick Ville Town Hall မှာရှိတဲ့ ဧည့်ခံပွဲတွေ ဖျော်ဖြေပွဲတွေကိုု ခန့်စည်သူက ဧည့်သည်တော်အဖြစ် တက်ရောက်လာမယ် လိုု့ သတင်းကြားနေတဲ့အတွက် ဆက်လက်ပြီး ကန့်ကွက်မှုတွေ ဆန့်ကျင်မှုတွေ လုုပ်သွားရမယ်လိုု့ ထုုတ်ပြန်ထားပါတယ်။

(နောက်ဆက်တွဲသတင်း – ခန့်စည်သူ ပုုဂ္ဂိုလ်ရေးကိစ္စများရှိလိုု့ မြန်မာပြည်က ထွက်ခွာခြင်းလုုံးဝမရှိဟုု ရန်ကုုန်သတင်းက ပြောပါတယ် )

Ref:မိုုးမခအထောက်တော် ဝ၀၃/အောက်တိုုဘာ ၁၇၊ ၂၀၁၀