Asiamasters မိတ်ဆက်

asiamastersOctober 17, 20101min23415

ကျွန်တော်တို့ Asia Masters ဆိုတာက မြန်မာလူမျိုးများမှ အလုပ်အကိုင်ရှာဖွေလိုသူတွေ၊ ကိုယ်ပိုင်လုပ်ငန်းငယ်တစ်ခုလုပ်လိုသူတွေ၊ လေ့လာသင်ယူလိုသူတွေအတွက် ဖွင့်လှစ်ထားတဲ့ Center တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ Mission Statement (ခံယူထားတဲ့တာဝန်) ကတော့ Change for the better ဖြစ်ပါတယ်။ ကျွန်တောတို့တန်ဘိုးထားတာက Income, Knowledge, Strength, Technology, humanity တို့ဖြစ်ပါတယ်။ အသင်းဝင်ဖြစ်ပြီး အခွင့်အရေးများရယူပါ။

15 comments

  • kai

    October 17, 2010 at 9:22 am

    ဘယ်နေရာမှာ..ဘယ်လို..ဘယ်သူတွေ..ဘယ်အချိန်လျှောက်လို့ရသလဲ..ဘာဘာညာညာတွေ ဆက်ရေးပါဦးလေ..။
    ဝက်ဘ်ဆိုက်ရှိလည်း လင့်ခ်ပေးလို့ရပါတယ်..။
    ပညာရပ်ပိုင်းဆိုင်ရာမို့ အားပေးပါတယ်ခင်ဗျား။

  • asiamasters

    October 17, 2010 at 9:26 am

    ကျွန်တော်တို့ Asia Masters က Hospitality & Business Academy တစ်ခုဖြစ်ပြီး၊ အမှတ် ၂၇ရ Asia Plaza Hotel မြေညီထပ်၊ ရန်ကုန်မြို့မှာတည်ရှိပါတယ်။ အသေးစိတ်အကြောင်းအရာများကို ဆက်လက်ရေးသားဖေါ်ပြသွားပါမယ်။

  • michaelaungpu

    October 17, 2010 at 9:36 am

    မိတ်ဆက်တော့လည်း မိတ်ဆုံရသေးတာပေါ့
    အခုကတည်းက မရှင်းမရှင်းနဲ ့
    ရှင်းရှင်းလုပ်ပါ အာရှဘိုးတော်ကြီးများရဲ ့

  • ဆူး

    October 17, 2010 at 9:39 am

    အဟမ်း.. ရတနာပုံ နေပြည်တော် သတင်းစာရဲ့ အခိုင်အမာ တော့တန်း စာရင်းဝင် မန်ဘာ တယောက်အနေနဲ့ ပြောပါရစေ။
    ဒီမှာ ဆိုက်မှာ ကြော်ညာ တကွက်ကို ၁သိန်းသတ်မှတ်ပါတယ်။ သေချာ သိချင်ရင်တော့ ဆရာ ကေအေအိုင် ကို သေချာ မေးလို့ရပါတယ်။ ၁သိန်း ဆိုတာ ရာထားချက်ဖြစ်တဲ့ အတွက် ဈေးမတက်ခင်မှာ ကြော်ညာတဲ့ ပိုစ် အတွက် ၁သိန်း အရင်ပေးပါ။
    ပုံ..
    ရတနာပုံ နေပြည်တော် တော့တန်း မန်ဘာ တစ်ဦး

  • asiamasters

    October 17, 2010 at 10:45 am

    တစ်သိန်းဆိုတာ အမေရိကန်ဒေါ်လာလား၊ မြန်မာကျပ်ငွေပါလားခင်ဗျား…

  • PaukPhaw

    October 17, 2010 at 11:49 am

    ယူရိုငွေ ပါခင်ဗျ

  • asiamasters

    October 17, 2010 at 11:56 am

    ယူရိုငွေဆိုရင်တော့ အဆင်ပြေပါတယ်။ စင်္ကာပူဘဏ်ကလွှဲရမလား၊ ဆွစ်ဇာလန်ဘဏ်ကလွှဲရမလား။ လောလောဆယ်တော့ ယူရိုငွေထက်စာရင် ယိုရမဲ့ဟာ ကပိုများပါတယ်။ ကန်ဘောဇ ဘဏ်နဲ့ပဲ ပို့လိုက်ပါမယ်။

  • intro

    October 17, 2010 at 11:58 am

    စိတ်ဝင်စားစရာပါပဲ၊ Website ရှိရင် link ပေးစေလိုပါတယ်…

  • manawphyulay

    October 17, 2010 at 12:05 pm

    kai က ဘာမှမပြောပဲ……….. ကိုယ်စားလှယ်လောင်းတွေကတော့ များသားနော်။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာပြည်သူပြည်သူတွေအတွက် အလုပ်မရှားပဲ သင်တန်းတွေ ပေါများလာတာကိုတော့ အတော်ဝမ်းသာစရာပါပဲ။ မနောမှာတော့ ပိုက်ဆံမပေါသေးလို့ အဝေးကနေပဲ ငေးကြည့်နေတယ်နော်။

  • ဆူး

    October 17, 2010 at 12:22 pm

    ကေအေအိုင် က ကွန်မန့် တခုမှာ ပြောထားတာ သတိရလို့ အခု ပုဂ္ဂိုလ်ကို နောက်လိုက်တာပါ။ ပိုက်ဆံ ကိစ္စကတော့ ဆူးနဲ့ မဆိုင်ပါဘူး.. ပိုစ်ပိုင်ရှင်က အသစ်ဆိုတော့ ခပ်တည်တည်နဲ့ နောက်လိုက်တာ အတည် ထင်သွားတယ်။ သင်တန်းတွေက ပေါပါတယ် မိဘတွေက သားသမီး တွေ အတွက် အသေ အလဲ ရုန်းကန်နေကြတာကိုး.. သားသမီးတွေကတော့ သင်တန်းပြိးတော့ ပြိးပြီပေါ့.. လယ်ယာပြန်စားရေး သို့တည်းမဟုတ်.. သင်တန်းတွေမှာ ဆရာပြန်လုပ်.. လူနည်းစုပါ။ သင်တန်း တခုရဲ့ အထောက်အပံ့နဲ့ အရည် အချင်းရှိတဲ့ လူများစွာ ပေါ်ထွက်ပြီး အလုပ်အကိုင် ရှိတဲ့ လူငယ်တွေ ဖြစ်ကြပါစေ။

  • manawphyulay

    October 17, 2010 at 12:36 pm

    ဟုတ်တယ် ဆူးရေ… ခုခေတ်က ပိုက်ဆံပေါတိုင်း ကိုယ်ဝါသနာပါလား မပါလား မစဉ်းစားဘူး။ မိဘပိုက်ဆံပဲ တက်လိုက်မယ်ဆိုတဲ့စိတ်နဲ့ လုပ်နေတာတွေ အများကြီး တွေ့ရတာ အတော်ဝမ်းနည်းဖို့ကောင်းပါတယ်။ ကိုယ်သွားချင်တဲ့လမ်း ဘယ်လမ်းလဲ ဘာလုပ်မှာလဲ ဆိုတာတွေ မရှိပဲ သွားနေတော့ အောင်မြင်မှုဆိုတာ နီးရက်နဲ့ဝေးနေကြတာပေါ့။ အရင်ဆုံး ငါ ဘာဝါသနာပါလဲ ဘာလုပ်ရင်တော့ ငါနဲ့အဆင်ပြေလဲဆိုတာ စဉ်းစားပြီး လုပ်ရင် ထွန်းပေါက်တိုးတက်တဲ့သူတွေ ဒီထက် ပိုများလာမယ်လို့ မျှော်လင့်မိတာပါပဲ။ ခုထိ မနောလည်း လမ်းပေါ်မှာပဲရှိသေးတယ်လေ….. 🙁

  • michaelaungpu

    October 17, 2010 at 1:26 pm

    ဪ……….
    သနားပါတယ်ကောင်မလေးတစ်ယောက်
    ငယ်ငယ်ရွယ်ရွယ် ရုပ်ကလေးက ချောပါဘိသနဲ ့
    အမေ့ဆီခွင့်တောင်းပြီး အိမ်ခေါ်ထားဦးမှ

  • unclegyi1974

    October 17, 2010 at 2:34 pm

    သင်တန်းတွေ တခုပြီးတခု လိုက်တက်
    သင်တန်းဆင်းလက်မှတ်တွေတထပ်ကြီးကိုင်
    ဘယ်သင်တန်းမှဟုတ်တိပတ်တိနားမလည်
    အလုပ်လျှောက်ရင် မေးတဲ့အခါဘာမှမသိ
    သင်တန်းတွေကလဲသင်တန်းကြေးရပြီးရင်ပြီးရော
    သင်တန်းတက်တဲ့လူတတ်တာမတတ်တာသူတို့နဲ့
    မဆိုင်
    အခုကောတကယ်တတ်အောင်သင်မှာလားဟင်!

  • asiamasters

    October 18, 2010 at 10:09 am

    ကျွန်တော်တို့မှာ အခုလောလောဆယ် website မရှိသေးတဲ့အတွက် အထူးတောင်းပန်အပ်ပါတယ်။ အခုတော့ စပြီးရေးဆွဲနေပါပြီ။ အခုကျွန်တော်တို့ရဲ့ Activities လေးတွေကို ကြည့်ချင်တယ်ဆိုရင်တော့ ကျွန်တော့်ရဲ့ Facebook မှာကြည့်လို့ရပါတယ်။ http://www.facebook.com/kmlwin1

  • asiamasters

    October 18, 2010 at 11:20 am

    unclegyi1974 ရဲ့ comment လေးကို ပြန်လည်ဖြေကြားလိုပါတယ်။ လူငယ်တွေ သင်တန်းတွေလိုက်တက်ပြီး လက်မှတ်တွေ တစ်ထွေးကြီးကိုင်ပြီး အလုပ်အကိုင်မရရှိတဲ့အဖြစ်အပျက်တွေ အခုမြန်မာနိုင်ငံမှာ အဖြစ်များပါတယ်။ တခြားနိုင်ငံတွေမှာ လည်းအနည်းအကျဉ်းတော့ရှိပါတယ်။ အဓိကဖြစ်ရတဲ့အကြောင်းက သင်တန်းဆင်းလက်မှတ် တွေအများကြီး ကိုင်ထားရင် အလုပ်အကိုင်ရနိုင်တယ်ဆိုတဲ့ ကျဉ်းမြောင်းတဲ့ အယူအဆကြောင့်ဖြစ်လာရတာဖြစ်ပါတယ်။ နောက်တစ်ချက် ကမြန်မာလူမျိုးတွေကိုယ်တိုင် က ဦးတည်ရာပျောက်နေတာဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ မြန်မာပြည်တွင်းမှာ အလုပ်အကိုင်တွေကို လုံလုံလောက်လောက်မဖန်တီးနိုင်ပါဘူး။ ဒါကြောင့် အများက ရရာ အလုပ်နဲ့ နိုင်ငံခြားကို ထွက်ပြေးနေရတာလည်းရှိပါတယ်။ ဒီလိုမျိုးလူတွေကို Diaspora လို့ခေါ်ပါတယ်။ ဒါပေမဲ့ ပြည်တွင်းရော၊ ပြည်ပတွေမှာ ပါ အလုပ်အကိုင်ရရှိအောင်ဘာတွေလိုအပ်ပါလဲ။ အနည်းဆုံးကတော့ ကိုယ်လုပ်မဲ့ အလုပ်ကို ကျွမ်းကျင်ဘို့လိုပါတယ်။ နောက် အင်္ဂလိပ်စကားပြော ကို မတတ်မဖြစ်တတ်ရမှာဖြစ်ပါတယ်။ နောက်ကွန်ပျူတာနဲ့အင်တာနက်ကို ထိထိရောက်ရောက်အသုံးပြုတတ်ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ မြန်မာလူငယ်တွေ မေ့လျှော့နေတဲ့အချက်တစ်ချက်ရှိပါတယ်။ ဒါက ကိုယ်ကာယ အလှ ကစားထားဖို့ပါပဲ။ ဘာတွေဘဲဘယ်လောက်တတ်တတ် body ကအချိုးမကျ ရင် အလုပ်မရနိုင်ပါ။ ဒါကြောင့် ဒီလိုအပ်ချက်တွေအားလုံးကို တစ်နေရာတည်းမှာ ရနိုင်အောင် ဖွဲ့စည်းခဲ့ တာ Asia Masters ဖြစ်ပါတယ်။ Asia Masters မှ သင်တန်းသား ၃၀၀ဝ ခန့် မွေးထုတ်ပြီးပါပြီ၊ အခု ပြည်တွင်း/ပြည်ပ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ၊ သင်္ဘောလိုင်း နဲ့ လေကြောင်းလိုင်းတွေမှာ အလုပ်တွေဝင်နေကြပါပြီ။ ဒါကြောင့် အမှန်တကယ် သိလိုရင် ကြွလာနိုင်ပါတယ်။

Leave a Reply